Spider-Man Noir အဖြစ်ပါဝင်ဦးမှာမဟုတ်တဲ့ Nicolas Cage

Celebrity International News

Spider-Man Noir အဖြစ်ပါဝင်ဦးမှာမဟုတ်တဲ့ Nicolas Cage

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Spider-Man Noir အဖြစ်ပါဝင်ဦးမှာမဟုတ်တဲ့ Nicolas Cage ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Spider-Man Into The Spider-Verse Animated Movie တွင် Spider-Man Noir အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Nicolas Cageဟာ Spider-Man Noir အဖြစ်ပြန်မလာကြောင်းကို SR media Interview ကနေတစ်ဆင့်ပြောသွားခဲ့ပါတယ်။
Nicolas Cage ဟာ Sony ဖက်က သူ့ကို ကမ်းလှမ်းလာတာမျိုးမရှိသေးကြောင်းကိုထုတ်ဖော်ပြောသွားခဲ့ပါတယ်။

“ခင်ဗျားတို့ Sony ကိုမေးသင့်တယ်ဗျ။ကျုပ်ဘာဖြစ်လဲဆိုတာတော့မပြောတတ်ဘူးဗျာ။
ဘယ်သူ့ကိုကျုပ်ကိုအဲ့ဒီအကြောင်းနဲ့ပက်သက်ပြီးဘာမှလာမပြောခဲ့ကြဘူး။
သူတို့ကိုပဲသွားမေးတာကောင်းပါတယ်။ကျုပ်ကတကယ်မသိလို့ပါ။
ကျုပ်Spider-Man Noir Character ကိုသဘောကျပါတယ်ဗျာ။ကောင်းမွန်တဲ့ Character တစ်ယောက်ပါ။”

Nicolas Cage ကတော့ Sony Pictures မှလက်ရှိ Across The Spider-verse Sequel မှာသူ့ကိုတရားတင်ကမ်းလှမ်းမှုမျိုးမရှိကြောင်းကိုထုတ်ဖော်ပြောခဲ့ပါတယ်။
ဒါကြောင့်အခုထွက်မည့် Spider-Man Across The Spider-verse Movie ဟာ Spider-Man Noir ဟာပါဝင်မှာမဟုတ်တော့ပါဘူး။

Nicolas Cage, who voices the mysterious and moody Spider-Man Noir in Spider- Man: Into the Spider-Verse, was the “first o… | Spiderman, Spider verse,  Spiderman comic

Sony ဖက်ကလည်း Nicolas Cage ကိုအခုမဆက်သွယ်ပေမယ့် 2024မှာထပ်မံထွက်ရှိဦးမည့် Spider-Verse Sequelမှာထပ်မံခေါ်ယူဖို့ကမ်းလှမ်းဦးမလားဆိုတာလည်းမသေချာသေးပါဘူး။
Spider-Man Noir ကို Nicolas Cage အသံသရုပ်ဆောင်တာအတော် Matchဖြစ်ပြီး Fan Fav Character ဖြစ်လာခဲ့တယ်ဆိုတာမမှားပါဘူး။
လက်ရှိ Spider-verse Movie မှာတော့ Spider-Man တွေအများကြီးကို‌တွေ့မြင်ရတော့မှာဆိုပေမယ့် Spider-Man Noir ကတော့ ပါဝင်လာတော့မှာမဟုတ်ပါဘူး။

ရေးသားသူ – Z E U S

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။