မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ လာရောက်ကြမည့် သံတွဲမြို့၊ ငပလီ ကမ်းခြေရှိ တေဇပိုင် Aureum Palace Hotel တွင် စစ်ကားများဖြင့် လုံခြုံရေးချ၊ ပုလဲကျွန်းတွင် ရေတပ်သင်္ဘောများ ကင်းလှည့်နေပြီး သံတွဲမြို့ကို မွမ်းမံပြင်ဆင်နေ

Local News

မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ လာရောက်ကြမည့် သံတွဲမြို့၊ ငပလီ ကမ်းခြေရှိ တေဇပိုင် Aureum Palace Hotel တွင် စစ်ကားများဖြင့် လုံခြုံရေးချ၊ ပုလဲကျွန်းတွင် ရေတပ်သင်္ဘောများ ကင်းလှည့်နေပြီး သံတွဲမြို့ကို မွမ်းမံပြင်ဆင်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ လာရောက်ကြမည့် သံတွဲမြို့၊ ငပလီ ကမ်းခြေရှိ တေဇပိုင် Aureum Palace Hotel တွင် စစ်ကားများဖြင့် လုံခြုံရေးချ၊ ပုလဲကျွန်းတွင် ရေတပ်သင်္ဘောများ ကင်းလှည့်နေပြီး သံတွဲမြို့ကို မွမ်းမံပြင်ဆင်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ အကြမ်းဖက် မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ လာရန်ရှိနေပြီး သံတွဲမြို့၊ ငပလီကမ်းခြေရှိ တေဇပိုင် Aureum Palace Hotel တွင် စစ်ကားများဖြင့် လုံခြုံရေးချထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မနေ့က စပြီး ဦး​တေဇပိုင် Aureum Palace Hotel ရှေ့မှာ စစ်ကား ၂ စီး။ ဟိုတယ်ပတ်ဝန်းကျင်နဲ့ ကမ်းခြေမှာ မိုင်းရှာတာတွေ၊ လုံခြုံရေးတွေ အပြည့်ချထားတယ်။ အတော်ကို လုံခြုံရေးတင်းကျပ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
အလားတူ သံတွဲမြို့၊ ငပလီကမ်းခြေရှိ ပုလဲကျွန်းတွင်လည်း ရေတပ်စစ်သင်္ဘောများ ရောက်ရှိပြီး စပိဘုတ်များဖြင့် ကင်းလှည့်နေမှုများ မြင်တွေ့ရကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် ကိုယ်စား လှယ် အဖွဲ့တို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇန်န ဝါရီလ တတိယအပတ်တွင် တွေ့ဆုံကြရန်ရှိနေကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် အဖွဲ့ဝင် ၃၀ နီးပါး ပါသော ထိုင်းစစ်တပ်ကိုယ်စား လှယ် အဖွဲ့သည် ထိုင်းတော်ဝင်လေတပ် အထူးလေ ယာဉ် ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်နှင့်ဇနီးတို့လည်း သံတွဲသို့ ရောက်ရှိပြီး တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၉ ရက်နေ့ ထိုင်းစစ်တပ်က ကိုယ်စားလှယ်အဖွဲ့ ထိုင်းတော်ဝင်စစ်တပ်လေယာဉ်နဲ့ သံတွဲကို ရောက်မယ်။ ဇန်နဝါရီ လ ၂၁ ရက်နေ့မှာ သံတွဲကနေ ရန်ကုန်ကို ထိုင်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့ သွားပြီးမှ အဲဒီနေ့ ၂၁ ရက်နေ့မှာပဲ ပြန်မယ်။ ထိုင်းစစ်တပ် ရောက်တဲ့အချိန်မှာ မင်းအောင်လှိုင်လည်း သံတွဲကို လာမယ်။ ငပလီကို ဆုံပြီး လာကြတာက အပန်းဖြေမှာတော့မဟုတ်ဘူး။ ထိုင်းစစ်ဦးချုပ်နဲ့ မင်းအောင်လှိုင် သံတွဲသွားမှာ ဆုံမယ့်သဘောပဲ။ မပြန်ခင်ဇန်နဝါရီ ၂၁ ရက်နေ့ ရန်ကုန်ဝင်တာက ရွှေတိဂုံဘုရားဖူး ဖို့များတယ်” ဟု နေပြည် တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ် တို့ သံတွဲမြို့တွင် တွေ့ဆုံရန်ရှိနေသဖြင့် ငပလီမြို့ရှိ လမ်းဘေးစျေးဆိုင်တွေကို စစ်တပ်က အတင်းအကျပ် ဖျက်သိမ်းနေပြီး လမ်းဘေးဝဲယာရှိ ခြုံပုတ်တွေကိုပါ လိုက်လံရှင်းလင်းနေကြကြောင်း၊ လုံခြုံရေးအတွက် စစ်တပ်နှင့် ကင်းပုန်းများ စတင်ချထားကြောင်း သိရှိရသည်။

ထို့ပြင် သံတွဲမြို့နှင့် ငပလီကမ်းခြေ လမ်းများကိုလည်း စစ်ကောင်စီက အထူးမွမ်းမံ ပြင်ဆင်နေကြောင်း သိရှိရသည်။

ငပလီကမ်းခြေသွား လမ်းများကို ပြုပြင်မွမ်းမံနေစဉ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။