သူများတွေအားကျသွားစေမယ့် သူ့ရဲ့ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ပြခဲ့တဲ့ လက်ပွားမင်းသား

Celebrity International News

သူများတွေအားကျသွားစေမယ့် သူ့ရဲ့ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ပြခဲ့တဲ့ လက်ပွားမင်းသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူများတွေအားကျသွားစေမယ့် သူ့ရဲ့ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ပြခဲ့တဲ့ လက်ပွားမင်းသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


လက်ပွားမင်းသားအဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ အိန္ဒိယမင်းသားဟရိတစ်ရိုရှန်းက ဘောလိဝုဒ်လောကမှာ ဂရိနတ်ဘုရားအဖြစ် မကြာခဏတင်စားခံရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ရုပ်ရောကြောင့်ရော အရပ်အမောင်းကောင်းတာကြောင့်ပါ အခုလို တင်စားခံရတယ်လို့ဆိုရမှာပါပဲ။ သူဟာ ခန္ဓာကိုယ်ကျစ်လျစ်တဲ့ မင်းသားလို့လည်း ပြောလို့ရပါတယ်။ နှစ်အစမှာပဲ သူက သူ့ရဲ့ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ပြခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း သူ လိုချင်တဲ့ Fitness Goal ကို အရောက်လှမ်းဖို့ အစီအစဉ်ရှိနေပုံပါပဲ။

ဇန်နဝါရီ ၂ ရက်နေ့က အသက် ၄၈ နှစ်အရွယ် ဟရိတစ်ဟာ 6 pack တင်မကဘဲ 8 pack ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ကို ထုတ်ပြတဲ့ ပုံတွေကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ပုံတွေကို “ကောင်းပြီ…၂၀၂၃ ခုနှစ်ကို သွားကြစို့” ဆိုတဲ့ စာသားနဲ့ တင်ခဲ့တာပါ။ ယောက်ျားလေးတိုင်း လိုချင်ကြတဲ့ 8 pack နဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ပရိသတ်တွေက အံ့အားသင့်ပြီး အားကျခဲ့ရတဲ့အပြင် ကောင်းတဲ့ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

New Year တုန်းက ဟရိတစ်ဟာ သူ့ရဲ့ချစ်သူကောင်မလေး ဆာဘာအာဇတ်၊ သား(၂) ယောက်အပြင် သူ့ရဲ့ဆွေမျိုးတွေနဲ့ပါ ဥရောပကို ခရီးထွက်ပြီး နှစ်သစ်ကို ဖြတ်သန်းခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ ဟရိတစ်ရဲ့ Vikram Vedha ဇာတ်ကားသစ်ထွက်ရှိထားပါတယ်။ နောက်ထပ်ဇာတ်ကားအသစ် Fighter မှာလည်း မင်းသမီး ဒီပီကာပက်ဒူကုန်းနဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။