အမျိူးသမီးတွေရဲ့ သားအိမ်၊ နို့မြတ် နဲ့ ဆီးရောဂါအပြင် အမျိူးသားရောဂါတွေအတွက်ပါ အစွမ်းထက်တဲ့ ဖလံတောင်ဝှေး

Health
အမျိူးသမီးတွေရဲ့ သားအိမ်၊ နို့မြတ် နဲ့ ဆီးရောဂါအပြင် အမျိူးသားရောဂါတွေအတွက်ပါ အစွမ်းထက်တဲ့ ဖလံတောင်ဝှေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိူးသမီးတွေရဲ့ သားအိမ်၊ နို့မြတ် နဲ့ ဆီးရောဂါအပြင် အမျိူးသားရောဂါတွေအတွက်ပါ အစွမ်းထက်တဲ့ ဖလံတောင်ဝှေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိူးသမီးတွေရဲ့ သားအိမ်၊ နို့မြတ် နဲ့ ဆီးရောဂါအပြင် အမျိူးသားရောဂါတွေအတွက်ပါ အစွမ်းထက်တဲ့ ဖလံတောင်ဝှေး

နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြားရောဂါတို့ကိုကုသရာ၌ အမြစ်ကိုသုံးသည်။ နားပြည်ယို၊ နားကိုက်ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာမီးကင်ပြီး အတန်ကြာအေးစေ၍ အရည်ညှစ်ယူ ၎င်းအရည်ကိုနားအတွင်းသို့ ၃-၄ စက်ခန့် မကြာမကြာထည့်ပေးရ၏။ချောင်း ဆိုးရောဂါ၊ သာမာန်နှလုံးတုန်ရောဂါတို့ကို ဖလှံတောင်ဝှေးဟင်းချက်စားခြင်း၊ နှမ်းဆီစစ်စစ်ဖြင့်ကြော်စားခြင်းတို့ဖြင့် သက်သာစေနိုင်သည်။

ဒူလာရောဂါကို ဖလန်တောင်ဝှေး သုံးခွက်တစ်ခွက်တင်ကိုသောက်လျှင် ပျောက်၏။ ဖလှံတောင်ဝှေးဥကိုအခြောက်ခံ အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက ပို၍ပျောက်ကင်း၏။ဖလန်တောင်ဝှေးကို ငါးခူနှင့်ချက်စားပါက ကာမအားကို ဖြစ်စေသည်။ ငါးသိုင်းသားနှင့်ချက်စားက သွေးဝမ်းရောဂါပျောက်စေသည်။ ပုစွန်နှင့်ကြော် ချက်စားလျှင် သွေးဝမ်းရောဂါပျောက်စေသည်။ နွားသားနှင့်ချက်စားပါက ဆီးရွှင်ပြီး ကျောက် ကပ်ရောဂါကို ကာကွယ်စေနိုင်ပါသည်။

ရေကြက်သားနှင့်ချက်စားလျှင် ဆီးကျောက်တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအားနည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကိုပျောက်စေသည်။ ဖလန်တောင်ဝှေးကို ဓါးပြား

ရိုက်၍ဟင်းချက်သောက်ကအမျိုးသမီးများ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်းတို့ ကို ပျောက်စေနိုင်သည်။ဖလန်

တောင်ဝှေးကို အခြောက်လှန်းအမှုန့်ပြု၍ အုန်းဆီနှင့်ဖျော်ပြီး စအိုနှင့်ဆီးစပ်ကိုလိမ်းထားပါက သားအိမ်လျှောကျခြင်း၊ သားအိမ်အောင့်ခြင်း၊ ယောကျာ်းအူကျခြင်း၊ တိုနာဖြစ်ခြင်းတို့ကို ပျောက်စေသည်။ဖလှံတောင် ဝှေး ပဉ္စငါးပါးကို

ငရုတ်ကောင်း ၂ စေ့ထည့်၍ ကျကျပြုတ်သောက်ပါက

ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။

ဖလန်တောင်ဝှေးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့်တေ၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့တစ်ကြိမ်စားသုံးခြင်းခြင့် အားအင်ကုန်ခမ်းခြင်းကို ပြန်လည်အားဖြည့်စေသည်။ မိန်းမများ ရင်သားတွင်ဖြစ်ပေါ်တက်သော သာမာန်အကြိတ်များအား ဖလန်တောင်ဝှေးကိုထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကိုကျေစေသည်။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။