တောင်ဒဂုံမှ အငှားယာဉ်ဖြင့် Delivery ပို့သည့် ကိုကျော်ဝင်းထွန်း ပျောက်ဆုံးနေရာမှ လက်ပြန်ကြိုး တုပ်လျက် thayဆုံးနေသည့် ၎င်း၏အလောင်း ပြန်တွေ့

Local News

တောင်ဒဂုံမှ အငှားယာဉ်ဖြင့် Delivery ပို့သည့် ကိုကျော်ဝင်းထွန်း ပျောက်ဆုံးနေရာမှ လက်ပြန်ကြိုး တုပ်လျက် thayဆုံးနေသည့် ၎င်း၏အလောင်း ပြန်တွေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ဒဂုံမှ အငှားယာဉ်ဖြင့် Delivery ပို့သည့် ကိုကျော်ဝင်းထွန်း ပျောက်ဆုံးနေရာမှ လက်ပြန်ကြိုး တုပ်လျက် thayဆုံးနေသည့် ၎င်း၏အလောင်း ပြန်တွေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်၊ တောင်ဒဂုံ၊ ၆၅ ရပ်ကွက်တွင် နေထိုင်သည့် အငှားယာဉ်ဖြင့် Delivery ပို့သော ကိုကျော်ဝင်း ထွန်း သည် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်း ပျောက်ဆုံးခဲ့ရာမှ ယနေ့တွင် ၎င်း၏ရုပ်အလောင်းကို ပန်း လှိုင် တံတားအနီးတွင် လက်ပြန်ကြိုး တုပ်လျက် thayဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အငှားယာဉ်ဖြင့် Delivery ပို့သည့် ကိုကျော်ဝင်းထွန်းသည် ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီ​ကျော်ခန့်က စတင်ကာ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း၊ ယင်းနောက် ပရဟိတအဖွဲ့များနှင့် ပြည်သူများက ၀ိုင်းဝန်းရှာဖွေ စုံစမ်းကြရာ ကိုကျော်ထွန်းဝင်း၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပန်းလှိုင်တံတား အနီး ရွာချင်း ဆက်လမ်းပိုင်းတွင် လက်ပြန်ကြိုးတုပ်လျက် thayဆုံးနေသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“မနေ့က ညနေတည်းက အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ taxi ယာဉ်မောင်းရဲ့အလောင်းနဲ့ ယာဉ်ကို ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ ပန်းလှိုင် တံတားအကျော် ရွာချင်းဆက်လမ်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားကို အရင်ရှာဖွေ တွေ့ရှိခဲ့တာပါ။ thayဆုံးသူ ကိုကျော်ထွန်းဝင်းက တောင်ဒဂုံ ၆၅ ရပ်ကွက်မှာ နေတာပါ။ အိမ်ထောင်ရှိတယ် ကလေးမရှိပါဘူး။ ပရဟိတ အဖွဲ့တွေ taxi ယာဥ်မောင်းအဖွဲ့တွေ လိုက်သွားရှာတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ခြောက်နာရီလောက်မှာ ကားပြန်တွေ့တယ်။ ရဲမှူး ၁ ဦးနဲ့ ရဲတပ်သား ၂ ဦးလည်း ရောက်လာပြီး ဝိုင်းရှာတယ်။ မတွေ့တော့ ည ၈ နာရီလောက်မှ ရဲတွေ ပြန်သွားတယ်။ ယာဥ်မောင်းတွေနဲ့ ပရဟိတအဖွဲ့တွေ ထပ်ရှာကြတယ်။ ည ၁၀ နာရီလောက်မှာမှ သူ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကိုကျော်ဝင်းထွန်း မောင်းနေသည့် ကားပေါ်တွင်လည်း သွေးကွက်များ တွေ့ရှိခဲ့ကြောင်း၊ ကိုကျော်ထွန်းဝင်း၏ ရုပ်အလောင်းကို လက်ပြန်ကြိုးတုပ်လျက်၊ ခြေနှစ်ချောင်းကိုလည်း ကြိုးတုပ်ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး တောင်ဒဂုံ သစ်ဆိပ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုကျော်ထွန်းဝင်းမှာ တက္ကစီ အငှားယာဥ်အမှတ် AA/ 7601၊ ကော်ရိုရာ ဖင်ကောက်အဖြူ အမျိုးအစား အငှားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။