အင်ဒိုနီးရှားမှာ TikTok ကနေ တောင်းရမ်းစားသောက်သူများလာလို့ အစိုးရပါ ဝင်ထိန်းနေရ

Funny International News Local News

အင်ဒိုနီးရှားမှာ TikTok ကနေ တောင်းရမ်းစားသောက်သူများလာလို့ အစိုးရပါ ဝင်ထိန်းနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်ဒိုနီးရှားမှာ TikTok ကနေ တောင်းရမ်းစားသောက်သူများလာလို့ အစိုးရပါ ဝင်ထိန်းနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံက တောင်းရမ်းစားသောက်သူတွေကတော့ အရင်ကလို နေပူမရှောင်၊ မိုးရွာမရှောင်၊ လမ်းဘေးမှာ မတောင်းကြတော့ပါဘူး။ နည်းပညာရေစီးအလျင်ကို အမီလိုက်ပြီး TikTok ကနေ တောင်းနေကြပါပြီ။ သနားစရာကောင်းတဲ့ TikTok ဗီဒီယိုလေးတွေ ရိုက်ပြပြီး virtual gifts လို့ခေါ်တဲ့ အွန်လိုင်းလက်ဆောင်တွေ တောင်းကြတာပါ။

Begging 2.0 – Indonesian Beggars Get on TikTok Instead of Going Out on the  Street

TikTok မှာ အွန်လိုင်းလက်ဆောင်ပေးချင်သူတွေဟာ TikTok ငွေဒင်္ဂါးဝယ်ရပြီး ငွေဒင်္ဂါး ၁၀၀ အတွက် အမေရိကန်ဒေါ်လာ ၁.၂၉ ပေးရပါတယ်။ နှင်းဆီတစ်ပွင့်ကို ဒင်္ဂါးပြား ၁ ပြား၊ ကိတ်မုန့်တစ်စိတ်ကို ဒင်္ဂါးပြား ၂၀ အစရှိသဖြင့် သတ်မှတ်ထားတာပါ။ တောင်းရမ်းစားသောက်သူတွေဟာ TikTok ကနေ သူတို့ရတဲ့ လက်ဆောင်တွေကို ငွေသားနဲ့ ပြန်လဲလှယ်ကြတာ ဖြစ်ပါတယ်။

အဲဒီလို အွန်လိုင်းကနေ တောင်းရမ်းစားသောက်မှု အားကောင်းလာလို့ အင်ဒိုနီးရှားအစိုးရကပါ ဝင်ထိန်းရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား လူမှုရေးဝန်ကြီးက အွန်လိုင်းနဲ့ ပြင်ပ နှစ်နေရာလုံးမှာ တောင်းရမ်းစားသောက်မှုတွေကို ဟန့်တားဖို့ ဝန်ထမ်းတွေကို မှာကြားထားပါတယ်။

အင်ဒိုနီးရှားဟာ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ TikTok အသုံးပြုသူ ဒုတိယအများဆုံးဖြစ်ပြီး အသုံးပြုသူ ၁၀၇ သန်းနီးပါး ရှိပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။