လိပ်ဗေဒင်ဟောကိန်း

Astrology

လိပ်ဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိပ်ဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိပ်ဗေဒင်ဟောကိန်း

စူဠရတနာကျမ်းစာအုပ်တွင် ဖော်ပြပါရှိသော လိပ်ဗေဒင်ဟောကိန်းကို ရေးသားအပ်ပါသည်။

မိမိရောက်သက်ကိုတည်၍(၇)နှင့်စားရပါသည်။ စားကြွင်းအတိုင်း ပုံတွင်ဖော်ပြထားသည့် ဦးခေါင်း ဂဏန်းကစ၍ လက်ယာရစ်(နာရီလက်တံအတိုင်း) ရေတွက်ပါ။ ကျရာဂဏန်းကို မှတ်သား၍ဟောကိန်း ကို ဖတ်ရှုနိုင်ပါသည်။

လွယ်ကူရှင်းလင်းအောင် ရောက်သက်ကို တည် (၇)နှင့်စားပါ။

တစ်ခုကြွင်းလျှင်- ဦးခေါင်းဟောကိန်း၊
နှစ်ခုကြွင်းလျှင်- ညာလက်ဟောကိန်း၊
သုံးခုကြွင်းလျှင်- ညာခြေဟောကိန်း၊
လေးခုကြွင်းလျှင်- အမြီးဟောကိန်း၊
ငါးခုကြွင်းလျှင်- ဘယ်ခြေဟောကိန်း၊
ခြောက်ခုကြွင်းလျှင်-ဘယ်လက်ဟောကိန်း၊
သုညကြွင်းလျှင်- ဝမ်းဟောကိန်းကို ဖတ်ပါ။
(အသင့်တွက်ပြီး ဇယားမှာ ကြည့်နိုင်ပါသည်)

နမူနာ-၁

အသက်(၂၅)နှစ်ရှိသူတစ်ဦးကို တွက်ချက်လို ပါက ပထမ(၇)နှင့်စားပါ။ အကြွင်း (၄) ရမည်။ ယခုသက်ရောက်နှစ်အတွက် ဟောကိန်းကို သိလို ပါက လေးကြွင်းသောကြောင့် အမြီးဟောကိန်းကို ဖတ်ပါ။

နမူနာ-၂

အသက်(၆၅)နှစ်ရှိသူတစ်ဦးကို တွက်ချက်လို ပါက ပထမ(၇)နှင့်စားပါ။ အကြွင်း (၂) ရမည်။ ယခုသက်ရောက်နှစ်အတွက် ဟောကိန်းကို သိလို ပါက နှစ်ကြွင်းသောကြောင့် ညာလက်ဟောကိန်း ကို ဖတ်ပါ။

၁-ခုကြွင်း (ဦးခေါင်း)အဟော

ဦးခေါင်းသို့ကျလျှင် ဇွဲ၊ လုံ့လ၊ ဝီရိယစွမ်းအား ကြောင့် အောင်မြင်မှုရမည့်အချိန်ဖြစ်သည်။ အခက် အခဲများကို ရင်ဆိုင်ယှဉ်ပြိုင်ကာ အောင်နိုင်၍ ထိပ်တန်းသို့ မုချရောက်မည့်အချိန်ကာလဖြစ်သည်။ စန်းပွင့်မည်။ စုတ်လာဘ်ဝင်မည်။

ဤနှစ်အပိုင်းအ ခြားတွင်ရပ်ဝေးသို့ခရီးသွားရခြင်း(သို့မဟုတ်)နိုင်ငံခြား အဆက်အသွယ် အကျိုးဖြစ်ထွန်းခြင်းတို့ရှိမည်။ ရာထူးဂုဏ်ထူးရှိသူ လူကြီးသူမ အကြီးအကဲတို့၏ အကူအညီကို ရရှိမည်။ ဘ၀အဆင့်အတန်း မြင့်မား တိုးတက်မည်။ ကြိုးစားသလောက် အောင်မြင်ခရီး ရောက်မည်။

အထူးသတိပြုရန်မှာ အကျိုးထူးပေး၍ အောင်မြင်မှုရနိုင်သော်လည်း ခြေလေးချောင်း၊ ခြေ နှစ်ချောင်းဝင်ရန် စုတ်လာဘ်များမှာ အားကြီးလွန်း နေသည်။ ထို့ကြောင့် ခြေနှစ်ချောင်း၊ ခြေလေး ချောင်းတို့ဝင်လာလျှင် အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ပါ။ စုတ်နှင့်လာဘ် နှစ်ရပ်မကွဲ မှတ်စမြဲ ခဲခဲယဉ်းယဉ်းဖြစ်သတည်းဆိုသည့် ရှေး လင်္ကာကလည်း ရှိနေသည်။

ဤနှစ်တွင် ခရီးယာယီများမည်။ သို့မဟုတ် အိမ်အပြောင်းအရွှေ့ရှိမည်။ ရောင်းရေးဝယ်တာ စီးပွားရေးကိစ္စများတွင် ခရီးသွားလာရင်းနှင့်စိတ်ကူး ကောင်းများ ပေါ်ပေါက်ရရှိတတ်သည်။ ဌာနဆိုင်ရာ နှင့်ပတ်သက်ပြီး လုပ်ကိုင်ရသောလုပ်ငန်းဆိုလျှင် တစ်နေ့တစ်ရက်တည်းနှင့် ကိစ္စမပြီးပြတ်နိုင်ပါ။

အချိန်ကြာမြင့်မှ လုပ်ငန်းဆောင်တာများ ပြီးမြောက် နိုင်ပါသည်။ ဤနှစ်တွင် လူပျိုအပျို ချစ်သူနှင့်တွေ့ ခြင်း၊ အိမ်ထောင်ကျခြင်းဖြစ်လာနိုင်သည်။ စုတ်ဝင် လျှင် လာဘ်ဝင်နည်းမည်။ စီးပွားရေးညံ့လာမည်။ သို့သော် မင်းစိုးရာဇာနှင့်လက်တွဲ၍ အကျိုးခံစားရ နိုင်သည်။

၂-ခုကြွင်း (ညာလက်)အဟော

ကုသိုလ်ကံ အသင့်အတင့်ရှိမည်။ စီးပွားရေး မှာ မရှားမပေါဘဲရှိမည်။ စီးပွားဥစ္စာ မဆုတ်ယုတ် သကဲ့သို့ ထူးထူးခြားခြား မတိုးတက်ဘဲ တန်း၍နေ မည်။ မိမိ၏စွမ်းရည်၊ တီထွင်မှုအကြံဉာဏ်အတိုင်း အတာကို မူတည်၍ ဝီရီယအကျိုးခံစားရမည်။ ဤကာလတွင် စိတ်နှလုံး မတည်ငြိမ်ဘဲ မသာတစ် ချက် သာတစ်ချက်ဖြစ်နေမည်။ မိမိ ဝေဒနာခံစားရ ကိန်းရှိသည်။ ခရီးဝေးထွက်လျှင် သတိကြီးစွာထား သင့်သည်။

ဤကာလသည် တိုးတက်မှုနှောင့်နှေး ကြန့်ကြာတတ်၏။ စိတ်တည်တည်ငြိမ်ငြိမ်ထား ဘ၀တိုးတက်ရေးအတွက်အသိတရားများရှာဖွေရင်း အတတ်ပညာများတိုးတက်သည့်အခွင့်အလမ်းများရ ရှိမည်။ဤနှစ်၌ စီးပွားရေးနှင့်ရောင်းရေးဝယ်တာတွင် ဉာဏ်စွမ်းရှိသရွေ့ အထိုက်အလျောက်အကျိုးဖြစ် ထွန်းနိုင်သည်။ အဆိုးကြီးလည်းမဟုတ်၊ အကောင်း ကြီးလည်းမဟုတ်ပေ။ မိမိ၏ဆက်ဆံသူများက မိမိ ကို မထေမဲ့မြင်ပြုခြင်းကြုံရတတ်သည်။သည်းမခံနိုင် ပါက အမှုအခင်းဖြစ်တတ်သည်။

စိတ်သောကကို လျှော့ပါ။ မိမိအတွက် သိက္ခာမကျနိုင်ပါ။ တခြားစီ နေသော ဆွေမျိုးသားချင်းများနှင့်လည်း စိတ် သဘောထားချင်း ကွဲလွဲပြီး စကားပြောရမည်။ ဤ သည်မှာလည်း အကြောင်းမဟုတ်၊ ပြီးတော့လည်း ပြီးသွားပါလိမ့်မည်။ နည်းနည်းသတိပြုရန်မှာ မိမိ နေထိုင်ရာအရပ်မှ မြောက်ဘက်နှင့်အနောက်ဘက် ကို အသွားအလာ ဆင်ခြင်ရန်ဖြစ်သည်။

၃-ခုကြွင်း (ညာခြေ)အဟော

ဤအသက်အပိုင်းအခြားတွင် ခဲရာခဲဆစ် ကြိုးစားလျှောက်လှမ်းရသောအချိန်အခါဖြစ်ပေသည်။ အတိုက်အခံ၊ အတားအဆီးတို့တွေ့ကြုံရတတ်ပါ သည်။ မိမိဥစ္စာပစ္စည်း ပျောက်ပျက်ဆုံးရှုံးခြင်း၊ အလိမ်အကောက်ခံရခြင်းတို့ကို သတိထား၍ရှောင် ရှားသင့်သည်။ လုပ်ငန်းများမှ ငွေအရနှေးနေမည်။ ပြိုင်ဘက် လွန်စွာများပြားမည်။

စိတ်နှလုံး တည်ငြိမ် စွာဖြင့် တွေ့ကြုံရသောအခက်အခဲ၊ အမှုအခင်းများ ကို ရင်ဆိုင်ဖြေရှင်းမှ အောင်နိုင်မည်။ ဝင်ငွေများ မည်ဖြစ်သော်လည်း လိုငွေပြနေမည်။ ခေါင်းမူးဝေ တတ်သည်။ ချစ်သူ ခင်သူတို့နှင့်စိတ်သဘောထား မတိုက်ဆိုင်မှုများရှိမည်။ ဤကာလတွင် စကားပြော ဆိုရာ၌ဆင်ခြင်မှသာ တန်ကာကျမည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဦးထိပ်ထားမှသာ အောင်နိုင်မည်။

ဤနှစ်တွင်မိမိ၏အောက်လက်ငယ်သားများ၊ သားသမီးများ၏ တန်ပြန်တော်လှန်ခြင်းကိုခံရတတ် သည်။ မိမိအိမ်ထောင်ဖက်ကပင် မိမိကို မထေမဲ့မြင် ပြုတတ်သည်။ နွား၊ ကိုယ်နှင့်မကွာရှိတတ်သော လက်စွပ်၊ အဝတ်အထည်များ ပျောက်တတ်သည်။ ပျောက်လျှင် ပြန်ရရန် မလွယ်၊ ပြန်ရလျှင်လည်း မိမိကို ခိုက်တတ်သည်။ အနောက်တောင်နှင့် မြောက်အရပ်က လူပုပု၊ စကားများများပြောတတ် သောသူကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်တတ် သည်။

မိမိ၏အပေါင်းအသင်းဟောင်းများလာရောက် တည်းခိုတတ်ပါသည်။ သူတို့ကို သုံးရက်ထက်ပို၍ လက်မခံပါနှင့်။ ပိုကြာလျှင် စကားများရတတ်သည်။ မိမိကိုယ်တိုင် ခရီးယာယီအကြံအစည်ရှိနေတတ် သည်။ ထို့အတွက် ဆန္ဒမစောပါနှင့်။ မွေးလမှ ငါးလကျော်လျှင် အားလုံးအထမြောက်ပါလိမ့်မည်။

၄-ခုကြွင်း (အမြီး)အဟော

ဤကာလတွင် အခက်အခဲ အတားအဆီး များရှိမည်။ အိမ်တွင်းရေးမှာလည်း အဆင်မပြေမှု များ အနည်းငယ်ရှိမည်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရ မည်။ မိတ်ဆွေအတုအယောင်၊ အလိမ်အညာ ရောက်လာတတ်သဖြင့် သတိထား၍ရှောင်ရှားသင့် သည်။ သူတစ်ပါးစကား ယုံကြည်လျှင်မှားတတ် သည်။ တရားမဝင်သော ကတိစာချုပ် မှားယွင်း၍ လက်မှတ်ရေးထိုးခြင်းမပြုရန် သတိပြုရမည်။

မိမိ နားမလည်သော၊ မတတ်ကျွမ်းသော လုပ်ငန်းသစ် များ စတင်၍မလုပ်ကိုင်မိရန် လိုသည်။မိမိကျွမ်းကျင် သော လုပ်ငန်းများကသာ သေချာသောဝင်ငွေကို ပေးလိမ့်မည်။ သတိထား၍ ဖြည်းဖြည်းမှန်မှန် ကြိုးစားပါက အောင်မြင်မှုများရရှိလာမည်။

ဤနှစ်တွင် စကားပြောဆင်ခြင်နိုင်မှတန်ကာ ကျမည်။ မိမိမှာ ဩဇာအာဏာမရှိဘဲနှင့်မှန်တိုင်း မပြောဘဲ ဆင်ခြင်ပါ။ မည်မျှကောင်းသည့်အကြံ အစည်ဖြစ်စေ အထမြောက်ရန် မလွယ်ကူလှပါ။ ဈေးမှားဝယ်ခြင်း၊ ပစ္စည်းမှားဝယ်ခြင်းကြုံရတတ် သည်။

မကောင်းသောသူ၊ ကောက်ကျစ်သောသူ ကို လူကောင်းထင်ပြီး လက်ခံမိတတ်သည်။ မိမိ လက်အောက်ငယ်သားအပြောအဆိုမတတ်မှုကြောင့် ကြားကနေပြီး ခေါင်းရှုပ်ရမည်။ စီးပွားရေးနှင့်ရောင်း ရေးဝယ်တာ ဟန်မကျသည့်အထဲတွင် သူခိုးဘေး၊ မီးဘေးကလည်း ဒုက္ခပေးနိုင်သေးသည်။ ထို့ပြင် အတွင်းရန်ကလည်း အားကြီးနေသည်။

အထူးသဖြင့် စနေသားသမီး၊ ဗုဒ္ဓဟူးသားသမီးများ၏ကြံစည်မှု ကြောင့် စိတ်ရောလူပါ ဒုက္ခရောက်ရမည်။ ဖြစ်တတ် သော ဝေဒနာများမှာ ဆီးပူရောဂါ၊ ဆီးကျင်၊ ဆီး အောင့်ရောဂါ၊ ဆီးကျောက်တည်ရောဂါများဖြစ်၏။ ခွေးကိုက်၊ ကင်းကိုက်ခံရတတ်ပါသည်။ အဆိပ်ရှိ သတ္တဝါ သတိထားပါ။

၅-ခုကြွင်း (လက်ဝဲခြေ)အဟော

အခက်အခဲများကို ကျော်ဖြတ်၍ ကံတရားက မိမိဘက်တွင်ရှိနေပြီး အောင်မြင်မှုများရရှိမည့်အချိန် ဖြစ်ပါသည်။ တစ်ဝက်တစ်ပျက်နှင့် စိတ်မပျက်ဘဲ ပြီးစီးအောင်လုပ်မှသာ အောင်မြင်မည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်မှုများရရှိမည်။ ပညာရေးနှင့်ပတ်သက်၍ ကံအထူးကောင်းမွန်မည်။

အချစ်ရေးနှင့်ပတ်သက်၍မိမိရည်မှန်းထားသလောက် အဆင်မပြေသေးဘဲရှိနေမည်။ ထူးခြားသော အသိ ဉာဏ်များ ပွင့်လန်းရရှိလာမည်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် အကြီးအကဲများထံမျအကူအညီ များ ထူးကဲစွာရရှိ၍ အောင်မြင်မှုသရဖူဆောင်းနိုင် မည်။ နိုင်ငံရပ်ခြားနှင့်ခရီးဝေးများသွားရတတ်သည်။

၆-ခုကြွင်း (လက်ဝဲလက်)အဟော

ဘ၀အခြေအနေတိုးတက်ရန် အခွင့်အလမ်း ကောင်းများစွာကို တွေ့ရမည်။ ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားလျှင် အောင်မြင်မည်။ အနာဂတ် ရှေ့ရေးအတွက် တည်ဆောက်ရန် အကောင်းဆုံး အချိန်ကာလဖြစ်ပေသည်။လုပ်ငန်းသစ်များလေ့လာ ၍စတင်လုပ်ကိုင်နိုင်မည်။ ယခုအချိန်တွင် အချစ်ရေး ကိစ္စများအောင်မြင်မည်။

အဆင့်အတန်းဂုဏ်သိက္ခာ မြင့်မားသောချစ်သူ၏အကူအညီများစွာရရှိပြီးအောင် မြင်မှုများရလိမ့်မည်။ ချစ်သူ၏အကြံဉာဏ်ကောင်း များကိုလည်းရရှိကာ ဖြည်းဖြည်းမှန်မှန်လျှောက် လှမ်းခြင်းဖြင့် ပျော်ရွှင်သောဘ၀ခရီးကို ရရှိမည်။

သုည(၀)-ကြွင်း (ဝမ်း)အဟော

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုန်းကန် လှုပ်ရှားရလိမ့်မည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာတစ်ရပ်ရပ်ကို သင်ကြားရ၍ တတ် မြောက်အောင်မြင်လိမ့်မည်။ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။ မိမိ၌ရှိသော ငွေပင် ငွေရင်းနှင့်သာချိန်ဆ၍ လုပ်ကိုင်သင့်သည်။ ငွေတိုး နှင့်ချေးခြင်း အကျိုးမပေးပါ။

ခရီးသွား၍စီးပွားရှာခြင်း ထက် တစ်နေရာရာတွင် ရပ်တည်၍စီးပွားရှာခြင်းက အကျိုးကျေးဇူး ပိုမိုရရှိမည်။ ဝမ်း၊ ရင်နှင့်ပတ်သက် သော ရောဂါဝေဒနာရတတ်သည်။ သတိပြုပါ။

ဤနှစ်တွင် အနောက်အရပ်ကိုသွားလျှင် သတိထားပါ။ ကြာသပတေးနံနှင့်ပတ်သက်သော အမှုအခင်းများ တွေ့ကြုံရတတ်သည်။ သူများအမှု ကို ကိုယ်ကဝင်၍ဖြေရှင်းရင်း မိမိပါ ဒုက္ခရောက် တတ်သည်။ အကယ်၍ ထိုကဲ့သို့ပြဿနာမျိုးကြုံ လာပါက တနင်္ဂနွေသား၊ သောကြာသားတို့ကို အဖော်ပြုပြီး ရင်ဆိုင်ဖြေရှင်းပါ။

အချစ်သစ်ကြောင့် အိမ်ထောင်ရေး ပြိုကွဲတတ်မည်။ သတိထားပါ။ မည်သို့ပင်ဆိုစေ ဤနှစ်အပိုင်းအခြားတွင် စိတ်ရှည် ရှည်နှင့်ကြိုးစားပါက နှစ်ဝက်လောက်တွင် အောင် မြင်မှုအသီးအပွင့်များကို ခံစားရရှိလိမ့်မည်။ သင်၏ ဘ၀ အထွတ်အထိပ်ကို ရောက်ရှိမည့်အချိန်ကာလ ကောင်းပင်ဖြစ်ပေသည်။

ရေးသားသူ – ညွန့်လွင် (စက်မှုတက္ကသိုလ်) ညွန့်ခိုင်မာ(ကျောက်ဆည်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။