အဆောင်နေတဲ့သူကိုစိတ်ဆိုးပြီး ညကြီးအချိန်မတော် အတင်းနှင်ချတဲ့ Japan စာသင်တန်းကျောင်း

Local News

အဆောင်နေတဲ့သူကိုစိတ်ဆိုးပြီး ညကြီးအချိန်မတော် အတင်းနှင်ချတဲ့ Japan စာသင်တန်းကျောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆောင်နေတဲ့သူကိုစိတ်ဆိုးပြီး ညကြီးအချိန်မတော် အတင်းနှင်ချတဲ့ Japan စာသင်တန်းကျောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဝမှာ ဘယ်တုန်းကမှ မကြုံဖူး မဆုံဖူးသလို အပြစ်ဆိုတာလဲမလုပ်မိပဲ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် ခံရတဲ့ထိ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်…အခုလို post တင်လိုက်လို့ ကျနော့် ဘဝအတွက် အသက်အန္တရာယ်ထိခိုက်နိုင်ပေမယ့် ကျနော်အမှားမလုပ်ခဲ့ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ အမှန်အတိုင်း ကျနော့်ရဲ့ အသိမိတ်ဆွေ သူငယ်ချင်း ဆွေမျိုးတွေပါ အထင်မလွဲမိစေဖို့ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေထဲက သက်ဆိုင်ရာ အကျဥ်းချုပ်ကိုပဲ ရှင်းပြ ရေးသားလိုက်ပါတယ်။

ကျနော်နဲ့သူငယ်ချင်း တစ်ယောက် ဂျပန်သင်တန်းတက်ဖို့ အတူတိုင်ပင်ပြီး ဂျပန်သင်တန်းကျောင်းကို Facebook ပေါ်က ဂျပန်သင်တန်းနဲ့ ပတ်သက်တဲ့ Group တွေထဲ လေ့လာရင်း “နယ်ကနေ လာတက်ရမှာမို့ နေစရာအဆောင်ရော အဆင်ပြေမယ့် သင်တန်းကောင်းတာလေး ပြောပြပေးဖို့ ” အကူညီတောင်းခဲ့တယ်။ အဲ့ဒီမှာ ” Akiko jp” ဆိုတဲ့ သင်တန်းဟာ ဂျပန်မှာ ဆယ်စုနှစ်ကြာနေထိုင် လာခဲ့ကြတဲ့ ဆရာတွေ သင်ပေးလို့ အသင်ပြက အရမ်းကောင်းပြီး နေစရာအဆောင်လည်း စီစဉ်ပေးပါတယ် ” ဆိုတဲ့ comments တွေ နဲ့ မန့်လာကြသူတွေ အများကြီးတွေ့ခဲ့ရတယ်။

အဲ့ဒီ comments တွေကို သူငယ်ချင်း ကို ပြရင်း တော်တော်ကောင်းမယ်လို့ ယုံကြည်မိကြပြီး ဖုန်းဆက်မေးကြည့်တယ်။

မြောက်ဒဂုံမှာတဲ့ သင်တန်းကြေး – 200000
အဆောင်ကြေး – 50000 wifi – 10000 ထမင်း တစ်နပ် – 2000 တဲ့။ထမင်းပေါင်းအိ ချိတ်ခွင့်မပေးဘူး လို့ သိခဲ့ရတယ်။ ထမင်းဖိုးသက်သာဖို့ ဖြစ်သလို ဟင်းကြမ်းနဲ့ပဲ စားဖို့ ” အဲ့နားမှာ ထမင်းဆိုင်တွေ မရှိဘူးလား လို့ မေးတော့ မရှိပါဘူးတဲ့” ဒီလိုနဲ့ပဲ comments တွေဖတ်ပြီး စိတ်အားကအရမ်းထက်သန်နေတော့ ဒီစျေးနှုန်းလဲ မဆိုးပါဘူးဆိုတဲ့ အတွေးတွေနဲ့ သူငယ်ချင်း နှစ်ယောက် Akiko jp သင်တန်း ကိုပဲ ရွေးချယ်ပြီးလာခဲ့ကြတယ်။ အချိန်ရှည်သင်တန်း 2 လ ပြတ်ဖြစ်လို့ အဆောင်ကြေး wifi နဲ့ သင်တန်းကြေး ကို တစ်ခါတည်း အကုန်သွင်းခဲ့ရပြီး ထမင်းဖိုး ကိုတော့ တစ်လစာ ပဲ သွင်းပြီး နောက်လအတွက် ပထမလကုန်မှ သွင်းမယ်လို့ ပြောခဲ့တယ်။

နေရမယ့် နေရာ က စာသင်ခန်းထဲမှာပဲ စာသင်ခုံတွေ ဘေးကပ်ပြီး အိပ်ရမှာတဲ့ ။ အဝတ်အိတ်နဲ့ စောင် ခေါင်းအုံး တွေကို မနက်လင်းတာနဲ့ နောက်ဖေးက ဂျောင်ထဲကို သိမ်းစေခဲ့တယ်။ မနက်တိုင်း စာသင်ခန်းတွေ အိမ်သာတွေ သန့်ရှင်းရေး ဝိုင်းလုပ်ကြရမယ်တဲ့…ဒီလိုနဲ့ အလှည့်ကျစနစ်နဲ့ ကိုယ့်ရက်နဲ့ကိုယ် တာဝန်ယူပြီး လုပ်လာခဲ့ကြတယ်။

ကိုယ့် နေရာ ကိုယ့်အခန်းရယ်လို့ သီးသန့်မရှိခဲ့ဘူး။ တစ်ခါက နေမကောင်းလို့ ခွင့်ယူချင်တာတောင် စာသင်ချိန်က မနက် (၁၀) နာရီကနေ ညနေ (၅) နာရီ ထိ မို့ နားစရာ နေရာမရှိတော့ ခွင့်မယူဖြစ်ခဲ့ဘူး။

comments တွေ လိုက်ပေးတဲ့သူတွေချည်းပဲဗျာ။ ဪ… ဒီလိုပါလားးဆိုပြီး… ဘာမှ မတက်နိုင်တော့ဘူးလေ…ကျနောျတို့ အတန်းကိုသင်ပေးနေကြတဲ့ ဆရာမ ဆိုသူတွေက N4 အောင်လို့ N3 တက်နေကြသူတွေ။ စာနဲ့ပတ်သက်လို့ ကိုယ်သိချင်တဲ့ အကြောင်းအရာ မေးခဲ့ရင်တောင် ကောင်းကောင်း ရှင်းမပြနိုင်ဘူး။ နားမလည်တာရှိရင် ဆရာမယမင်း တို့လို စေတနာအပြည့်နဲ့ သင်ပေးထားတဲ့ လိုင်းပေါ်က ပညာဒါန video တွေနဲ့ပဲ ပြန်သင်ခဲ့ရတယ်။

လကုန်တော့ သူတို့ထမင်းဆိုင်မှာ မစားပဲ အပြင်မှာပဲ ဝယ်စားတော့မယ့်အကြောင်း သူ့ သမီးကို ပြောပြီး စာရင်းရှင်းခဲ့ကြတယ်။ အပြင်မှာ စားရတော့အဆင်ပြေ ငွေလဲ အကုန်ကျ သက်သာခဲ့တယ်။

အဲ့လို စားလာခဲ့တာ တစ်ပတ်လောက် ကြာတော့ကျနော့်ကို Akiko jp သင်တန်း ပိုင်ရှင်က ” သူတို့ဆိုင်မှာ ဘာလို့ ထမင်းမစားတော့တာလဲ တဲ့…ကျနော်လဲ သူကျေနပ်အောင် ဆိုပြီး ပိုက်ဆံက တစ်လစာ အပြည့်မရှိသေးလို့ အပြင်မှာက ခြွေတာစားလို့ အဆင်ပြေကြောင်း ရှင်းပြခဲ့ပါတယ်။ အဲ့တာနဲ့ သူက “သူတို့ အဆောင်မှာနေရင် သူ့ဆိုင်မှာပဲ စားရမယ်တဲ့…”အပြင်မှာ စားမယ်ဆို အပြင်ဆောင်နေ၊ သူ့ဆီမှာ မနေရဘူး မင်းဘက်က ဘယ်လို အဆင်ပြေအောင်စီစဥ်ပေးမလဲတဲ့ “.။

ကျနော်လဲ တစ်လစာအပြည့် မရှိသေးလို့ ဆိုပြီးပြောတော့ ” ရှိသလောက်အရင် ပေးထားပြီး ကျန်တာ နောက်မှ ပေး လို့ ပြောလာခဲ့တယ် ” ကျနော်လဲ ပိုက်ဆံကို အကုန်သွင်း ပြီးသားဖြစ်နေသလို ဆရာနဲ့ တပည့် နေတဲ့ အခိုက်တန့် အဆင်မပြေ မဖြစ်ချင်လို့ လက်ထဲ ရှိသလောက် အရင် သွင်းထားနှင့်မယ်ပေါ့… စားဖို့အတွက် ကျန်နေတဲ့ ရက်ကို တွက်ကြည့်လို့ ရှိတဲ့ငွေ ပေးစရာကျန်တဲ့ ငွေက ၁၃၀၀၀ ပဲ လိုခဲ့တယ်။

ကျနော့်ကို အဆောင်က ထုတ်လိုက်တဲ့ ပြဿနာ အစက ဒီလိုဗျ…

မီးပျက်နေတဲ့ ည တစ်ည Akiko jp သင်တန်းပိုင်ရှင်နဲ့ သူ့သမီးတို့ အပြင်က ပြန်လာလို့ အဆောင်ကို ပြန်ရောက်တော့ သူတို့ကို တံခါးဖွင့်ပေးမယ့်သူကမရှိကြဘူး။ အရင်ကဆိုရင် သူတို့အိမ်က တံခါးဖွင့်နေကျ အလုပ်သမားရှိပေမယ့် အဲ့ဒီညက ဖွင့်ပေးမယ့်သူ မရှိတော့ အပေါ်ထပ်ကို လှမ်းခေါ်တာပေါ့ ။

ကျနော်က မီးပျက်လို့ စာမကျက်ပဲ သုံးထပ်လွှာက ဝရံတာမှာထွက်ပြီး နားကြပ် တပ်ပြီး ဖုန်းပွောနတောမို့ သူလှမ်းခေါ်နေတာ မသိခဲ့ဘူး။ ကျနော်တို့လဲ အပြင်သွားတဲ့အခါ နဲ့အဆောင်ထဲ ပြန်ဝင်မယ့်အခါတိုင်း တံခါးဖွင့်ပေးမယ့်သူ စောင့်နေခဲ့ရတာ တွေလဲ ခနခနပါပဲ။

Akiko jp သင်တန်း အဆောင်မှူး ပြန်လာချိန် အပေါက်ဖွင့်ပေးမယ့်သူမရှိတော့ စိတ်တိုနေခဲ့မယ်ထင်ပါတယ်။ အဲ့လိုနဲ့ ဖွင့်ပေးမယ့်သူရောက်သွားလို့ အပေါ်ရောက်လာတော့
ကျောင်းသားတွေ အားလုံးကို ခေါ်ပြီး ဘယ်လို ပြောခဲ့လဲ ဆိုတော့…” မင်းတို့ စစ်ကိုင်းသားနှစ်ယောက်က ဘာတစ်ခုမှ အလိုက်ကန်းဆိုးမသိဘူး ၊ အလုပ်တစ်ခုခု ခိုင်းတော့မယ်ဆို ရှောင်ဖယ်ရှောင်ဖယ်နဲ့ တဲ့၊ အခုလဲ အပေါက်ဖွင့်ပေးမယ့်သူမရှိလို့ လှမ်းခေါ်တာကို မကြားချင်ယောင်ဆောင် နေတယ်၊ မင်းတို့ ပိုက်ဆံပေးနေတယ်ဆိုပြီး ဆရာကို $ ဂရုမစိုက်သလိုနဲ့ ဆက်ဆံနေတာဆိုပြီး ဒေါသတွေနဲ့ အော်ဟစ်ပြောခဲ့တယ်။

အဲ့တာနဲ့ ကျနော် လဲ သူအထင်မလွဲအောင်” မဟုတ်ဘူးဆရာ ၊ ကျနော် နားကြပ်တပ်ပြီး ဖုန်းပြောနေလို့ ဆရာခေါ်တာ မကြားလိုက်ရလို့” ဆိုပြီးရှင်းပြတဲ့အချိန်မှာ သူက ထပ်ပြောလာတယ်” ငါဒီလောက် အော်ခေါ်နေတာ မကြားရဘူးလားတဲ့၊ တစ်ရပ်ကွက်လုံးတောင်ကြားရတယ်တဲ့ “ဆိုတော့

ကျနော်လဲ ” ဟုတ်တယ်ဆရာ ကျနော် နားကြပ်က နှစ်ဖက်လုံးတပ်ပြီး ဖုန်းပြောနေလို့ မကြားမိလိုက်တဲ့အကြောင်း အေးအေးဆေးဆေး ရှင်းပြတာ ကျောင်းသားတွေရော သူနဲ့ပါလာတဲ့ သူ့သမီးရော အားလုံးအသိပါ။

အဲ့တာကို သူက “မင်းအဲ့လိုပြောမယ်ဆို ငါ့ဆီမှာမနေနဲ့တော့၊ ဆင်းတော့တဲ့” ကျနော် ဘာဆက်ပြောရမှန်းမသိအောင်ပါပဲ…သူက ဒေါသတွေနဲ့ ဆက်ပြောနေရင်း ” မိသားစုလို သဘောထားဆက်ဆံကြဖို့ ၊ အဆောင်ကြေးလဲ ၅၀၀၀၀ နဲ့ ဘယ်ဆီမှ ဒီလို အဆောင်မရဘူးတဲ့၊တခြားအပြင်ဆောင်သွားနေရင် ပျဥ်ထောင် သွပ်မိုးနဲ့ အခန်းကျဥ်းကျဥ်းကို ရေနဲ့ မီး ကလဲ ကိုယ့်ဟာကိုယ် အကုန်ကျခံ ရမယ်တဲ့ ။

ထမင်းဖိုးဆိုရင်လဲ စေတနာရှိလွန်းလို့ တစ်နပ် ၂၀၀၀ နဲ့ အရှုံးခံရောင်းပေးနေတာပါတဲ့ ဒီနားတစ်ဝိုက်မှာ သူ့လို ၂၀၀၀ နဲ့ ရောင်းတဲ့ဆိုင် မရှိဘူးတဲ့၊ ရှိရင် လာပြောလှည့်ပါတဲ့၊ ရှိခဲ့ရင်တောင်စုပ်ပြတ် ညစ်ပတ်နေပြီး မသန့်ရှင်းတဲ့ ဆိုင်ပဲဖြစ်လိမ့်မယ်တဲ့။ အဲ့လိုတွေပြောပီးမကြာခင်မှာပဲ သူ့ဒေါသတွေ ပြေသွားလို့ထင်ပါရဲ့ “ဒီကိစ္စကို ဒီမှာပဲထားလိုက်တော့ တဲ့၊ စိတ်ထဲ မထားပါနဲ့တဲ့၊ သူလဲ စိတ်ထဲ မထားဘူးတဲ့။ အဲ့တာနဲ့ ကျနော်လဲ ထပ်ပြောပြလိုက်ပါတယ်။

ကျနော်လဲ တကယ်မကြားလိုက်လို့ပါ၊ ကြားခဲ့ရင် လာဖွင့်ပေးပါတယ်၊ မနက်စောစော ၆ နာရီ ဘယ်ကျောင်းသားမှ မနိုးသေးတဲ့အချိန် အဆောင်မှာ အိပ်ကြတဲ့ sensei တွေ အိမ်ပြန်ခဲ့ရင်တောင် ကျနော်ပဲ တံခါး ကို အမြဲလိုလို လိုက်ဖွင့်ပေးခဲ့တာ သူတို့ မေးကြည့်ရင် သိပါတယ်ဆိုတော့ သူက ” ဟုတ်လား ကျေးဇူးတင်ပါတယ်” တဲ့။

Akiko သင်တန်းပိုင်ရှင် က အားလုံး ရှေ့မှာ ဆက်ပြောတယ် “တကယ်တော့ ဒီတံခါးဖွင့်ဖို့ က သူ့တာဝန်မဟုတ်ပါဘူးတဲ့၊ သူ့မှာလဲ အပြစ်မရှိပါဘူးတဲ့ ၊ အလုပ်သမားတွေ လုပ်ရမယ့် ကိစ္စကို ဒေါသထွက်လို့ ပွောမိတာ ” ဆိုတဲ့အကြောင်း အေးဆေး ရှင်းပြရင်း မိသားစုလို သဘောထား ကူညီပေးကြဖို့ တောင်းဆိုရင်း အဆင်ပြေသွားခဲ့ကြတယ်။

ကျနော်လဲ တစ်ဦးနဲ့တစ်ဦး အဆင်ပြေသွားကြတော့ ဝမ်းသာပြီး အမှတ်တရ post တင်ခုတင်ခဲ့ပါတယ်။အကြောင်းအရာလေးက ကျနော်လဲ အပြစ်မလုပ်ထား Akiko jp မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေလဲ တစ်ခုမှ မဖောက်ဖျက်ခဲ့ဘူးဆိုတဲ့ ယုံကြည်ချက်ရှိသလို ပြသနာ တွေ မတက်ကြပဲ အဆင်ပြေသွားတော့ ဝမ်းသာမိလို့
“အပြစ်မရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ အမုန်းမဖက်သလို အပြုံးလဲမပျက်ခဲ့ပါဘူး” ဆိုတဲ့ အကြောင်း သင်တန်းက ဆရာ တွေရော Tag တွဲပြီး အမှတ်တရ အနေနဲ့ post တင်ခဲ့တယ်။

နောက်ည ရောက်တော့ ကျနော့်တစ်ယောက်ထဲကိုပဲ သူတို့ အခန်းထဲ ရွေးခေါ်ခဲ့တယ်။ ကျနော် သတိထားမိလိုက်တာက” သူအဲ့ဒီလို ခေါ်လိုပ်တိုင်း ဘယ်တော့မှ အကောင်းမပြောခဲ့ဖူးဘူးဆိုတဲ့ အသိနဲ့ ဖုန်းထဲက Record နဲ့ အသံဖမ်းခဲ့ဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။ Record ဖွင့်ပြီး သူတို့ခေါ်တဲ့ဆီလိုက်သွားပြီးအခန်းထဲရောက်တော့ တံခါးကိုပိတ်လိုက်ပြီး သူခန့်ထားတဲ့ ဆရာ တွေနဲ့ သူ့မိသားစု တွေကြားမှာ… မင်းတင်ထားတဲ့ post က ဘာရည်ရွယ်ချက်နဲ့ တင် တာလဲ ဆိုပြီး မေးလာခဲ့လို့ ကျနော်လဲ အကျိုးအကြောင်း သေချာ ရှင်းပြဖို့ ရာအပြောမခံပဲ ၊ ” မင်းဘာမှ ဆက်မပြောနဲ့တော့တဲ့”….

ကျနော်တင်တဲ့ Post ဟာ သူ့ အိမ်ပေါ်တက်နေပြီး သူ့ကို မိုက်ရိုင်းစော်ကားတယ်တဲ့ ၊ သူ့အဆောင်ပေါ်က အခုချက်ချင်း ဆင်းဖို့ အော်ဟစ် ဆဲဆို ပြီးပြောခဲ့တယ်။

ကျနော့်ကို တခြားသော မကျေနပ်ချက်တွေရှိလို့ ဆက်မထားချင်လို့ ပြေပြေလည်လည်နဲ့ ပြောပြီး နောက်ရက်မှ နှင်ထုတ်ခဲ့ရင်တောင် နားလည်ပေးလို့ရပါတယ်။ အခုတော့ ညဥ့်နက် (11)နာရီချိန်လောက်မှာ ခွေးမောင်းသလို မောင်းချခဲ့တယ်

အပြစ်လုပ်မိလို့ စည်းကမ်းဖောက်လို့ အဲ့လိုမောင်းချ ရင်တောင် လက်ခံနိုင်ပါသေးတယ်…အခုတော့ အပြစ်မရှိအပြစ်ရှာ ပြီး နှင်ထုတ်ခဲ့ရုံမက status ထပ်တင်ရင် ရဲစခန်းတိုင်ပြီး ၆၆ ဃ နဲ့ တရားစွဲမယ်၊ ရရင်ရ မရရင် မတွေ့တွေ့အောင်ရှာပြီး thetမယ်တဲ့…

ကျနော်ရေးခဲ့တဲ့ အကြောင်းအရာတွေက မဟုတ်တာလိမ်ညာပြီး လုပ်ကြံရေးသားတာ တစ်ခုမှ မပါတဲ့အတွက် သူ့ပိုင်နက်နယ်ပယ်အတွင်းမှာ ဓန အင်အားကြီးမားလို့ ငွေများရင်တရားနိုင်မယ်ဆိုတဲ့ အတွေးနဲ့ ကျနော့်ကို ရဲစခန်းတိုင်ပြီး ဖမ်းလိုတယ်ဆိုလဲ ဖမ်းပါစေတော့။

အမှန်တရားကိုဖော်ပြရင်း လုပ်ကြံthet ဖြတ်လို့ အသက်thayခဲ့ရမယ်ဆိုရင်လဲ ကျေကျေနပ်နပ် thayဖို့ အဆင်သင့်ပါပဲ…
ကျနော့်လို ဒုက္ခအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးကြပြီး လိုရာပန်းတိုင်ကို အခက်ခဲမရှိ လျှောက်လှမ်းနိုင်ကြပါစေ လို့ အthetမခံရသေးခင်မှာ လမ်းပျောက်နေတဲ့ ဘဝမှ ဆုတောင်းပေးလိုက်ပါတယ်… လို့ အခုလိုမတရားလုပ်ခံရသူက သူ့ရဲ့facebook မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်

ရေးသားသူ – San Thurahein’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။