ဘုမ္မိအကြောင်း သိမှတ်စရာ ဘုမ္မိအကာအကွယ်ယတြာ

Astrology
ဘုမ္မိအကြောင်း သိမှတ်စရာ ဘုမ္မိအကာအကွယ်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုမ္မိအကြောင်း သိမှတ်စရာ ဘုမ္မိအကာအကွယ်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ဘုမ္မိ”ဆိုတာ ဘာလဲ?

ဘုမ္မိအကြောင်းကို၊ သိပြီးသား ဆရာသမားများနဲ့၊မိတ်ဆွေများ ရှိသလို၊မသိနားမလည်သူများ ၊သိချင်သူများအတွက်၊ဆရာ သိထားသလောက် မျှဝေပေးလိုက်ပါတယ်။

“ဘုမ္မိ”ဆိုတာ၊နေ့နံသားသမီး တစ်ဦးချင်းစီရဲ့၊ကံညံ့၊မကောင်းသောနေရာ၊မိမိနဲ့
မတည့်သော အရပ်ဒေသ၊မကောင်းသောနှစ်(သို့)”သင်္ချိုင်းမြေ” ဟူ၍လည်း ခေါ်ဆိုကြပါသည်။

နှစ်ပိုင်းအရ မည်သူမဆို ဘုမ္မိထဲမှာ(သို့)
ဘုမ္မိသက်ရောက်တဲ့ နှစ်ပိုင်းတွေမှာ၊အမြဲတမ်း ဒုက္ခနဲ့ ရင်ဆိုင်နေရ၊ဘဝပျက်မှာဘဲဆိုတာ မရှိပါဘူး။ဘာကြောင့်လည်းဆိုတော့ နေ့နံသားသမီးတစ်ဦးချင်းစီရဲ့၊မွေးရက် မွေးချိန် ၊လက်ရှိဇာတာ အနေထားအရ၊ဂြိုဟ်စီး ဂြိုဟ်မြင်အကောင်းအဆိုးပေါ် မူတည်ပြီး၊ကံညံခြင်း ကံဆိုးခြင်း၊ကံကောင်းတဲ့အချိန်တွေလည်း ရှိပါတယ်။
ကံဆိုးနေတဲ့အချိန်မှာ အပြောအဆို ၊အသွားအလာ၊အနေအထိုင်၊အလုပ်အကိုင် စသည်တို့ကို အထူးသတိထားရမှာပါ။

မြန်မာဗေဒင်ထဲက ဘုမ္မိစက်ကွင်းအကြောင်း – ဗေဒင်သုတ

ဘုမ္မိ တွက်နည်း

မည်သည့် နေ့သားသမီးမဆို ရောက်ဆဲအသက်ကို တည်၊ ၈ နဲ့ စားပါ၊ ၄ ကြွင်းသော နှစ်များသည် ဘုမ္မိထဲ ရောက်သောနှစ်များဖြစ်သည်။ ၄ကြွင်း (သို့)ဘုမ္မိထဲရောက်နေသောနှစ်များတွင် စိတ်သောကအမျိုးမျိုးကြုံတတ်သောကြောင့် အစစ ဂရုစိုက် သတိထားရမည်။

ဥပမာ-သောကြာသားသမီး ၂၈ နှစ်
၂၈ ကို၊ ၈ နဲ့ စားပါက၊ ၄ ကြွင်း
ဘုမ္မိထဲရောက်သောနှစ်ဖြစ်ပါသည်။
နေ့နံတစ်ခုချင်းစီအတွက်ဘုမ္မိအရပ်များ

တနင်္ဂနွေ တောင်အရပ်
တနင်္လါ အနောက်တောင်
အင်္ဂါ အနောက်အရပ်
ဗုဒ္ဓဟူး အနောက်မြောက်
ကြာသပတေး အရှေ့မြောက်
သောကြာ အရှေ့တောင်
စနေ မြောက်အရပ်
ရာဟူး အရှေ့အရပ်

နေ့နံသားသမီးတစ်ခုချင်းစီရဲ့ ဘုမ္မိအဝင်နှင့် အထွက်နှစ်များ

ကံအရမ်းနိမ့်ပြီး ကျန်းမာရေးမှာသေလုအောင်ရောဂါသည်းဝေဒနာတွေခံစားနေရတဲ့အခါ  ဒီလိုယတြာလုပ်ပါ - San Thitsa

တနင်္ဂနွေသားသမီးများ

အသက် ၃၀ မှ ၄၆ နှစ်အထိ
တနင်္လာသားသမီးများ

အသက် ၄၁ နှစ်မှ အသက် ၅၀ နှစ်အထိ

အင်္ဂါသားသမီးများ

အသက် ၃၆ နှစ်မှ ၅၄ နှစ်အထိ
ဗုဒ္ဓဟူးသားသမီးများ

အသက် ၄၇. နှစ်မှ ၅၈. နှစ်အထိ
ကြာသပတေးသားသမီးများ

အသက် ၅၃. နှစ်မှ ၅၈. နှစ်အထိ

သောကြာသားသမီးများ

အသက် ၄၃ နှစ်မှ အသက် ၅၀နှစ်အထိ

စနေသားသမီးများ

အသက် ၄၂ နှစ်မှ အသက် ၆၂ နှစ်အထိ
ရာဟုသားသမီးများ

အသက် ၄၀ နှစ်မှ အသက် ၅၄ နှစ်အထိ။

ဘုမ္မိထဲရောက်နေသောအချိန်တွင် တတ်နိုင်သလောက် ရှောင်ရန်

မိမိရဲ့ ဘုမ္မိအရပ်ကို မျက်နှာမူပြီး အိမ်၊ဆိုင်ဆောက်ခြင်း၊လုပ်ငန်းစီးပွားလုပ်ခြင်း၊
ဘုမ္မိအရပ်မှာ ပျော်ပွဲစားထွက်ခြင်း၊ခရီးသွားခြင်း၊ဆေးခန်းပြခြင်း၊အိမ်၊ဆိုင် ပြောင်းရွှေ့ခြင်းများ ရှောင်သင့်ပါသည်။
ဘုမ္မိ ယတြာများ

နေ့နံတစ်ခုချင်းစီ ဘုမ္မိထဲ ကျရောက်နေသောအချိန်တွင်လုပ်ရန် အကောင်းဆုံး ယတြာများ “မကြာ မကြာ” ပြုလုပ်ပါရန်

တနင်္ဂနွေသားသမီးများ

အိမ် ဘုရားကျောင်းဆောင်မှာ ကြေးဖလားသေးသေးထဲတွင် နှမ်းအနက် ထည့်လှူပါ။
တနင်္လာသားသမီးများ

အိမ်ဘုရားကျောင်းဆောင်တွင်
(သို့)ဂြိုဟ်ပြေနံပြေဘုရားရှိ ကြာသပတေးတိုင်တွင် ပေါင်မုန့်နှင့် ပဲပြုပ်ဆီဆမ်း လှူပါ။
အင်္ဂါသားသမီးများ

ဘုန်းကြီးသံဃာ၊သီလရှင် (သို့)
လူကြီးများကို ဖျော်ရည် လှူပါ။
ဗုဒ္ဓဟူးသားသမီးများ

အိမ်ဘုရားကျောင်းဆောင်
(သို့)ဂြိုဟ်ပြေနံပြေဘုရားရှိ သောကြာတိုင်တွင် သီဟိုဠ်စေ့ လှူပါ။

ကြာသပတေးသားသမီးများ

အိမ်ဘုရားကျောင်းဆောင်မှာ ကံ့ကော်ညွန့် (၁၅)ညွန့်လှူပါ။

သောကြာသားသမီးများ

မိမိမွေးနေ့(သို့) ဗုဒ္ဓဟူးနေ့တွင် ဂြိုဟ်ပြေနံပြေရှိ ဗုဒ္ဓဟူးတိုင်ဘုရားတွင်
ရေသက်စေ့ သပ္ပါယ်ပြီး လိုရာဆုတောင်းပါ။

စနေသားသမီးများ

တနင်္ဂနွေနေ့တွင် အိမ်ဘုရားကျောင်းဆောင်မှာ အုန်းသီးစိမ်းတစ်လုံး ကြွေပန်းကန်ပြားတစ်ချပ်မှာထည့်ပြီး လှူပါ ၊လိုရာဆုတောင်းပါ။ဂြိဟ်ပြေနံပြေဘုရားရှိ တနင်္ဂနွေဂြိုဟ်တိုင်တွင် ရေသက်စေ့ သပ္ပါယ်ပူဇော်ပါ

ရာဟုသားသမီးများ

အိမ်ဘုရားကျောင်းဆောင်မှာ ဆီမီးထွန်းပါ၊
ဘုရားမှာ တံမျက်စည်း ၃ ချောင်း လှူပါ၊
လိုရာဆုတောင်းပါ။

ရေးသားသူ – နက္ခတ်ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာသိန်းထူး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။