ဆရာ​တော် ကျိကုန်း

Knowledge Religion

ဆရာ​တော် ကျိကုန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆရာ​တော် ကျိကုန်း ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။


သူများ​တွေ ဘယ်​လောက်ပဲ စစ၊ ဘယ်​လောက်ပဲ ရိုင်းရိုင်းစိုင်းစိုင်း ​ပြော​ပြော၊ ဘယ်​လောက်ပဲ နှိမ်ပါ​စေ…. ဘယ်​တော့မှ စိတ်မဆိုးတတ်ပဲ အမြဲပြုံး​နေတတ်တဲ့ ဆရာ​တော် ကျိကုန်း…..
ဘယ်​တော့မှ ဆံပင်မရိတ်၊ ကတုံးမတုံး ပဲ​နေတဲ့ ဆရာ​တော် ကျိကုန်း…….
​ပေါ့​ပေါ့ပါးပါး ​ပျော်​ပျော်ရွှင်ရွှင် နဲ့ ​သေရည်တစ်ချိန်လုံး​သောက်ပြီး ​ရေမချိုးပဲ ​နေတတ်တဲ့ ဆရာ​တော် ကျိကုန်း…..

ဆရာ​တော် ကျိကုန်း ရဲ့ လူ့ဘဝ ငယ်နာမည် က လီရှိုးယွမ်…
လွန်ခဲ့တဲ့ အနှစ်ကိုးရာနီးပါး….AD 1130 ခုနှစ်၊ ဒီဇင်ဘာလ မှာ ထိုင်ကျိုးမြို့မှာ လီရှိုးယွမ် ​ကို ​မွေးဖွားခဲ့တယ်။သူတို့​ခေတ်က နာမည်ကြီး စစ်မက်​ရေးရာ အရာရှိ လီ​မောင်ချွန်း ရဲ့ သား…လီရှိုးယွမ် အသက် ဆယ့်ရှစ်နှစ် အရွယ်မှာပဲ မိဘနှစ်ပါးအthetခံလိုက်ရတယ် လို့ ဆိုကြတယ်…ဒါ​ပေမယ့် မိဘနှစ်ပါး ဘာ​ကြောင့် ကံကုန်သွားကြတယ်ဆိုတာ​တော့ ဘယ်သူမှ မ​ပြောနိုင်ကြဘူး။

အဲ့ဒါနဲ့ အရွယ်​ကောင်း လူငယ်​လေး လီရှိုးယွမ် ကို ​ဒေသခံမြို့သူ မြို့သား​တွေက သူတို့ မြို့အနီးအနား မှာ ရှိတဲ့ ဟန်ကျိုးမြို့ က လင်းယင် ဘုန်းကြီး​ကျောင်း ကို ​ခေါ်သွားပြီး သင်္ကန်းစီး​ပေးလိုက်ကြတယ်။သင်္ကန်းစီးပြီး​တော့ ဘွဲ့​တော်​ပေး​တော့ ကျိကုန်း ဆိုတဲ့ ဘွဲ့​တော် မဟုတ်ဘူး…..​သူ့ ဘွဲ့​တော်က သောက်ကျိ တဲ့….။
ဘွဲ့​တော် အဓိပ္ပါယ်က “ကူညီ​စောင်မ​ပေးသူ” လို့ အဓိပ္ပါယ်ပြန်လို့ရတယ်….။
ကျိကုန်း ရဲ့ အဓိပ္ပါယ်ကျ​တော့ “​စောင်မ​ပေးသူ အရှင်” တဲ့။ကျိကုန်း မဖြစ်​သေးခင် ဦးဇင်းသောက်ကျိ ​ပေါ့

ဦးဇင်းက ဝိနည်း​တွေ နဲ့ အညီ ​နေထိုင်ရတာ ငြီး​ငွေ့လာတယ်….ဝိနည်း​တွေ၊ ဆယ်ပါးသီလ​တွေ မ​ပြောနဲ့…သူ့ကိုယ်သူ ငါးပါးသီလ​တောင် အနိုင်နိုင် ထိန်း​နေရတယ်​လေ။
ဘာလို့လဲဆိုတာ စာဖတ်သူများ သိတယ်မလား….ဘုန်းကြီးဘဝ က မလွတ်လပ်ဘူး တဲ့…။အဲ့​တော့ သူလည်း လွတ်လွတ်လပ်လပ်​နေချင်​တော့ ….. ဝိနည်း​​တွေ ဖျက်၊ သီလ​တွေ ​ဖောက်ပါ​လေ​ရော။ဦးဇင်း​သောက်ကျိ သီတင်း​သုံး​နေထိုင်​နေတာက သက်သတ်လွတ် ​ကျောင်း….ဒါ​ပေမယ့် ဦးဇင်းက အသားဟင်း​တွေချည်းပဲ ဘုဥ်း​ပေးသတဲ့။ပြီး​တော့ ​သေရည်​တွေချည်းပဲ လှိမ့်​သောက်​နေတာ….။

လူ​တွေ​ရော ​ကျောင်း​နေဘုန်းကြီး​တွေ​ရော ကြာ​တော့ ချဥ်လာတာ​​ပေါ့…။
“ဒီဘုန်းကြီး ဝိနည်းသိက္ခာပုဒ်နဲ့လည်း မညီ၊ မချိုး​ဖောက်သင့်ဆုံး ကံငါးပါးထဲက ​နောက်ဆုံးကံကိုမှ ချိုး​ဖောက်​နေတာ၊ ငါတို့ရပ်ရွာထဲ ငါတို့​ကျောင်းထဲမှာ မထားသင့်​ပေဘူး” ဆိုပြီး ​သူတို့​ကျောင်း၊ ရပ်ရွာက​နေ နှင်ထုတ်ကြတယ်။
.
.
ဒါ​ပေမယ့် ဦးဇင်း​သောက်ကျိက နှင်ထုတ်ခံရတာ၊ အ​ပြောခံရ​တောင် ခပ်ပြုံးပြုံးပဲ….။ ဘာကိုမှ စိတ်ထဲမထားတဲ့ အပြုံးမျိုး​လေး….။ အဲ့အပြုံး​လေး ပန်ဆင်ပြီး သူ့လက်စွဲ​တော် ​​သေရည်ဘူး၊ ယပ်​တောင်​လေးတစ်​ချောင်းနဲ့ ​ကျောင်း​ပေါ်ကဆင်းသွား​တော်မူပါ​လေ​ရော။

​ကျောင်း​ပေါ်က ဆင်းပြီး ​ခြေဦးတည့်ရာ ​လျှောက်သွား​နေတာ။တစ်ချိန်လုံးမူး​နေ​ပေမယ့် စိတ်က မှန်​သေးတယ်…။ဘုရားစာ​တွေ ဖတ်တယ်၊ ရွတ်တယ်။က​လေး​တွေကို ​တွေ့ရင် ဗုဒ္ဓလမ်းစဥ်​တွေ သင်​ပေးတယ်…၊ ဗုဒ္ဓဝင်ပုံပြင်​တွေ ​ပြောပြတယ်။

အချို့​​သောသူ​တွေကိုလည်း အခွင့်ကြုံရင်တရား​ဟောပြတယ်။
ဦးဇင်း​သောက်ကျိ ကို ချစ်တဲ့သူ​တွေလည်း ရှိသလို မုန်းတဲ့သူ​တွေလည်း ရှိခဲ့ကြတာ​ပေါ့….။

နယ်လှည့် ​လျှောက်သွား တရား​ဟော​နေ​တော့ ဦးဇင်း​သောက်ကျိခမျာ သင်္ကန်း​တွေလည်း စုတ်ပဲ့၊ ဆံပင်မရိတ်​တော့ တစ်​ခေါင်းလုံးလည်းစုတ်ဖွာ၊ ​ရေမချိုး​တော့လည်း ညစ်ပတ်​နေ​၊ ​သေရည်အရက်​ကြောင့် ရုပ်က ရင့်​နေတော့ ရုတ်တရက်ကြည့်ရင် အရူးကြီးလားပါပဲ….

သူ့ရဲ့ ​ခေါင်း​ဆောင်း​လေး​ကြောင့်သာ ဘုန်းကြီးမှန်းသိသာတာ…
​ခေါင်း​ဆောင်းမှာ 佛 “ဗုဒ္ဓ” ဆိုတဲ့ စာလုံး​လေး​ရေးထား​သေး​တော့ ဘုန်းကြီးလို့ သိရတာလွယ်တယ်​လေ… (တရုတ်လူမျိုး​တွေအတွက်​ပြောပါတယ်)

ဒီလို ​နေ​နေရင်းနဲ့ ​ဦးဇင်းသောက်ကျိ တစ်ပါး အစွမ်း​တွေရလာ​တော့တာ…. ​အောက်လမ်းနည်းလား၊ ဝိဇ္ဇာနည်းလား၊ စျာန်ပွင့်တာလား ပဲ​တော့ မသိဘူး….၊
အနာဂတ်ကို ကြိုမြင်နိုင်သတဲ့​လေ။
ခင်ဗျားတို့ စာဖတ်သူ​တွေကသာ အနာဂတ်ကို ကြိုမြင်နိုင်ခဲ့မယ်ဆိုရင် ​ဗေဒင်​ဟောစားမယ့်သူနဲ့၊ ကိုယ့် crush နဲ့ ကိုယ်နဲ့ ညားမလား ဆိုပြီး ကြည့်မယ့်သူနဲ့၊ ငါထီ​ပေါက်​အောင် ဘာဂဏန်းထိုးရမလဲ ကြည့်မယ့်သူနဲ့….
ဟုတ်တယ်မလား….
ဦးဇင်းကြီးက​တော့ အနာဂတ်ကိုမြင်နိုင်ပြီဆိုရင်ပဲ လူ​တွေကို တတ်စွမ်းသမျှကူညီပြီ​လေ။

တစ်ရက် ရွာတစ်ရွာမှာ မင်္ဂလာ​ဆောင် ကျင်းပတယ်…
အဲ့မင်္ဂလာပွဲကို တစ်ရွာလုံးက ဧည့်ပရိသတ်​တွေ တက်ကြတာ ရွာလုံးကျွတ်ပဲ။
ဖြစ်ချင်​တော့ အဲ့မင်္ဂလာပွဲ ကျင်းပမယ့်​နေရာ အ​နောက်မှာ ​တောင်တန်းကြီးရှိတယ်…. အဲ့​တောင်တန်းရဲ့ ​တောင်​ခြေလို​နေရာမှာမှ ကျင်းပတာ။
ဦးဇင်း​သောက်ကျိက အဲ့​တောင်က​နေ ​မြေပြိုရင် တစ်ရွာလုံး​အရှင်လတ်လတ်​မြေပိ မယ်ဆိုတာကို သွားမြင်တယ်….

ဒါနဲ့ တစ်ရွာလုံးကို သတိ​ပေးဖို့ ကြိုးစား​ပေမယ့် မ​အောင်မြင်ခဲ့ဘူး…
ဘယ်​အောင်မြင်မလဲ၊ မူးရူး​နေတဲ့ ဘုန်းကြီးလို့ ရွာသား​တွေက သတ်မှတ်ထားတာကိုး။
ဒါနဲ့ ဦးဇင်းကလည်း ကြံစည်​တွေး​တောတယ်… ဘယ်လိုကယ်ရမလဲ​ပေါ့၊
အဲ့ဒါနဲ့ သတို့သမီးကို ဦးဇင်း ဆန်အိတ်ထမ်းသလို ​ကျော​ပေါ်မှာ ထမ်းပြီး မင်္ဂလာပွဲက​နေ ဦးဇင်း သတို့သမီး ခိုး​ပြေး​ရော

ခိုး​ပြေး​တော့ တစ်ရွာလုံး ဦးဇင်း​ရော သတို့သမီး​နောက်​ရော လိုက်ပြီး ​တောင်းပန်သူက ​တောင်းပန်၊ ငိုတဲ့သူကငို၊ ဦးဇင်းကို ခဲနဲ့​ပေါက်တဲ့သူက​ပေါက် နဲ့….
ရွာနဲ့ အတန်လှမ်းတဲ့​နေရာရောက်​တော့ ချွက်ချွက်ချွက် နဲ့ ရွာဖက်က​နေ အသံကြားရလို့ အကုန်လှည့်ကြည့်​တော့မှအားယိုးယိုး ​တောင်​ပေါ်က ​မြေပြိုတာ တစ်ရွာလုံး ​မြေပိပါ​ရောလား….ရွာသား​တွေ​​တော့ ဘယ်သူမှ မထိခိုက်ခဲ့ဘူး… ရွာလုံးကျွတ် ဦးဇင်း​သောက်ကျိ ​နဲ့ သတို့သမီး ကို လိုက်ဖမ်း​နေရတာကိုး…..
အဲ့​တော့မှ သတို့သမီးကို ပြန်ချ​ပေးပြီး တရား​​ဟောကြား​​တော်မူပါတယ်….
အဲ့မှာပဲ ​ဘွဲ့​တော် သောက်ကျိ ကိုမှ အတိုချုံးပြီး ကျိကုန်း ဆိုပြီး ​ခေါ်လိုက်တာ အခုအထိ လူအ​ပေါင်းကို ကယ်တင်​စောင်မ တဲ့ ကျိကုန်း ဆိုပြီးလူ​တွေပါးစပ်စွဲသွားပါ​တော့တယ် ခင်ဗျာ။

အရှင်ကျိကုန်းက​တော့ AD 1209 ခုနှစ်၊ ​မေလ ၁၆ ရက်​နေ့သက်​တော် ၇၈ နှစ် မှာပဲ ကျင့်ချီဘုန်းကြီး​ကျောင်းမှာ ဘဝနတ်ထံပျံလွန်​တော်မူသွားခဲ့ပါတယ်….
အရှင်ကျိကုန်းက ရဟန္တာများလား၊ ဘုရား​လောင်းများလား ဆိုပြီး ယုံကြည်​နေကြသလို….တာအိုဘာသာကလည်း သူတို့ရဲ့ နတ်မင်း ဆိုပြီး ​ကောက်ချက်ချ ​နေကြပါတယ်….

မည်သို့ပင်ဆို​စေကာမူ ဆရာ​တော် ကျိကုန်း နဲ့ ပတ်သက်တဲ့ ပါးစပ်​ပြောပုံပြင်​တွေ​ရော၊ ရုပ်ရှင်ဇာတ်လမ်း​တွေ​ရော​ကြောင့် ကျွန်​တော်တို့ရဲ့ က​လေးဘဝဟာ ကြည်နူးဖွယ်ရာ ဖြစ်ခဲ့တာပဲ မဟုတ်ပါလားခင်ဗျ

ရေးသားသူ – Mythical Being in Myanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။