တရုတ်ရိုးရာ ဓာတ်ကြီး ၅ ပါးနှင့် ၁၂ ကောင်ရာသီနှစ်ဖွား အယူအဆများအကြောင်း

Astrology

တရုတ်ရိုးရာ ဓာတ်ကြီး ၅ ပါးနှင့် ၁၂ ကောင်ရာသီနှစ်ဖွား အယူအဆများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ရိုးရာ ဓာတ်ကြီး ၅ ပါးနှင့် ၁၂ ကောင်ရာသီနှစ်ဖွား အယူအဆများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


三字經 လာ တရုတ်တို့၏ ဓာတ်ကြီးငါးပါး

五行 မှာ ရေ၊ မီး၊ သစ်သား၊ သတ္တု၊ မြေကြီး 水火木金土 ဟူ၍ ဖြစ်ကြသည်။ ထိုဓာတ်ကြီး ၅ ပါးသည် ဓာတ်အချင်းချင်း အပြန်လှန်အားပေးခြင်း၊ အပြန်လှန်ခိုက်ခြင်း၊ အနိုင်ယူခြင်းတို့ ရှိကြသည်။

ဥပမာဆိုရသော်
金生水 သတ္တု(ရွှေ)သည် ရေကို ထုတ်ပေးသည်။
水生木 ရေသည် သစ်သားကို ဖြစ်ပေါ်စေသည်။ (ရေကြောင့် သစ်ပင်များ ရှင်သန်လာခြင်းကို ဆိုလိုသည်)
木生火သစ်သားသည် မီးကို ဖြစ်ပေါ်စေသည်။ (သစ်သားကို လောင်ကျွမ်းရာမှ မီးဖြစ်ပေါ်လာသည်)
火生土 မီးသည် မြေကြီးကို ဖြစ်လာစေသည်။ (မီးလောင်ကျွမ်းပြီး ဖြစ်ပေါ်လာသောပြာမှ မြေဆီလွှာပြန်ဖြစ်ပေသည်)
土生金 မြေကြီးအောက်မှ သတ္တုရွှေကို ထုတ်ပေးသည်။ (သတ္တုသည် မြေကြီးအောက်မှ တူးဖော်ရရှိပေသည်)
ဤနည်းဖြင့် ဓာတ်ဂုဏ်သတ္တိအချင်းချင်း အပြန်လှန်အားပေးကြလေသည်။

ထို့နည်းတူစွာ 金剋木 သတ္တုရွှေက သစ်သားကို နိုင်သည်။ 木剋土 သစ်သားက မြေကြီးကို နိုင်သည်။ 土剋水 မြေကြီးက ရေကို နိုင်သည်။ 水剋火 ရေက မီးကိုနိုင်သည်။ 火剋金 မီးက သတ္တုရွှေကို နိုင်သည်။ ဤသို့ဖြင့် ဓာတ်ကြီး ၅ ပါးတို့သည် အပြန်အလှန် တိုက်ခိုက်အနိုင်ယူကြလေသည်

ဓာတ်ကြီး ၅ ပါး၏ စာလုံးသရုပ်ဖော်

၁။水 Shuǐ ရေ – ရေ စာလုံးသည် ရေလှိုင်းလေး ၃ လှိုင်း သဏ္ဍာန်မှ ပြောင်းလာခြင်း ဖြစ်သည်။
၂။火 huǒ မီး – မီး စာလုံးသည် ထင်းချောင်းများကိုစုပြီး မီးတောက်ဖြစ်အောင်လုပ်ထားသည့်ပုံစံ ဖြစ်သည်။
၃။木 mù သစ်သား – သစ်သား စာလုံးသည် သစ်ပင်ပုံစံမှ ပြောင်းလဲလာခြင်း ဖြစ်သည်။ 森林 Sēnlín ဆိုသည်မှာ သစ်တောအုပ်ကြီးကို ဆိုလိုခြင်းဖြစ်သည်။ 一 ကို 木 အခြေမှာရေးပါက (အရင်း – 本Běn) ဖြစ်သွားပြီး 木 သစ်ပင်၏ ထိပ်ဖျား၌ တက်ရေးသောအခါ (အဖျား – 末mò) ဖြစ်သွားလေသည်။ တရုတ်စာလုံးများကို ဤသို့မှတ်သားပါက လွယ်ကူပြီး မှတ်သားရလွယ်သည်။
၄။金 jīn သတ္တု – သတ္တု စာလုံး၏ အပေါ်ပိုင်းကို ကြည့်ပါက ခွက်ကလေးမှောက်ထားသလိုပုံစံမျိုး တွေ့ရပေလိမ့်မည်။ ဤသည်မှာ ရှေးခေတ်အခါက သတ္တုကို ခွက်ထဲ၌ အရည်ကျိုပြီး ဓား၊ လှံ၊ ပုဆိန် စသည့် လက်နက်များကို ပုံသွန်းလောင်းဖို့ မှောက်ချထားသည့်ပုံစံကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။
၅။土 tǔ မြေကြီး – မြေကြီး စာလုံးကတော့ မြေကြီးကို စုပုံထားသည့် ပုံစံမှ ဖြစ်လာသည်။

ဓာတ်ကြီး ၅ ပါးနှင့် ၁၂ ကောင်ရာသီနှစ်ဖွား

တရုတ်ရိုးရာဓာတ်သဘောအရ ကိုယ်စားပြုအကောင်ကို နှစ် တစ်နှစ်စီတိုင်းကို ဓာတ်ကြီး ၅ ပါးနဲ့ တွဲဖက်ပြီး ဥပမာ သစ်သား-ယုန်နှစ်၊ မြေကြီး-ယုန်နှစ် စသည်ဖြင့် သတ်မှတ်ထားသည်။ ထို့ကြောင့် ဗေဒင်တွက်ရာ၌ မိမိ၏ ကိုယ်စားပြုအကောင်ကို သိရှိပြီး ကိုယ်စားပြုအကောင်၏ ဓာတ်သဘောကို သိရှိလိုပါက အောက်ပါနည်းလမ်းအတိုင်း ဆန်းစစ်နိုင်သည်။

နံပါတ်၁ (ရွှေဓာတ်) မိမိမွေးသက္ကရာဇ်၏ နောက်ဆုံးဂဏန်း ၀ နှင့် ၁ ဆုံးသောသူများသည် ရွှေဓာတ်ဖြစ်သည်။
နံပါတ် ၂ (ရေဓာတ်) မိမိမွေးသက္ကရာဇ်၏ နောက်ဆုံးဂဏန်း ၂ နှင့် ၃ ဆုံးသောသူများသည် ရေဓာတ်ဖြစ်သည်။
နံပါတ် ၃ (သစ်သားဓာတ်) မိမိမွေးသက္ကရာဇ်၏ နောက်ဆုံးဂဏန်း ၄ နှင့် ၅ ဆုံးသောသူများသည် သစ်သားဓာတ်ဖြစ်သည်။
နံပါတ် ၄ (မီးဓာတ်) မိမိမွေးသက္ကရာဇ်၏ နောက်ဆုံးဂဏန်း ၆ နှင့် ၇ ဆုံးသောသူများသည် မီးဓာတ်ဖြစ်သည်။
နံပါတ် ၅ (မြေကြီးဓာတ်) မိမိမွေးသက္ကရာဇ်၏ နောက်ဆုံးဂဏန်း ၈ နှင့် ၉ ဆုံးသောသူများသည် မြေကြီးဓာတ်ဖြစ်သည်။

*အင်္ဂလိပ်မွေးသက္ကရာဇ်ဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ဥပမာ ၁၉၉၁ ခုနှစ်သည် ဆိတ်နှစ်ဖြစ်ပြီး မွေးသက္ကရာဇ်တွင် ၁ ဂဏန်းဖြင့်ဆုံးသောကြောင့် သတ္တုဆိတ်နှစ်ဖွား ဖြစ်ပေသည်။*

မိမိ၏ အကောင်နှစ်သို့ ရောက်ရှိရန် ၁၁ နှစ်သာ စောင့်ရမည်ဖြစ်သော်လည်း မိမိ၏ ဓာတ်ကိုယ်စားပြု အကောင်နှစ်သို့ ရောက်ရှိရန်မူ နှစ်ပေါင်း ၆၀ ကြာမြင့်ပေသည်။ ဥပမာ သင်သည် သတ္တုကျားနှစ်၌ မွေးဖွားသည်ဆိုစို့၊ သတ္တုကျားနှစ်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရရှိရန် နှစ်ပေါင်း ၆၀ ခန့်ကြာမြင့်သည်ဖြစ်ရာ သတ္တုကျားနှစ်သို့ရောက်ချိန်တွင် သင်၏ အသက်သည် ၆၀ နှစ်သို့ ရောက်နေပေလိမ့်မည်။ ထို့ကြောင့် လူ့သက်တမ်း ၆၀ နှစ်၊ ကိုယ့်မွေးနှစ်အထိနေရပါက လူဖြစ်ရကျိုးနပ်သည်ဟု ပြောကြလေသည်။

ရေးသားသူ – 天下第一

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။