“အခက်အခဲ၊အကျပ်အတည်း၊ဘေးကျပ်နံကျပ်ပြေပျောက်၍ သောကအေးစေရန်အဓိဌာန်”

Astrology

“အခက်အခဲ၊အကျပ်အတည်း၊ဘေးကျပ်နံကျပ်ပြေပျောက်၍ သောကအေးစေရန်အဓိဌာန်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အခက်အခဲ၊အကျပ်အတည်း၊ဘေးကျပ်နံကျပ်ပြေပျောက်၍ သောကအေးစေရန်အဓိဌာန်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အခက်အခဲ၊အကျပ်အတည်း၊ဘေးကျပ်နံကျပ်ပြေပျောက်၍ သောကအေးစေရန်အဓိဌာန်”


၁/ ဤအဓိဌာန်ကို ရလိုသောစိတ်ကိုမေ့ဖျောက်ထားပြီး ဗုဒ္ဓမြတ်စွာဘုရားအား ကြည်ညိုသောပူဇော်ခြင်းဆိုသောစိတ်ကို အာရုံရအောင်ကြိုးစားပါ။

၂/ ဘယ်လောက်ကြီးပဲအဆက်ပြေတယ်ဆိုစေကာမူ… လူတိုင်းမှာ အခက်အခဲ၊အပူသောကအချို့ရှိတတ်ကြပါတယ်။ ယခုလမှာကတော့အခက်အခဲ၊အပူသောကအတွက် ကုသိုလ်ပြုလုပ်မည့် အဓိဌာန်လေးဖြစ်ပါတယ်ရှင်။
အလုပ်မရှိ၍ အခက်အခဲရှိခြင်း
အကြွေးအမြီအပူသောကကြီးခြင်း
အိမ်တွင်းရေးအပူသောကရှိခြင်း
ငွေကြေးအကျပ်အတည်းဖြစ်ခြင်း
လမ်းစပျောက်၍ဒုက္ခကြုံနေခြင်း များအတွက်လည်းပြုလုပ်၍ရပါတယ်။
မည်သည့် အခက်အခဲမှမရှိဘူးဆိုလျှင် ဘဝရဲ့ကံအညံ့ရှိလျှင်ပြေပျောက်ဖို့ကို အာရုံပြုလို့ရပါတယ်။

၃/ လိုအပ်တာတွေကတော့
လင်ဗန်းတစ်ချပ်
သောက်တော်ရေ ၉ ခွက်
ကြက်ဥ ၉ လုံး
ဆန် ၉ ဆုပ်
နေ့စဉ် အလင်းတိုင် အနီ ၉ တိုင် လိုအပ်ပါတယ်ရှင်
သောက်တော်ရေ ၉ ခွက် ရေစစ်ဖြင့် စစ်၍ရေထည့်လှူပါ။
လင်ဗန်းထဲတွင် ဆန် ၉ ဆုပ်ထည့်ပါ။
ဆန်ပေါ်တွင် ကြက်ဥ ၉ လုံးကို ထောင်လို့ရအောင်နေရာချပါ။ တစ်နေ့လျှင်ကြက်ဥပေါ်တွင် အနီရောင်ဖယောင်းတိုင် ၉တိုင်တင်ထွန်း ပူဇော်ပါ။ ကျန်တာများကိုတော့ ၉ ရက်ပြီးမှ စွန့်ပါ။

၄/ ရေချိုး/သန့်ရှင်းစင်ကြယ်သော ကိုယ်ခန္ဓာနှင့် အဝတ်အစားဖြင့်ဘုရား ကန်တော့၍ လှူဖွယ်များလှူ ခင်ပွန်းကြီးဆယ်ပါးကန်တော့ ငါးပါးသီလယူ မေတ္တာသုတ် ၁ ခေါက် ဂါထာ – ၁၀၈ ခေါက်ပူဇော်ပါ။

“နတ်ထီတိ ဝစနံ ဒုက်ခံ
ဒေဟီတိ ဝစနံ တထာ
တသ်မာ နတ်ထီတိ ဒေဟီတိ၊`
မာ မေ ဟောတု ဘဝါဘေဝ”

ဤဂါထာကို ၁၀၈ ခေါက် ပူဇော်ပါ။

မိမိ စတင်ချင်သော နေ့ရက်နှင့် အချိန်မှ …၉ ရက်ဆက်တိုက်ပြုလုပ်ပါ။ ၉ ရက်မှာ အချိန်တူနိုင်လျှင်ကောင်း၍ မတူလျှင်လည်း ရပါသည်

ဤ ၉ ရက် မပျက်မကွက် ပြုလုပ်ပါမည်ဟု အဓိဌာန်တင်ပါ၏။
ဤ ၉ ရက်ဖြင့် အဓိဌာန်ပြုရသော ကုသိုလ်ကောင်းမှု သဒ္ဓါစွမ်းအားကို သံသရာမှစ၍ ကျေးဇူးရှိကြကုန်သော ခင်ပွန်းကြီးဆယ်ပါးကျေးဇူးရှင်ကြီးများနှင့်တကွ ဘုရားတပည့်တော် —-နေ့ သား/သမီး ကို/မ—— ၏ ဒါနအလှူ၊သီလ၊ဘာဝနာကုသိုလ်တရားများအားလုံးတို့ကို သာဓု သာဓု သာဓု ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုကုန်သော ပဌာန်းဆက်၊သိုက်ဆက်နှင့်တကွ၊ မကျွန်မလွတ်သော ဘုံသားများ၄င်း ၊၃၁ ဘုံသားအားလုံးတို့အားအမျှပေးဝေပါ၏ ဆိုပြီး

အမျှ ၃ ကြိမ်ဝေပါပြီးလျှင် အမျှကုသိုလ်ထပ်တူရ၍ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပါစေယခုလက်ရှိစံစားနေရတဲ့ ဘုံဝကနေပို၍ မြင့်မြတ်ကောင်းမွန်သော ဘဝများရရှိပါစေ။ခင်ပွန်းကြီးဆယ်ပါးနှင့်တကွ
ပဌာန်းဆက်များအားလုံးတို့၏မေတ္တာကိုလည်း ခံယူပါ၏။
ဘုရားတပည့်တော်/မ အား ကြုံတွေ့နေရတဲ့——- အခက်အခဲ၊အပူသောကအား အေးချမ်းစွာအောင်မြင်ခြင်းကိုပေးသနားတော်မူပါ ဆိုပြီး ဆုတောင်းပါ

၅/ အဓိဌာန်ပြု၍ မိမိ၏ အခက်အခဲပြေပျောက်ခြင်း(သို့)ဆုတောင်းပြည့်ဝလျှင် ယခုပိုစ့်အောက်မှာသံဃာတော်(သို့) ဆရာလေးတစ်ပါးကို လှူဖွယ်တစ်ခု လှူပေးနေသောပုံလေး ပြန်လာမန့်ပေးပါ။

ထိုအခါ အဓိဌာန်ကုသိုလ်မှရရှိသော အဆင်ပြေမှု၊ကောင်းကျိုးများ ရေရှည်အကျိုးပြုပါလိမ့်မည်။

စွန့်လျှင် ကြက်ဥများကြော်၍ ဆွမ်းလောင်းလှူပါ။
ဆန်မှာ ဆွမ်းဆန်အဖြစ်လှူ၍ ရပါသည်။
ဘေးရန်ငြိမ်းအေး သောကဝေး၍ အောင်ပါစေ
ဓနဘောဂံ ရွှေငွေလျှံ ဧကံကြွယ်ဝဖြိုးပါစေ
ဗလအင်အားလွန်ကြီးမားကျော်ကြားနိုင်ပါစေ
ဝိဇ္ဇာနတ်များကြင်နာပွါး ကူညီစောင့်ရှောက်ကြပါစေ

ယုံကြည်၍ ပြုလုပ်သော ခုနှစ်ရက်ရှစ်နေ့နံသားသမီး ပဌာန်းဆက်ရှိသူအပေါင်း ဆန္ဒပြည့်ဝပြီးစိတ်၏ချမ်းသာခြင်းကို ရရှိကြပါစေ

ရေးသားသူ – မေဘုန်းထက် B.Econ(Stats) ဗေဒင်၊ တားရော့ နှင့် ယတြ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။