CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား

Local News

CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကောင်စီ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်မရှိ၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံထားရသော CDM ဝန်ထမ်းများသည် စစ်တပ််အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့်ရန် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။
ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး တက်ရောက်သော စစ်ကောင်စီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အမိန့်ပေးလာခြင်းဖြစ်သည်။


“CDM လုပ်သူများ Black List ရေးသွင်းထားသည့်အတွက် ပြည်ပသို့ထွက်ခွင့်မရတော့ဘဲ လေဆိပ်တွင် တားဆီးမှုများ ရာနှင့်ချီ၍ ရှိလာကြောင်း၊ ထိုသို့ တားဆီးခံရသူများသည် စစ်ကောင်စီအပေါ် မကျေနပ် သည့်အဖွဲ့များဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းတွင်လည်း အလုပ်မရှိ ၊ ပြည်ပသို့လည်း သွားမရခြင်းတို့ကြောင့် ထိုလူအုပ်စု၏ အန္တရာယ်သည် ကြီးမားလာနိုင်ကြောင်း၊ ထို CDM များကို ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများက စောင့်ကြည့်ပစ်မှတ်အနေဖြင့် သေချာစွာ စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောသည်။

လက်ရှိတွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဝန်ကြီးဌာနများတွင် CDM စာရင်းများ ကောက်ယူခြင်း၊ CDM လုပ်ထားရမှ ပြန်ဝင်လာသော Non-CDM စာရင်းများ ကောက်ယူခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရှိရသည်။
“အခု ဝန်ကြီးဌာနတွေမှာ ဌာနအလိုက် CDM လုပ်သွားသူတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့စာရင်းတွေ ပြန်တောင်းတယ်။ နောက်ပြီး CDM လုပ်ပြီးမှ ပြန်အလုပ်ဝင်တဲ့ Non-CDM စာရင်းတွေလည်းတောင်းနေတယ်။အရေးပေါ် တောင်းနေတာ” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က ရရှိထား‌‌သော လျှို့ဝှက် ညွှန်ကြားစာတွင် ဝန်ကြီးဌာနများတွင် CDM လုပ်သွားသူများ၊ CDM လုပ်ပြီးမှ ပြန်လည် ဝင်ရောက်လာသူ Non-CDM များ၏ စာရင်းနှင့်ကိုယ်ရေးအကျဉ်းများကို အရေးပေါ် ဇန်နဝါရီလ ၂၀ ရက်နေ့ ပေးပို့ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။