ဘတ်စ်ကားပေါ်မှာ ခြေထောက်တက်နင်းမိလို့ဆိုပြီး မျက်နှာကို ၅ ချက် ဆွဲ Htoe သတဲ့..

Local News

ဘတ်စ်ကားပေါ်မှာ ခြေထောက်တက်နင်းမိလို့ဆိုပြီး မျက်နှာကို ၅ ချက် ဆွဲ Htoe သတဲ့..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘတ်စ်ကားပေါ်မှာ ခြေထောက်တက်နင်းမိလို့ဆိုပြီး မျက်နှာကို ၅ ချက် ဆွဲ Htoe သတဲ့.. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော် အလုပ်ကိစ္စနဲ့ ဗဟန်း လမ်းဆုံမှတ်တိုင်ကနေ ပုဇွန်တောင်ဘက်သွားဖို့ YBS (၇၉)ကား စီးဖြစ်ပါတယ်။ အချိန်က နေ့လယ် (၁၂)နာရီခွဲ ဝန်းကျင်ပါ။ ဘတ်စ်ကားပေါ်မှာ နေရာလုံးဝမရှိဘဲ မတ်တပ်ရပ်နေတဲ့သူတွေ များပါတယ်(ပြည့်ကျပ်နေတဲ့ အချိန်တော့ မဟုတ်ပါဘူး) ဒီလိုနဲ့ နေရာလေးရအောင်လို့ ကားနောက်ဘက်သွားရင်း လူတစ်ယောက်ရဲ့ ခြေထောက်ကို နင်းမိလိုက်ပါတယ်၊ ပါးစပ်က Sorry ပါလို့ ပြောလိုက်မိပါတယ်

အဲဒီအချိန်မှာပဲ လုံးဝ မထင်မှတ်ထားတဲ့ အချက်တွေနဲ့ (၅ ချက်ဝန်းကျင် )မျက်နှာကို ဆွဲ Htoe ပါတော့တယ်။ ပါးစပ်ကလည်း မင်း သက်သက်နင်းတာဆိုပြီးတော့ပါ။ ရုတ်တရုတ်မို့ ကျွန်တော်လည်း လူက ထူပူသွားပြီးတော့ မျက်နှာတစ်ဖက် နာကျင်သွားတာပဲ သိပါတယ်။ မျက်မှန်လည်း လွင့်ထွက်သွားပါတယ်..၊ ကားပေါ်က ခရီးသည်တွေရော၊ ကားဆရာကရော ဒီအတိုင်းပဲ ကြည့်နေတာပါပဲ..

ခြေထောက် မတော်တဆ နင်းမိတာကို ဒီလောက်တောင် ဖြစ်သွားခံရမှန်း ဘယ်အချိန်ကမှ မတွေးမိ၊ မစဉ်းစားမိခဲ့ပါဘူး။ လူကြားထဲ ရှက်လည်းရှက် ထူလည်းထူပူပြီး ပျောက်သွားတဲ့မျက်မှန်ကို ခရီးသည်တစ်ဦးက ရှာဖွေပေးပြီးတော့ ကားဆရာကို ကျွန်တော် ချက်ချင်း ရဲစခန်းမောင်းခိုင်းပါတယ်၊ ကားပေါ်မှာ ဘယ်သူမှ ဝင်မဆွဲသလို၊ မဆိုင်သလို အနေအထားမျိုးတွေပါပဲ..

ခုနက ဆွဲ Htoe တဲ့ သူကတော့ ကားအနောက်မှာ သွားထိုင်နေပြီး ခဏအကြာ ဆင်းပြေးဖို့ လုပ်ပေမယ့် ကျွန်တော်က ကားဆရာကို တံခါးမဖွင့်ခိုင်းပါဘူး။ ကားကလည်း ရဲစခန်းကို ဦးတည်ခြင်း မရှိဘဲ တာမွေပလာဇာ ကားမှတ်တိုင်မှာ ကားရပ်တော့ ခုနကသူက အေးအေးဆေးဆေးပဲ ဆင်းသွားပါတယ်။ ကားပေါ်ကသူတွေကို အဲဒီလူကို မသွားစေဖို့ အော်ပြီး အကူအညီတောင်းသလို ကားမှတ်တိုင်ကသူတွေကို အကူအညီတောင်းရာမှာလည်း တစ်ဦးတစ်ယောက်မှ မကူညီကြပါဘူး..၊ ဟိုလူကတော့ အေးရာအေးဆေးပဲ မှတ်တိုင်မှာ ကျန်ခဲ့ပါတယ်
.
မျက်နှာမှာ အကြိမ်ကြိမ် Htoe ခံရတဲ့ ဒဏ်ရာနဲ့ နားတစ်ဖက်မှာ ဒဏ်ရာတွေ ရခဲ့ပါတယ်..၊ ဘတ်စ်ကား တစ်ခါစီးဖို့အတွက် အစစအရာရာ ဂရုပြုနေရတဲ့ အခြေအနေပါပဲ။
ကိုယ့်ရှေ့မှာ မတရားမှုတစ်ခုရှိရင်လည်း ရှောင်ဖယ်သွားတတ်ကြတဲ့သူတွေကို ကြုံတွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်..

အားလုံးက ကံ ကံ၏ အကျိုးပါပဲဗျာ..
Bus ကားစီးရင် အစစအရာရာ သတိထားပါခင်ဗျာ
လူအချင်းချင်း ကူညီတတ်ကြပါစေ လို့ရန်ကုန်သား travel vlog page က သူ့ရဲ့ကြုံတွေ့ရတဲ့အဖြစ်အပျက်ကိုပြန်လည်ပြောပြထားတာဖြစ်ပါတယ်

ရေးသားသူ – Yangon Thar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး