ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင်thayဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင်

Local News

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင်thayဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင်thayဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်းသည် တိုက်ပွဲအတွင်း thayဆုံးသွားခဲ့မှုသည် ၎င်း၏ တပ်ရင်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းမှုကြောင့် thayဆုံးခြင်းဖြစ်သည်ဟု စစ်တပ် ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ် မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး thayဆုံးခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးအင်အားစုများက တပ်ရင်းများကို လာရောက်တိုက်ခိုက်မည်ဟု ကြိုတင် သတင်းရရှိထား၍ ၂ ရက်ကြိုတင်ပြီး ခလရ ၂၈၄ တပ်ရင်း ပတ်ပတ်လည်တွင် နင်းမိုင်းများ ထောင်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ သို့ရာတွင် ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး/ ဗိုလ်မှူးမင်းမောင်မောင်ဟိန်း ကွပ်ကွဲမှု ညံ့ဖျင်း၍ တပ်ရင်းအတွင်းထဲအထိ တော်လှန်ရေးအင်အားစုများ ဝင်ရောက်နိုင်ခဲ့သည့်အပြင် တပ်ရင်းမှူးနှင့် စစ်သည်များ thayဆုံးခဲ့ရခြင်းမှာလည်း အသုံးမကျ၍ ဖြစ်သည်ဟု စစ်တပ်ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်။

“တိုင်းမှူးက တပ်ရင်းတွေ ဝင်အတိုက်မခံရခင် ဇန်နဝါရီ ၂ ရက်နေ့ကတည်းက ကြိုတင်ပြီးတော့ ကြာအင်းဆိပ်ကြီးကို ဝင်စီးမယ်လို့ သတင်းရတဲ့အတွက် တပ်ရင်းတွေအားလုံး၊ စခန်းတွေအားလုံး ပတ်လည် နင်းမိုင်း တိုက်မိုင်းတွေ ထောင်ဖို့ ညွှန်ကြားခဲ့တယ်။ ဒီလိုညွှန်ကြားထားတဲ့ကြားက ခလရ ၂၈၄ တပ်ရင်း ကျသွားတဲ့အတွက် thayဆုံးသွားတဲ့ တပ်ရင်းမှူးရဲ့ ကွပ်ကဲမှု ညံ့ဖျင်းလို့ ဆိုတာမျိုး အပြစ် တင်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တပ် အတိုက်ခံရမှုတွင် ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း thayဆုံးပြီး ဇနီးဖြစ်သူမှာလည်း ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း၊ တပ်ရင်း မှူး အပြင် ဗိုလ်ကြီး ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး ၊ တပ်ကြပ် ၁ ဦး ၊ တပ်သား ၃ ဦး၊ အမျိုးသမီးရဲဘော် ၁၀ ဦး‌ thayဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများမှာ ဒုအရာခံဗိုလ် ၁ ဦး (စိုးရိမ်ရ) ၊ တပ်သား ၃ ( ၁ ဦးစိုးရိမ်ရ )၊ အမျိုးသမီးရဲဘော် ၃ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။