အိမ်‌ထွက်အောင် ဓာတ်ရိူက်ခြင်းနှင့် ဓာတ်ခိုက်ခြင်း

Astrology

အိမ်‌ထွက်အောင် ဓာတ်ရိူက်ခြင်းနှင့် ဓာတ်ခိုက်ခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အိမ်‌ထွက်အောင် ဓာတ်ရိူက်ခြင်းနှင့် ဓာတ်ခိုက်ခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုလိုကာလ ရောက်လာပြီဆိုအိမ်ရောင်းချင် သူတွေ အလျှိုလျှို ပေါ်ထွက်လာကြပါ
တယ်။ အဲ့ဒီမှာ သိသင့်တာလေးတွေ အနဲငယ် ပြောပြချင်ပါတယ်။
ဘာလို့လဲ ဆိုတော့ အိမ်ရောင်းဖို့ ဓာတ်ရိူက်ရင် လူထွက်တက်လို့ပါပဲ။
ဒီလို ပြေားလို့ အနည်ငယ် လန့်‌သွားလိမ့်မယ် အံ့ဩသွားလိမ့်မယ် ထင်ပါတယ်။
မအံ့ဩပါနဲ့ဒါဟာ နံတူ ထိခိုက်ခြင်း ကိစ္စ ပညာစကားနဲ့ ပြေားရရင်နံတူဓာတ်ခိုက်ခြင်း ကိစ္စဖြစ်ပါတယ်။ရှောင်လွဲလိူ့ မရတဲ့ ကိစ္စဖြစ်ပါတယ်။ဓာတ်ရိူက်ရင် ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ကိစ္စပါပဲ။ဓာတ်ရိူက်လို့ ထိပြီဟေ့ ဆိုလျှင် နံတူ သက်ရှိ အရင်ထိတက်ပါတယ်။
သတိထားဖို့ လိုပါတယ်။

အိမ်ရောင်းထွက်အောင် ဓာတ်ရိူက်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။
ဥပမာ အိမ်ရဲ့ မြောက်အရပ်ကနေ ပဉ္စပွတ်နေ့ ဆပွတ် အခါမှာ သီးညွှန့် ၂၁ ညွှန့်နဲ့
၂၁ ခါ ရိူက်လိုက်ရင်လည် အိမ်ရောင်းထွက်ပါတယ်။
ဒါမှ မဟုတ် ပဉ္စပွတ်နေ့ ဆပွတ် အခါမှာပဲဖက်သန်း ညွှန့် ၁၁ နဲ့ ရိူက်ရင်လည် အိမ်ရောင်းထွက်ပါတယ်။
ဒါမှ မဟုတ် ဩဇာ ၂၁ ညွှန့်နဲ့ စရေအခါမှာ ဓာတ်ရိူက်ရင်လည် အိမ်ရောင်းထွက်ပါတယ်။

အိမ်ရောင်းထွက်စေတဲ့ ဓာတ်ရိူက်နည်းတွေ အများကြီး
ရှိပါတယ်။ဒါပေ့မယ့် နံတူ တနင်္ဂနွေ သားသမီးတွေ အိမ်မှာ ရှိနေရင် ဒီဓာတ်ရိူက်နည်းတွေ နဲ့ ရိူက်ဖို့ မသင့်တော် တော့ပါဘူး။ဘာကြောင့်လဲဆိုနံတူ တနင်္ဂနွေသားသမီးတွေ ကို သွားပြီး ခိုက်တက်လို့လို့ပါပဲ။

အိမ်ရောင်းထွက်အောင် ဓာတ်ရိူက်ပြီဆိုကနဲ့က နံတူ တနင်္ဂနွေသားသမီးတွေ ခိုက်ဖို့ သေချာ နေပါပြီ။ရှောင်လို့ မရပါဘူးတိုက်ရိုက်မထိလည်း လှည့်ပက် ထိတက်ပါတယ်။
ထိပုံချင်းတော့ တူမှာ မဟုတ်ပါဘူး။အိမ်ကနေ ထွက်သွားတာ။
ဆေးရုံ ရောက်သွားတာ။ အိပ်ရာထဲ လဲသွား အကြောင်းတစ်မျိုးမျိုးနဲ့ ထိမှာပါပဲ။
ရန်တွေ တအားများလာတဲ့ အထိ ထိတက်သလို။ကျန်းမာရေးဗုန်းဗုန်းလဲသွားတဲ့အထိ ထိတက်ပါတယ်။နောက်ဆုံး လူခိုက်သွားတဲ့ အထိ ဖြစ်တက်ပါတယ်။ထိပုံချင် တူမှာ မဟုတ်ပါဘူး။

အင်္ဂဝိဇ္ဇာပညာခန်းမှာ နံတူသက်က အthayရ ဆိုတဲ့
ပညာခန်းရှိပါတယ်။ဒါကြောင့် နံတူ ထိရင် ကြောက်ဖို့ ကောင်းပါတယ်။လုပ်ရတဲ့ အကြောင်းတရားကိုက ထွက်စေတဲ့ အကြောင်းတရားလေ။၀င်အောင် လုပ်တာမှ မဟုတ်တာ။မထွက် ထွက်အောင် ထုပ်ပစ်တဲ့ သဘောရှိတာကြောင့်
အိမ်မှာရှိနေတဲ့ နံတူ တနင်္ဂနွေသားသမီးတွေ ခိုက်ခြင်းဖြစ်ပါတယ်။ဒီတော့ ထွက်ခြင်းမှာ ထွက်ခက်ခက်တာတွေ ရှိမယ်ဆိုတာ ငြင်းလို့ မရပါဘူး။ငြိမ်နေတဲ့အရာ
တည်နေတဲ့အရာကို ထွက်အောင် ထုပ်ပြီဆိုကတည်ကအခြေအနေတစ်ခုက အခြေအနေတစ်ခုကို ပြောင်းလဲ ပစ်လိုက်တဲ့ သဘောတရား ဖြစ်ပါတယ်။

ဒါကြောင့် အိမ်ကို ရောင်းထွက်အောင် ဓာတ်ရိူက်တယ်ဆိုတာ လွယ်တယ်သွားပြေားလို့ မရပါဘူး။အိမ်ကို ဓာတ်ရိူက်တယ်ဆိုတာအိမ်ကြီးရွှေ့သွားတာ မဟုတ်ပါဘူး။ဈေးဗန်းထဲမှာ အိမ်ကို ထည့်ရောင်းရတဲ့ ကိစ္စမဟုတ်ပါဘူး။အိမ်က သူဟာသူ နေတာပါ။ မလှုပ်ပါဘူး ၊ ငြိမ်နေမှာပါပဲလှုပ်သွားတာက လူပါ။လူပြောင်းသွားတာပါ ၊ ဒါကို အိမ်ရောင်းထွက်သွားတယ်လို့ ခပ်လွယ်လွယ် ပြောကြခြင်း ဖြစ်ပါတယ်။

ဒီ‌သဘောတရားကို ကြည့်လိုက်ရင် ဘာကြောင့် အိမ်နဲ့ နံတူ တနင်္ဂနွေသားသမီးတွေ ထွက်တက်လဲဆိုတာရှင်းသွားလောက်ပါပြီ။အိမ် ရောင်းထွက်တယ်ဆိုတာ လူပြောင်းမှာလေ။လူရွှေ့မှာလေ ဒီတော့ ထိခြင်းထိ နံတူတဲ့ လူကိုပဲ အရင်ဆုံးထိတော့မှာပေါ့။ဒါက သဘာ၀ကျပါတယ်။အိမ်ရဲ့တန်ဖိုးလိုချင်တဲ့ ငွေကြေးအတိုင်းအတာကာလရောင်းလိုသူ ရဲ့ကံ အနေအထားဒါတွေဟာ မသိချင်ယောင် ဆောင်လို့ မရပါဘူးအိမ်ရဲ့တန်ဖိုးဟာ သိန်းတစ်ထောင် တန်မယ်။လိုချင်တဲ့ ငွေကြေး အတိုင်းအတာက သိန်း၂ထောင်လောက်အချိန်က အရောင်းအ၀ယ်အေးနေတဲ့ အချိန်မျိုးရောင်းချင်သူရဲ့ ကံမှာ ငွေနံက လုံး၀ ညံ့နေပြီဆိုရင်အဲ့ဒီအိမ်ဟာ ဘယ်လိုမှ ရောင်းထွက်တော့မှာ မဟုတ်ပါဘူး။
အဲ့ဒီ ဟန်ချက်တွေ ညီနေမှ ရောင်းထွက်ပါတယ်။ဟန်ချက်တွေမညီတဲ့ သဘောတွေ ရှိနေတဲ့ အထဲကအတင်း မထွက် ထွက်အောင် ဓာတ်ရိူက်မယ်ဆိုရင်စောစောက ပြေားတဲ့ နံတူ ထိတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ် လာတော့တာပါပဲ။

နံတူ မရှိဘူးဆိုရင် ဓာတ်ရိူက်လို့ ရပါတယ်။နံတူရှိနေပြီဆိုရင်တော့ ဓာတ်ရိူက်လို့ မရပါဘူး။ဒိပြင်နည်းတွေနဲ့ အိမ်ကို ရောင်းထွက်အောင် လုပ်ရမှာဖြစ်ပါတယ်။

ဥပမာ မိမိနဲ့ နီးစပ်ရာ ဘုရားတစ်ဆူဆူ မှာ သစ်သီးမျိုးစုံမနက်စောစော သွားရောက် လှူဒါန်းပြီးရင်အိမ်နံပါတ် ၊ လမ်း ၊ လိပ်စာ တိတိကျကျနဲ့ အိမ်ကိုရောင်းထွက်ချင်ပါတယ် ၊ ဆိုပြီး ဘုရားရှိတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ၊ပြောရပါမယ်။

တကယ်လို့ အိမ်ရောင်းထွက်သွားရင် ဒီဘုရားမှာ ရှိတဲ့သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ကန်တော့ပွဲ ဘယ်နှစ်ပွဲနဲ့လာရောက်ပြီး ဘုရားမှာ တစ်ဆင့် လှူဒါန်ပါမယ်လို့
ကတိက၀တ် ပြုရပါမယ်။အိမ်ရောင်းထွက်သွားရင်လည် လုံး၀မေ့လို့ မရပါဘူး။
မိမိ ပြေားထားတဲ့ ပွဲ အရေအတွက်နဲ့ လှူဒါန်းပေးရပါမယ်။

ဒီနည်းဟာ နံတူတွေကို လုံး၀ မခိုက်ပါဘူး ဒါပေ့မယ့်မိမိ ပြေားထားတဲ့ ပွဲ အရေအတွက်နဲ့ ကတိ တည်ဖို့လိုအပ်ပါတယ်။အားလုံးပဲ အိမ်ရောင်းထွက်ချင်သူတွေ ရောင်းထွက်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။