ဆားကြမ်းနင်းပြီး ရရှိမယ့်အကျိုး ၉ မျိုး

Health
ဆားကြမ်းနင်းပြီး ရရှိမယ့်အကျိုး ၉ မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားကြမ်းနင်းပြီး ရရှိမယ့်အကျိုး ၉ မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆားကြမ်းနင်းပြီး ရရှိမယ့်အကျိုး ၉ မျိုး

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်းဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက်အသုံးပြုလို့ရပါတယ်

ညဘက် နင်းပုံနင်းနည်းကတော့မနင်းခင် ခြေထောက်ကိုပေါင်ရင်းကစပြီးရေ လောင်းဆေးပါခြောက်အောင်သုတ်ပါ။

(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။

မိနစ် ၃၀ -၄၀ ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့ မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီးဆားတွေပြောင်အောင်သုတ်ပါ

ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ ခြေထောက်ပြောင်တာနဲ့အိပ်ယာဝင်ပါ

ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။အကြောပြေ ခြေကျဉ် ထုံနာတွေ ပျောက်ကင်း ခြေကွဲခြင်း မရှိ ဆံပင် မ ကျွတ်တော့ပဲ နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်ကျန်းမာခြင်းကိုရရှိစေမှာပါ။

နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအ ကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ ကားမောင်းများသူများအတွက်အညောင်းရောဂါအကြောပိတ် အ ကြောတင်းခြင်းများမှကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်

(၇) ခေါင်းကိုက်မျက်ရိုးကိုက်မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူ များအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသ မီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိသာအနည်းဆုံးထည့်ပါ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။

တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။

ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။