တပို့တွဲလ အတွက် အကောင်းဆုံးယတြာ

Astrology
တပို့တွဲလ အတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တပို့တွဲလ အတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တပို့တွဲလဆန်း(၁)ရက်နေ့(21.1.2023) မှ တပို့တွဲလကွယ်နေ့(18.2.2023)တစ်လတာလုံး

“ကြွေပန်းကန်လုံးအသေးထဲတွင်ဆန်အပြည့်
နီးပါးထည့်၍ ထိုဆန်များပေါ်၌ ဆနွင်းမှုန့်(ခေါ်)
နနွင်းမှုန့် များ ဖြူးပေးလိုက်ပါ။#သပြေရွက်
အသန့်သီးသန့် (၃)ရွက်ယူပြီးဆော့ပင်အပြာဖြင့်
ပထမသပြေရွက်‌ပေါ်တွင် *၇* ဂဏန်းကိုရေးပါ။
ဒုတိယသပြေရွက်ပေါ်တွင် *၃*ဂဏန်းကိုရေးပါ။
တတိယသပြေရွက်ပေါ်တွင်*၆*ဂဏန်းကိုရေးပါ။
ထိုသပြေရွက်သုံးရွက်စလုံးကို ဆန်နနွင်းခွက်ထဲ
ပုံပါအတိုင်း စိုက်၍ထောင်ထားပေးရပါမည်…။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့ တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် သပြေညွန့်၆ညွန့် ကိုသီးသန့် ပန်းအိုးထဲတွင်ထည့်၍ နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များ ကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါ သတ္ထာဒေဝမနုဿာနံ=၂၁
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်

တပို့တွဲလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်များ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပို့တွဲလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့်အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို (၃)ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုတပို့တွဲလအတွင်း ကံကောင်းခြင်းများစွာ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

သပြေရွက်များ ညှိုးနွမ်းမလာခဲ့မှီ အသစ်တစ်ဖန်
ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့်
လုပ်ဆောင်ပေးကြပါ။

ယတြာလုပ်ဆောင်ပြီး ဆန် များကို ခိုစာ၊ငှက်စာ
အဖြစ် ကျွေးမွေးဒါန ပြုပေးလိုက်ပါ ခင်ဗျ…။

ဤယတြာကို ယခုတပို့တွဲလ တစ်လတာလုံး၌
မည်သည့်နေ့ရက်၊အချိန်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု တပို့တွဲလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ – ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။