ဆယ်လီနာနဲ့ The Chainsmokers အဖွဲ့ဝင်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်

Celebrity International News

ဆယ်လီနာနဲ့ The Chainsmokers အဖွဲ့ဝင်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆယ်လီနာနဲ့ The Chainsmokers အဖွဲ့ဝင်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အဆိုတော်မင်းသမီးချောလေး ဆယ်လီနာဂိုမက်ဇ်ဟာ အချစ်သစ်တွေ့သွားတဲ့ပုံပါပဲ။ ဆယ်လီနဲ့ The Chainsmokers တေးဂီတအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဒရူးတာဂျက်တ်တို့ချစ်သူတွေဖြစ်နေတဲ့သတင်းထွက်ပေါ်နေပါတယ်။

ဆယ်လီနာနဲ့ဒရူးတို့က အဖွဲ့ဝင်သီးသန့်ကလပ်တွေသွားပြီးတော့ လျှို့ဝှက်တွေ့ဆုံတာမျိုးတွေမလုပ်ဘူး။ သူတို့ရဲ့ဆက်ဆံရေးကို ဖုံးကွယ်ဖို့ မကြိုးစားဘူး။ အရမ်းပေါ့ပါ့ပါးပါးပဲနေကြတယ်လို့ Us Weekly သတင်းဌာနကဖော်ပြပါတယ်။ သူတို့နှစ်ဦးက ဘိုးလင်းကစားရင်း၊ ရုပ်ရှင်ကြည့်ရင်း အတူတူအချိန်ဖြုန်းကြတယ်။ အတူတူပျော်ရွှင်နေကြတယ်။ ဆယ်လီနာက ဒရူးအပေါ် အရမ်းချစ်ခင်ကြင်နာတယ်လို့လည်း ဆိုထားပါတယ်။

Selena Gomez Feuding with Chainsmokers' Andrew Taggart's Ex? | Music Times
အသက် ၃၀ အရွယ် ဆယ်လီနာက နစ်ခ်ဂျိုးနက်စ်၊ ဂျက်စတင်ဘီဘာ၊ The Weekend လို နာမည်ကြီးတွေနဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒရူးဟာ စတိဗ် ဂျော့စ်ရဲ့အငယ်ဆုံးသမီး အီဗ်ဂျော့စ်နဲ့ ပြီးခဲ့တဲ့လကမှ လမ်းခွဲခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။