ဗုဒ္ဓဟူး/ ရာဟု ပုတိဖွားတို့အကြောင်း

Astrology
ဗုဒ္ဓဟူး/ ရာဟု ပုတိဖွားတို့အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗုဒ္ဓဟူး/ ရာဟု ပုတိဖွားတို့အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူး / ရာဟု ပုတိဖွားတွေဟာ ဆရာကောင်း ကြုံရတတ်သော သူတွေပါပဲ ။ နာမည်အဖျားစာလုံး (ဝါ) နာမည်ရဲ့အဆုံးစာလုံးကို ကြာသပတေးနံဖြင့် သာ မမှည့်ထားခဲ့ဘူးဆိုရင် ဒီအကျိုးကိုအတားအဆီးမရှိ ခံစားကြရလေ့ရှိကြပါတယ် ။

ရာဇဌာနမှာ ရပ်တည်နေသော တနင်္ဂနွေဂြိုဟ်ဟာ သူတို့တွေ အတိတ်ဘ၀ပေါင်းများစွာက သယ်ယူဆောင်ကျဉ်းလာခဲ့သော အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး ကုသိုလ်ကံအကျိုးဆက်ကိုလည်း ဖော်ပြပါတယ် ။

ဒီ တနင်္ဂနွေအနေအထားကြောင့်ကိုပဲ သူတို့တွေဟာလူမှုဆက်ဆံရေးမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုယုံကြည်မှုကို အဓိကထားပြီး တည်ဆောက်လေ့ရှိကြခြင်း ဖြစ်ပါတယ် ။ သူတို့သည် ယုံကြည်မိ လေးစားမိရင် တန်ဖိုးထား ဆက်ဆံတတ်ကြသလိုအယုံအကြည် ကင်းမဲ့သွားပြီ ၊ လေးစားမှုပျက်ပြားသွားပြီဆိုရင်လည်း အဲဒီလူ ဘာလုပ်လုပ်အကောင်းပြန်မြင်ပေးဖို့ ခက်ခဲသွားတတ်ကြပါတယ် ။

 

ကံကောင်းမှု

ဗုဒ္ဓဟူး / ရာဟု ပုတိဖွားတွေသည် အများအားဖြင့် အမျိုးသားအကြီးအကဲများ ၊ မင်းအစိုးရများ ၊ အထက်အရာရှိများ ၊ ဆရာသမားများနဲ့ ပတ်သက်သော ကောင်းကျိုးနဲ့ ကံကောင်းမှုတို့ ရရှိခံစားကြရတတ်ပါတယ် ။

သို့သော် ဒီကံလေးတွေသည် သူတို့ရဲ့ အသက်ပိုင်း ( ၂၈ နှစ် ကနေ ၄၆ ) နှစ် ကြားမှာတော့ ငြိမ်၀ပ်သွားတတ်ပြီး သိသိသာသာ မရှိလှတော့ဘဲ မြုပ်သွားတတ်ပြန်ပါသေးတယ် ။ အဆိုပါကံကောင်းမှုတွေကို အဓိက ကြုံကြိုက်ရတတ်ချိန်များကတော့ မွေးစ မှ အသက် (၁၇)နှစ် ကြား ကာလများနဲ့ (၄၇)နှစ် မှ (၅၈)နှစ် ကြားကလာများမှာ အတောက်ပဆုံးလို့ ဆိုနိုင်ပါတယ် ။

သူတို့သည် မင်းအစိုးရများမှ ချီးမြှောက်ခံရခြင်း၊ (နိုင်ငံတော်တရား၀င် ထီကံစမ်းခြင်း အပါအ၀င်) ၊ အထက်လူကြီးများမှ အသိမှတ်ပြုခံရခြင်း ။ ခေါင်းဆောင်အဖြစ် ၊ ဥက္ကဌ အဖြစ်၊ အကြီးအမှုးအဖြစ် တင်မြှောက်ခံရတတ်ခြင်း စသည်ဖြင့် ရာဇယုဂ်အကျိုးပေးမျိုးကိုလည်း ခံစားရထိုက်သော ကံဇာတာပိုင်ရှင်များပဲ ဖြစ်ကြပါတယ် ။ ဗုဒ္ဓဟူး ပုတိဖွားများသည် အာဏာစက် ပိုမို ပိုင်ဆိုင်တတ်ကြပြီး ၊ အောင်မြင်မှုလည်း ပိုမိုရရှိတတ်ကြပါတယ်။

ရာဟု ပုတိဖွားများကတော့ အလွန်ကောင်းသော အမာခံ သစ္စာရှိသော လူမှုဆက်ဆံရေး အခြေအနေ အချို့ကို တည်ဆောက်နိုင်ကြလေ့ကို ပိုမိုရရှိလေ့ရှိတတ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဇာတာဖွားတွေရဲ့ ကံကောင်းစေမှု အ၀၀ကို တနင်္ဂနွေဂြိုဟ်သည် ချွင်းချက် မရှိတာ၀န်ယူလုပ်ဆောင်ပေးပါတယ် ။ တနင်္ဂနွေ အင်အားကောင်းနေသမျှ သူတို့တွေကို ကံကောင်းစေနိုင်ပြီး ၊ တနင်္ဂနွေဂြိုဟ် အင်အားနိမ့်သွားလေလေ သို့မဟုတ် ထို တနင်္ဂနွေနှင့် ထိစပ်မှု နဲပါးသွားလေလေ ကံကောင်းမှုတွေလည်း လျော့နည်းသွားလေလေပါပဲ။

ကံဆိုးမှု

ဒီ ဗုဒ္ဓဟူး / ရာဟု ပုတိဖွားတွေအတွက် အဆိုးဆုံး အကျိုးပေးနိုင်သည့် ဂြိုဟ်ဆိုးကတော့သောကြာဂြိုဟ်ပါပဲ ။ ဒုတိယအားဖြင့် အင်္ဂါဂြိုဟ်သည် သူတို့အတွက် ဆိုးကျိုးပေးရာမှာလက်သံပြောင်သော ဂြိုဟ်ဖြစ်လာပါတယ် ။
သောကြာဂြိုဟ်သည် သူတို့ဘ၀မှာ ကံဆိုးမိုးမှောင်ကျပြီး ထောင်ချောက် သို့မဟုတ် သတ်ကွင်းထဲကို တိုး၀င်မိစေသော ကံမျိုးကို ဖြစ်စေတတ်ခြင်း စီစဉ်ထားသည်များ တစ်လွဲတစ်ချော် ကစဉ့်ကလျား ဖြစ်စေတတ်ခြင်း နဲ့ သူခိုးခိုးခံရခြင်း ၊ ဖောက်ထွင်းခံရခြင်း ၊ အဓိကအားဖြင့် မထိမ်းသိမ်း မစောင့်ရှောက်နိုင်ခြင်း တို့ကို ဖြစ်ပွားစေတတ်သော ဂြိုဟ်ပါပဲ ။

အင်္ဂါဂြိုဟ်ကတော့ ဘ၀မှာ ရန်သူဟောင်းတွေ နဲ့ ဘတစ်ပြန် ကျားတစ်ပြန် ပြန်လည်တွေ့ဆုံ အမုန်းပွားရခြင်းကို ပေးသောဂြိုဟ်ဖြစ်သလို အဆင်မသင့်ရင် အရှက်တစ်ကွဲ ဖြစ်စေအောင်လည်းလုပ်ဆောင်ပေးပါတယ် ။ အိမ်ထောင်ရေးမှာဆိုရင်လည်း အင်္ဂါ ဒသာတွေသည် အထူးသတိထားရသော မင်္ဂလာမှု ပျက်လွယ်စေသော ဒသာဆိုးများ ပဲ ဖြစ်လာစေပါတယ် ။

ဂြိုဟ်အိပ်ကာလများနှင့်သူတို့တွေရဲ့ဘ၀ဖြတ်သန်းမှု

အသက် အားဖြင့်(၁၈) မှ (၂၇) နှစ် ကြား စနေဂြိုဟ်အိပ်ကာလများမှာ သူတို့တတွေသည်အတတ်ပညာ ကောင်းများ ၊ အသိပညာကောင်းများ ရရှိခြင်း ၊ ဆရာကောင်းတွေ့ခြင်း ၊ ဥာဏ်ရည် အပွင့်လန်းဆုံး ကာလများအဖြစ် ဖြတ်သန်းရခြင်း ရှိချိန်တွေပါပဲ။ သို့သော် ဒီကာလများအတွင်းမှာပဲ သူတို့မြတ်နိုးသော အချို့သော သက်မဲ့တွေသက်ရှိတွေကို ဆုံးရှုံးလက်လွှတ်ရပြန်ပါတယ် ။

အသက်(၂၈)ကနေ (၄၆)ကြားကတော့ဘယ်လောက်ပဲတော်တော် အမှီကောင်းနဲ့သာနေရာရတတ်သော ကာလမျိုးလို့ ဆိုနိင်ပါတယ် ။
အသက်(၄၇)ကနေ အသက်(၅၈)ကြားကာလသည် ကိုယ်ပိုင်ဆန္ဒများ နဲ့ ကိုယ်ပိုင်အပိုင် ဖြစ်လိုသော အိပ်မက်တစ်ချို့အတွက် အကောင်အထည်ပေါ်လာနိုင်သော ကာလများဖြစ်ပြီး ကံကောင်းမှုအချို့လည်း တစ်ဦးချင်းဆီမှာ အနဲနဲ့အများ ကြုံလာရတတ်ချိန်တွေပါ ။

ထူးဆန်းတာက အသက် (၅၉)နှစ်အရွယ်ကနေနောက်ပိုင်း (တတိယအရွယ်မှာ ) မှ ရန်သူဟောင်းတွေနဲ့ နှောင်ဂျိမ်ပလေးရမယ့် ကံတွေသည်တေ့တေ့ဆိုင်ဆိုင် ပေါ်ပေါက်လာတတ်ခြင်းပဲ ဖြစ်ပါတယ် ။
ဂုဏ်သိက္ခာအချခံရတာတွေ ၊ ရန်သူတွေ၊ မဖြစ်စဖူး ကြုံလာရတဲ့ ကံတွေကို တတိယအရွယ်မှာ မုချ ရင်ဆိုင်ကြရလေ့ရှိကြပါတယ်။
ဒီ ဗုဒ္ဓဟူး / ရာဟု ပုတိဖွားတွေအတွက် ကံကောင်းစေနိုင်သော အမှတ်အသား းသည် ဒေါင်းတံဆိပ် ၊ နေ၀န်းပုံ ၊ နေကြာပန်းပုံ စသည်တို့ ဖြစ်ပါတယ် ။
လက်တွေ့ဆောင်ထားကြည့်ပြီး ကောင်းကျိုးသုခ ခံစားနေကြရသူတွေလည်း ကျွန်တော့်ဘ၀မှာ အကြိမ်ကြိမ်တွေ့ခဲ့ပြီး ဖြစ်ပါတယ် ။ ဒီအမှတ်အသား သို့မဟုတ် ဆောင်ဖွယ်ရာတို့ကို နေအိမ်ရဲ့ အမြင့်ပိုင်း ၊ မင်္ဂလာရှိသောနေရာများ ၊ အလုပ်ခန်း ၊ ဧည့်ခန်း ၊ ဘုရားခန်း စသည်တို့မှာ ထားရှိပေးထားဖို့ အထူးလိုအပ်လှပါတယ်။

ဆရာကောင်း ကြုံနိုင်တတ်ခြင်း ၊ မင်းအစိုးရ တို့နှင့် ပတ်သက်သော ကောင်းကျိုးခံစားရတတ်ခြင်း ကံတွေမှာ ထက်သန်သော ဖွားဇာတာများ ဖြစ်ကြပြီး ၊ ဗုဒ္ဓဘာသာ၀င်လည်း ဖြစ်မယ်ဆိုရင်တော့ နေ့စဉ် မောရသုတ်တော်ကို နံနက်နေထွက်ချိန် (၆)ခေါက်
ညနေ နေ၀င်ချိန် (၆)ခေါက်တိတိကိုအစဉ်အမြဲ ထုံလာအောင် ရွတ်ဖတ်ပူဇော်မှုရှိပါက ကံကောင်းခြင်း ၊ မကောင်းကျိုးများ ပျယ်ဖျောက်လွင့်စင်ခြင်း ၊ အကြီးအမှုးဖြစ်ရခြင်းများ မုချ ရလာနိုင်သည့် ဖွားဇာတာရှင်များပဲ ဖြစ်ကြပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။