ဗဟန်းက Taxiသမားမှ ခရီးသည် မိန်းကလေးကို ထိုးကြိတ်

Local News

ဗဟန်းက Taxiသမားမှ ခရီးသည် မိန်းကလေးကို ထိုးကြိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗဟန်းက Taxiသမားမှ ခရီးသည် မိန်းကလေးကို ထိုးကြိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ ဒီနေ့ (17 Jan) နေ့လည် 1 နာရီလောက်မှာ Excel Towerဘေးက ဓမ္မာရုံရှေ့မှာ ဂိတ်ထိုးထားတဲ့ Taxiကို ငှားခဲ့ပါတယ်

Taxiသမားက ဖြူဖြူ ပြည့်ပြည့် အရပ် ၅ပေ ၄လောက် ရှိပါတယ် ကားနံပါတ်ကတော့ 4H 3927 Probox အဖြူပါကားကို ငှားချိန်မှာ မြေနီကုန်းနားက သုခလမ်းလို့ ပြောငှားပါတယ် သူက ၃၀၀၀ လို့ ပြောပါတယ် သုခလမ်းဆိုတာ Spirits အနောက်ဘက်မှာပါ
Deliveryတွေ လာလို့ စမ်းချောင်းလို့ ပြောရင် ညစျေးဘက်လို့ ထင်တတ်ကြလို့ ဒီဘက်ကို မြေနီကုန်းလို့ပဲ ပြောပါတယ် Spirits ဆိုတာလည်း မြေနီကုန်းပါ ညီမသွားမယ့်နေရာက Spirits နားပါ

မြေနီကုန်း ဒဂုံစင်တာ/ ဂမုန်းပွင့်နား ရောက်ချိန် ဘယ်လမ်းလဲ မေးပါတယ် ညီမက ဟိုဘက်ခြမ်းဆိုတာ ရှင်းပြပါတယ် သူက အဲ့တာက စမ်းချောင်း ဒီဘက်က မြေနီကုန်း မြေနီကုန်းဆိုလို့ ၃၀၀၀နဲ့ လိုက်တာ စမ်းချောင်းက ၄၀၀၀ ဆိုပြီး ပြောပါတယ်
အဲ့တာနဲ့ ညီမက ကားရပ်လိုက်ပါဆိုပြီး ဆင်းဖို့ လုပ်ပါတယ် မီးပွိုင့်လွတ်နေတော့ ပြောရင်းဆိုရင်းနဲ့ ပဒုမ္မာပန်းခြံရှေ့ ရပ်ဖို့ သူလုပ်ပါတယ်

ညီမက မနက်ကလည်း အဲ့ဘက်ကနေပဲ Excel Towerကို ၃၀၀၀ နဲ့ပဲ ငှားခဲ့တာ ရပ်လိုက်ပါ ဆင်းလိုက်ပါတော့မယ်လို့ ပြောလိုက်တာပါဒါကို ရပ်မလို လုပ်ပြီးမှ City martဘက်ကို လီဗာတင် မောင်းပါတယ် ဒါ အလိုမတူဘဲ ခေါ်သွားတာ ပြန်ပေးဆွဲမှု မြောက်ပါတယ်

ညီမအစက ထင်တာ မရပ်တော့ စိတ်ပြောင်းလို့များ ဒီဘက်ထိ လိုက်ပို့မလို့လားပေါ့ ဒါပေမယ့် ပြည်သူ့ရင်ပြင် Happy Zone ဘက် ကွေ့လိုက်ချိန် မှားနေပြီလို့ သိလိုက်ပါတယ်

ဘယ်မောင်းနေတာလဲဆိုတော့ ရွှေဂုံတိုင်မှာ ပြန်ချမယ် ဆိုပြီး ပြောပါတယ် လမ်းမှာ တွေ့တာမို့ လမ်းမှာ ပြန်ထားရင် ညီမ အရွဲ့တိုက်ပြီး လိုက်ပါတယ် အခုက ရွှေဂုံတိုင်မှာ သူဂိတ်ထိုးထားတာပါ

ကားပေါ် တက်ကာနီးကတောင် ငါပြန်လာခဲ့မယ်လို့ အဲ့နားက ကားသမားတွေကို ပြောနေတာ ညီမတို့ ကြားပါတယ် သူ့လူတွေရှိတဲ့ နေရာကို မိုက်ကြေးခွဲ ခေါ်တာပါ
အဲ့တာကြောင့် ကားတံခါးကို ဖွင့်ပစ်လိုက်ပါတယ် ဒါလည်း သူမရပ်ပေးပါ Happy Zoneရှေ့မှာ ရပ်ထားတဲ့ ကားတွေကို သူတံခါးနဲ့ ဝင်တိုက်ပါတယ်

ကား၂စီးတောင် တိုက်မိပြီးချိန် ညီမတို့က တံခါးပြန်မပိတ်တာ သိမှ သူရပ်ပါတယ် ညီမက ဆင်းလိုက်ချိန် အတူပါတဲ့ သူငယ်ချင်းက သူ့ကို ပြေလည်ရာပြေလည်ကြောင်းပြောပြီး ကားခပေးဖို့ လုပ်ပါတယ်

နောက်က တိုက်ခံရသူတွေက လိုက်လာပြီး လျော်ခိုင်းတာ သူမောင်းလို့ ထိတာကို နင်တို့လျော်ဆိုပြီး လွှဲချတော့ စကားထပ်များပါတယ် ( ညီမ ရဲစခန်းအထိ သွားခဲ့ပါတယ် ရဲတွေကလည်း ဒီလို Caseက ကားသမားမောင်းလို့ ဖြစ်တာမို့ ကားသမားလျော်လို့ ပြောတာပါ )

သူက ဝူးဝူးဝါးဝါး ပြောဆိုနေလို့ ညီမက ပြန်ပြောပါတယ် နောက်ဆုံး မိန်းကလေး ဖြစ်တဲ့ ညီမကို ထိုးပါတယ် ညီမသူငယ်ချင်းက ဝင်ကာပေးတာတောင် ယောကျာ်းလေးဖြစ်တဲ့ သူငယ်ချင်းကို မလုပ်ဘဲ ညီမကိုပဲ မဲထိုးတာပါ

အနားက အကိုတွေ ဝိုင်းဆွဲလို့ ညီမ လူကွဲသွားတာပါ ဒါကို ညီမ သူငယ်ချင်း လက်ကောက်ဝတ်ကို ဆွဲထားတာ မလွှတ်ပေးပါ ဘေးက လူတွေက ဆွဲလားရမ်းလားမလုပ်နဲ့ ဘာညာဆိုမှ လွှတ်ပါတယ်

မကွဲလွယ်တဲ့ မျက်မှန်က မှန် စိစိညက်ညက် ကြေပါတယ် မိန်းကလေးကို အဲ့လောက်အားနဲ့ ထိုးတာပါ အနားက ကလေးတွေက လွင့်သွားတဲ့ မျက်မှန်ကို ပြန်ရှာပေးကြပါတယ် ညီမက မျက်မှန်မပါ မမြင်ရပါ ကလေးတွေကို မှန်တဖက် မမကို ကူရှာပါဦးဆိုတော့ ကလေးတွေက ကွဲနေတဲ့ မှန်တွေပဲ တွေ့ပါတယ် သူငယ်ချင်းရဲ့ မျက်မှန်လည်း ကွဲပါတယ် မျက်မှန်၂လက် တန်ဖိုးတင် အတော်များပါတယ်

အခု အမှုဖွင့်ဖို့ ပြင်ထားပါတယ် အရှေ့တည့်တည့်မှာ စမ်းချောင်းစခန်းရှိပေမယ့် ပြဿနာပြီးဖို့ပဲ အာရုံစိုက်နေတော့ စခန်းထဲ ခေါ်ဖို့ သတိမရလိုက်ပါဘူး သတိရတော့ အမှုသွားဖွင့်ပါတယ် စခန်းက ဒဂုံအပိုင်မို့ ဒဂုံကို သွားခိုင်းပါတယ်
ဒဂုံကို ရောက်တော့ ရဲတွေက ချက်ချင်း ဂိတ်ကို သွားဖမ်းပေးပါတယ် သူထိုးတဲ့ ရွှေဂုံတိုင်ဂိတ်က သူ့မိတ်ဆွေတွေကလည်း ကလိမ်ကကျစ်နဲ့ ဖုံးဖိပြီး သူကားဒီမှာ မထိုးဘူး မသိဘူးလို့ လိမ်ပေးပါတယ်

ဒါကြောင့် အဲ့ဂိတ်က Taxiတွေကို မစီးပါနဲ့ ရှောင်ကြပါ တခုခုဖြစ်လာရင် ဝိုင်းဖုံးဖိပေးထားတဲ့ အလိုတူအလိုပါတွေပါ

ပြဿနာဖြစ်ချိန်က ဝင်ကူညီပေးတဲ့ ကားသမားအကိုတွေ၊ လမ်းညွှန်ပေးတဲ့ အမ မြင့်ဇူ၊ စခန်းတွေကို လိုက်ပို့ပေးပြီး ကူညီပေးတဲ့ Taxiဆရာ အကို၂ယောက်ကို အများကြီး ကျေးဇူးတင်ပါတယ်နော် လို့ကြုံ့တွေ့ခဲ့ရတဲ့ ကောင်မလေးကသူမရဲ့လူမှုကွန်ယက်မှာအခုလိုရေးသားအသိပေးခဲ့တာဖြစ်ပါတယ်

ရေးသားသူ – Bahan Information II

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။