အမြစ်ကိုရေလောင်းပါ

Astrology

အမြစ်ကိုရေလောင်းပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြစ်ကိုရေလောင်းပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သစ်ပင်တပင်ရဲ့ အမြစ်ကို ရေမှန်မှန်လောင်းရင် အညွန့်တွေဝေဖြာပြီး ပင်စည်ကြီးထွားမယ် ဒီလိုပဲ ၇နေ့သားသမီးတွေဟာ မိမိမွေးနံအမြစ်ကိုရေလောင်းပေးရင် မိမိဘဝအညွန့်တိုးတက်ပြီး မိမိကြီးပွားချမ်းသာမယ် စည်ပင်ဝပြောလာလိမ့်မယ်။

Watering Plants: How Much Should You Water, and How Often? - Bob Vila

နေ့၇နေ့သားသမီးတွေရဲ့ အမြစ် အညွန့်တွေကတော့

မွေးနံ အမြစ် အညွန့်
၁နွေ စနေ ၂လာ်
၂လာ် ၁နွေ ၃ဂ်ါ
၃ဂ်ါ ၂လာ် ၄ဟူး
၄ဟူး ၃ဂ်ါ ၅တေး
၅တေး ၄ဟူး ၆ကြာ
၆ကြာ ၅တေး စနေ
စနေ ၆ကြာ ၁နွေ

နေ့၇နေ့ရဲ့ အမြစ် အညွန့်ကိုသိပြီဆိုရင် မိမိမွေးနံရဲ့ အမြစ်နံကို ရေလောင်းပေးပေါ့
ရေလောင်းဆိုတာ မိမိမွေးနံရဲ့ အမြစ်နံကို ရေတွေနဲ့”ဗွမ်း””ကနဲလောင်းခိုင်းတာမဟုတ်ဘူး၊ မိမိရဲ့အမြစ်နံကို ပံ့ပိုးပေးခိုင်းတာ အဲ့ဒါဆိုရင် အမြစ်နံအားကောင်းလာပြီး အညွန့်နံတက်လာမယ် စီးပွားရေး ဘဝအညွန့်တက်လာမှာပေါ့

ဒါဆိုရင် မိမိလည်းစည်ပင်ဝပြောလာမယ် အဆင်ပြေမူတွေတိုးပွား လာလိမ့်မယ်ပေါ၊့
၁နွေသားဆိုရင် မိမိမွေးနံအမြစ်ဖြစ်တဲ့ စနေနံကို ပံပို့ပေးပေါ့ စနေနံသင့် နွားကိုအစာကြွေးပါ ၊ဆင်းရဲချို့တဲ့သူကို ကြွေးမွေး၊၂လာ်သားဆိုရင် ဖခင်သို့မဟုတ် အဖကဲ့သို့အားကိုးရသူကို ကူညီထောက်ပံ့ပေး၊၃ဂ်ါသားဆိုရင် ခွေး ခို ကြက် ငါး အစာကြွေး၊၄ဟူးသားဆိုရင် ဆိတ် စာလေး အစာကြွေး၊၅တေးသားဆိုရင် ဝက်ကိုအစာကြွေး သားသမီးအရွယ်ခလေးငယ်ကို မုန့်ကြွေးပါ

၆ကြာသားဆိုရင် မြင်း ဘဲ အစာကြွေး ဘုန်းကြီးရဟန်းတော်တွေကို လှုဒါန်း၊စနေသားဆိုရင် သီလရှင်ကို လှူဒါန်း၊တပါတ်တခါ မိမိမွေးနေ့တိုင်းမှာ မှန်မှန်လုပ်ကြည့်ပါ သိသာထင်ရှားလာပါလိမ့်မယ် မိမိအခြေအနေတိုးတက်ပွားစီးလာပါလိမ့်မယ်၊

အမြစ်ကိုရေလောင်းပါဆိုတာ တခြားသောဆရာတွေရဲ့ပညာဖြန့်ဝေမူ့ကို ကျနော်ဖတ်မိလိုက်လို့ ကျနော်လည်း မျိုးဆက်သစ်တွေအတွက် ဆက်လက်ပြီး
ပညာလက်ဆင့်ကမ်းပေးလိုက်တာပါ။

ရေးသားသူ – နက္ခတ္တဗေဒ ဆရာလှိုင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။