မယ်စကြဝဠာပြိုင်ပွဲမှာ အမေရိကန်အလှမယ် သရဖူဆောင်း

Celebrity International News

မယ်စကြဝဠာပြိုင်ပွဲမှာ အမေရိကန်အလှမယ် သရဖူဆောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မယ်စကြဝဠာပြိုင်ပွဲမှာ အမေရိကန်အလှမယ် သရဖူဆောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လန်းစ်မြို့မှာကျင်းပတဲ့ ၇၁ ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲမှာ အမေရိကန်အလှမယ် R’Bonney Gabriel က သရဖူဆောင်းသွားပါတယ်။

သူဟာ ဗင်နီဇွဲလားနဲ့ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံတို့က အလှမယ်တွေနဲ့အတူ နောက်ဆုံး ဆန်ကာတင် ၃ ဦးမှာပါခဲ့အပြီးမှာ အခုနှစ်အတွက် မယ်စကြဝဠာ သရဖူရခဲ့တာပါ။

အစောပိုင်း ဆန်ကာတင် အလှမယ် ၁၆ ဦးစာရင်းမှာ အာဆီယံနိုင်ငံတွေထဲကဆိုရင် လာအိုအလှမယ်တစ်ဦးတည်းပါဝင်ခဲ့ပေမဲ့ ထိုင်းအလှမယ်ကတော့ Transformational Leadership ဆုကို ရရှိသွားပါတယ်။

HIV/AIDS ရောဂါ အသိပညာပေး လှုပ်ရှားသူလည်းဖြစ်သလို အခုနှစ်မယ်စကြဝဠာ ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု အလှမယ်အနေနဲ့ သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် ဇာလီမိုးကတော့ ဆန်ကာတင် ၁၆ ဦးမှာ မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ ပြိုင်ပွဲမှာ ရိုးရာဝတ်စုံကဏ္ဍမှာ သူ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ဝတ်စုံကတော့ မြန်မာပရိသတ်တွေကြားမှာ ချီးကျူးမှုရခဲ့တဲ့ ဝတ်စုံဖြစ်ခဲ့ပါတယ်။

အခုနှစ်ကျင်းပခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
လက်ရှိမှာ မယ်စကြဝဠာ ပြိုင်ပွဲကို လိင်ပြောင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး Chakrapong Ann Chakrajuthatip က ပိုင်ဆိုင်တာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။