တစ်ခေတ်တစ်ခါက ကျော်ကြား ခဲ့တဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ အနုပညာရှင်များ…

Celebrity

တစ်ခေတ်တစ်ခါက ကျော်ကြား ခဲ့တဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ အနုပညာရှင်များ…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ခေတ်တစ်ခါက ကျော်ကြား ခဲ့တဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ အနုပညာရှင်များ… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ခေတ် တစ်ခါက ကျော်ကြားခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အနုပညာရှင်များ…

လွန်ခဲ့တဲ့ အနှစ် (၂၀) ပတ်ဝန်းကျင်ကာလတုန်းက သီချင်း VCD တွေ မှာ အမြဲတမ်းလိုလိုပါဝင်သရုပ်ဆောင်ခဲ့ကြပြီး နာမည်ကျော်ကြားလူသိများရုံသာမက ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ပဲလှော်ဖြစ်ခဲ့ကြတဲ့ အမျိုးသား အနုပညာရှင်များစွာရှိကြပါတယ်။

အဆိုပါ မင်းသားတွေထဲက အချို့ဟာ ယခုအခါမှာတော့ ပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေကြပြီး တချို့တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိကြဆဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဣတ္ထိယတွေရဲ့ အသည်းစွဲမင်းသားတွေဖြစ်ခဲ့ကြတဲ့သူတို့တွေအကြောင်း ၊ သူတို့ဘယ်လိုပြောင်းလဲသွားလဲဆိုတာဖော်ပြလိုက်ရပါတယ်။

ညီညီနေနိုင်

ညီညီနေနိုင် လို့ပြောလိုက်တာနဲ့ ဗီစီဒီ သီချင်းတော်တော်များများမှာ နေရာယူထားတဲ့သရုပ်ဆောင်အဖြစ်သော်လည်းကောင်း ၊ မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲက ရွှေမင်းသားလေးအဖြစ်သော်လည်းကောင်းတင်စားရတဲ့အထိကို ချောမောခန့်ညားသူကြီးပဲဖြစ်ပါတယ်။ ညီညီနေနိုင် ဟာ အခုချိန်မှာတော့အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ဘူးလို့သိရပါတယ်။

မိုင်းမိုင်

“သီတင်းကျွတ်ညလေးတစ်ည” သီချင်း MV လေးမှာ ခပ်ချောချောပုံရိပ်တွေကြောင့် ပရိသတ်တွေသဘောကျခဲ့ရတဲ့ မိုင်းမိုင် ကတော့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားတစ်လက်ပဲဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ဟက်ကက်

ယောကျာ်းလေးတွေ ဆံပင်အလယ်ခွဲ ထားတဲ့ ခေတ်ရေစီးကြောင်းကို စတင်ခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် မိန်းကလေးတိုင်းရဲ့ အသည်းကျော်ဖြစ်နေတဲ့ ဟက်ကက်ကတော့ သရုပ်ဆောင်ရုံသာမက သီချင်းလည်းဆိုတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဟက်ကက် ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိသေးတယ်လို့သိရပါတယ်။

ညီညီတာ

အပြုံးချိုချိုမြိန်မြိန်လေး နဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူ မင်းသားချော ကတော့ညီညီတာ ပါပဲ။ ညီညီတာ ဟာ အနုပညာအလုပ်တွေရပ်နားထားတဲ့အပြင် လက်ရှိမှာ အိမ်ထောင်ကျသွားပြီဖြစ်ကာသူ ချစ်ရတဲ့ မိသားစုတွေနဲ့ အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။

ညိုလင်းထက်

အေးချမ်းတဲ့ အပြုံး ၊ အကြည့်တွေနဲ့ မိန်းကလေးတွေရဲ့ စိတ်နှလုံးကိုဖမ်းစားထားနိုင်ခဲ့သူလေးကတော့အားလုံးချစ်ကြတဲ့ ညိုလင်းထက် ပါပဲ။ ညိုလင်းထက် ဟာ ယခုလက်ရှိမှာ အနုပညာလုပ်ငန်းတွေရပ်နားထားပေမယ့် သူ့ရဲ့ မျိုးဆက်သစ် သားနဲ့သမီးကတော့ အနုပညာလှုပ်ရှားမှုတွေစတင်နေပြီဖြစ်ပါတယ်။

ရဝေအောင်

ညင်သာနူးညံ့တဲ့ မျက်ဝန်းတစ်စုံ နဲ့ ချိုမြိန်တဲ့ အပြုံးပိုင်ရှင် လို့ဆိုလိုက်တာနဲ့ မိန်းကလေးတွေကမင်းသား ရဝေအောင် ကိုပဲ ပြေးမြင်ကြမှာပါ။ မိန်းကလေးတိုင်းရဲ့ အသည်းကျော်ပဲလှော် ဖြစ်ခဲ့ဖူးတဲ့ရဝေအောင် ဟာ အနုပညာလုပ်ငန်းတွေရပ်နားထားပြီး ယခုအချိန်ထိ အိမ်ထောင်မပြုသေးပဲလူပျိုကြီးအဖြစ် တစ်ယောက်တည်း အေးချမ်းစွာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

စိုင်းဘိုဘို

ဆွဲဆောင်မှုရှိတဲ့ မှဲ့နက်လေး ၊ နှုတ်ခမ်းမွှေးရေးရေး နဲ့ ခပ်မိုက်မိုက်ပုံစံကြောင့် မိန်းကလေးတွေကိုဖမ်းစားနိုင်ခဲ့သူလို့ဆိုလာရင်တော့ တစ်ချိန်က သီချင်းတွေထဲမှာ နာမည်ကျော်ကြားခဲ့တဲ့ စိုင်းဘိုဘိုကိုပဲဖော်ကြရမှာပါ။ စိုင်းဘိုဘို က လက်ရှိမှာတော့ သားသမီးတွေနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေတယ်လို့ သိရပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။

ရီဝေယံ

အပြုံးချိုချိုလေး ၊ အသံခပ်ဩဩ နဲ့ မင်းသားချော ရီဝေယံ ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရီဝေယံ ဟာ လက်ရှိမှာ အနုပညာလောကကနေ ရပ်နားသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ – Pya Zet

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။