ကျောင်းကို နေ့တိုင်း လမ်းလျှောက်လာရတဲ့ ကျောင်းတံခါးစောင့်ကြီးကို ကျောင်းသားတစ်စုက ကားတစ်စီးလက်ဆောင်ပေး

International News Local News

ကျောင်းကို နေ့တိုင်း လမ်းလျှောက်လာရတဲ့ ကျောင်းတံခါးစောင့်ကြီးကို ကျောင်းသားတစ်စုက ကားတစ်စီးလက်ဆောင်ပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောင်းကို နေ့တိုင်း လမ်းလျှောက်လာရတဲ့ ကျောင်းတံခါးစောင့်ကြီးကို ကျောင်းသားတစ်စုက ကားတစ်စီးလက်ဆောင်ပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောင်းကို နေ့တိုင်း လမ်းလျှောက်လာရတဲ့ ကျောင်းတံခါးစောင့်ကြီးကို ကျောင်းသားတစ်စုက ကားတစ်စီးလက်ဆောင်ပေး

ကျောင်းတစ်ကျောင်းက ကျောင်းသားတစ်စုဟာ လူတစ်ယောက်ကို သူတို့ရဲ့ရက်ရောမှုနဲ့ ချစ်ခြင်းမေတ္တာတရားကို ပြသခဲ့ပါတယ်။ အဲဒီကျောင်းသားတွေက သူတို့ရဲ့ကျောင်းတံခါးစောင့်ကြီးကို နေ့တိုင်း လမ်းလျှောက်ပြီး ကျောင်းမလာစေချင်တဲ့အတွက် ကားတစ်စီးလက်ဆောင်ပေးခဲ့ကြတာပါ။ ကျောင်းတံခါးစောင့်ကို ကျောင်းသားတွေက ကားတစ်စီးလက်ဆောင်ပေးပြီး အံ့အားသင့်အောင်လုပ်ခဲ့တဲ့ ဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ကျောင်းသားတစ်စုက ကျောင်းတံခါးစောင့်ကြီးရဲ့မျက်လုံးကို အဝတ်စနဲ့အုပ်ပြီးတော့ အနီရောင်ဗူးလေးတစ်ခုပေးခဲ့ပါတယ်။ ပြီးတော့ အထဲမှာ တစ်ခုခုရှိမရှိ စမ်းကြည့်ဖို့လည်း ကျောင်းတံခါးစောင့်ကို ပြောခဲ့တာတွေ့ရပါတယ်။ ကျောင်းတံခါးစောင့်ကြီးက ဘာမှမရှိသလိုပဲလို့ ပြောလိုက်တော့ ကျောင်းသားတစ်ယောက်က ကားသော့ကို ထုတ်ပြီး ဗူးထဲထည့်ပေးခဲ့တယ်။ ထပ်ပြီးစမ်းကြည့်လိုက်ပါဦးလို့လည်း ပြောခဲ့တယ်။ နောက်တော့ ကျောင်းစောင့်ကြီးက ကားသော့ကို စမ်းမိသွားခဲ့တယ်။ “အဲဒါ ဘာလဲဆိုတာ သိရဖို့ အဆင့်သင့်ဖြစ်ပြီလား”လို့ ကျောင်းသားတစ်ယောက်က မေးတော့ မစ္စတာဂျိုးဆိုတဲ့ ကျောင်းတံခါးစောင့်က “အဆင့်သင့်ဖြစ်ပြီ”လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။

“မစ္စတာဂျိုးရဲ့ အလုပ်ကြိုးစားမှုအတွက် ကျွန်တော်တို့အားလုံး ကျေးဇူးတင်တာပါ။ ကျောင်းသားတွေစုပြီး ခင်ဗျားအတွက် တစ်ခုခုလုပ်ပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်လုံး ကျောင်းကို လမ်းလျှောက်လာခဲ့ရတာကို ကျွန်တော်သိထားတယ်။ ကျွန်တော်တို့ ဘွဲ့ရပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ခင်ဗျားအပေါ်ကျေးဇူးတရားကို ပြသချင်ခဲ့ရုံပါ။ ဘယ်တော့မှ လမ်းလျှောက်စရာမလိုတော့ပါဘူး”လို့ ကျောင်းသားတစ်ဦးက ဆိုခဲ့ပါတယ်။

မစ္စတာဂျိုးက မျက်လုံးအုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်တဲ့အချိန်မှာ ကားတစ်စီးကို မြင်လိုက်ရတဲ့အတွက် အံ့အားသင့်သွားခဲ့ရပါတယ်။ ကျောင်းသားတွေက သူ့အတွက် ကားလို့ ပြောတာတောင် မယုံကြည်နိုင်ဖြစ်သွားခဲ့တာပါ။ မစ္စတာဂျိုးက “ကျောင်းက ဒီကားကို ပေးခဲ့တာလား၊ မင်းတို့ပေးတာလား။ ဘယ်သူပေးတာလဲ”လို့ မေးခွန်းတွေထုတ်ခဲ့ပါသေးတယ်။ တကယ်တော့ ကျောင်းသားတွေအားလုံးက သူ့ကို ချစ်ကြတဲ့အတွက် သူတို့အားလုံး ပိုက်ဆံစု၊ ရန်ပုံငွေရှာပြီး ကားဝယ်ပေးခဲ့ကြတာပါ။ မစ္စတာဂျိုးကလည်း ပျော်လွန်းလို့ ကားလက်ဆောင်ပေးခဲ့တဲ့ ကျောင်းသားတွေကို ပွေ့ဖက်ပြီးတော့ ကျေးဇူးတင်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။