ငွေတွေ ငွေတွေ ၀င်စေ

Astrology

ငွေတွေ ငွေတွေ ၀င်စေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေတွေ ငွေတွေ ၀င်စေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီယတြာလေးနဲ့ အကြွေးမြန်မြန် ပြန်ရအောင်လည်း လုပ်လို့ရသလို ၊ ဝင်ငွေတိုးပွားအောင်လည်းလုပ်လို့ရပါတယ် ။
ဝင်ငွေလည်းသိသိသာသာ တိုးပွားလာတာကို တွေ့ရပါတယ် ။
လုပ်ရမယ့်နည်းလေးက လွယ်ပါတယ် ။ ဘယ်နေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ် ။ ဘေးဥပါဒ်တစ်စုံတစ်ရာမရှိပါဘူး ။ ယုံယုံကြည်ကြည် လုပ်နိုင်ရင် ပိုအစွမ်းထက်တာကို တွေ့ရမှာဖြစ်ပါတယ်

ဗုဒ္ဓဟူးနေ့နံနက် ၇း၀၀ နာရီမှ ၇း၃၀နာရီအတွင်း မိမိအိမ်ဘုရား (သို့) ဆိုင်ခန်းဘုရား သို့မဟုတ် လုပ်ငန်းအခန်းဘုရားရှေ့မှာ ပိုက်ဆံအရွက်ကြီးတစ်ရွက် (ဥပမာ-၅၀၀၀ တန် ၊ ၁၀၀၀၀တန်)ကို ကြေးလင်ဗန်းပေါ်မှာ ဖြန့်ခင်းပြီးတင်ပါ ။ တခြား လင်ဗန်း မရပါ ။ ပြီးရင် ပိုက်ဆံအပေါ်မှာ “ကိုကာကိုလာ”ပုလင်းတစ်လုံးကို အဖုံးဖွင့်၍ ပိုက်တပ်ပြီး တင်ပါ ။ ပုလင်းရဲ့ဘေးမှာ(ပိုက်ဆံပေါ်မှာဘဲ) “သံလိုက်တုံးတစ်ခု”ကို ( ကွန်ပါဗူးအဟောင်း ၊ ကက်ဆက်အဟောင်း ၊ တီဗီအဟောင်းတို့တွင် ရယူနိုင်ပါသည် ။ )တင်ပါ ။ အဲဒီနံဘေးမှာ ဖာလာစေ့ (၉) စေ့ကိုတင်ပါ ။ ပြီးရင်နေအိမ်ဘုရား သို့မဟုတ် ဆိုင်ခန်းဘုရား သို့မဟုတ် မိမိလုပ်ငန်းအခန်းရှိဘုရားကို လှူဒါန်းပေးပါ ။
လှူဒါန်းပြီးလျှင် ဆုတောင်းပါ ။

“ကောင်းမွန်သန့်စင်တဲ့ ပိုက်ဆံတွေ အများကြီး သူ့ဖာသူ ဝင်လာပါစေ ၊ မျှော်လင့်မထားတဲ့ ကောင်းမွန်သန့်စင်တဲ့ ငွေတွေ ၀င်လာပါစေ ” ဟုဆုတောင်းပါ ။

အကြွေးရလိုသူများအနေနဲ့ကတော့
“ကျွနု်ပ်ရရန်ရှိတဲ့ အကြွေးတွေကို ပေးရန်ရှိကြသူတွေက အမြန်ဆုံး သူ့တို့ဖာသာ သူတို့ ပြန်လာပေးကြပါစေ” ဟုဆုတောင်းပါ ။

ဒီကနေ့တင်ပြီး နောက်နေ့မနက် စွန့်ပေးပါ ။
စွန့်ရမှာက “ကိုကာကိုလာ”တစ်မျိုးထဲပါ ။
သံလိုက်တုံး ၊ ကြေးလင်ဗန်း နဲ့ ဖာလာစေ့တွေကိုတော့ သိမ်းဆည်းထားပြီး နောက်တစ်ပါတ်မှာ အခုအတိုင်း ဆက်လုပ်ပေးပါ ။ သုံးကြိမ်အနည်းဆုံး ပြုလုပ်ပေးပါက ၀င်ရမယ့် ငွေကြေးများ ၀င်လာပါမယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။