ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါကအလျှင်မြန်ဆုံးကုသနည်း

Health
ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါကအလျှင်မြန်ဆုံးကုသနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါကအလျှင်မြန်ဆုံးကုသနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါကအလျှင်မြန်ဆုံးကုသနည်း

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနားသွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။ အထူးသဖြင့် တောရပ်နေပြည်သူတို့ကြုံတတ်ကြလေသည်။

ဆေးနည်း – ထိုသို့ဖြစ်ပါလျှင်ဆူပွက်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။

ပြီးလျှင်ဆားကော်ဖီဇွန်း(၁)ဇွန်းစာ၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာ၊ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။

ဝမ်းလည်းရပ်သွားပါလိမ့်မယ်။အားလည်းမယုတ်လျော့ပါဘူး။

သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူ တိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လို့ဆိုပါတယ်။ဝမ်းလျောခြင်းဖြစ်ရပ်များနှင့်ကြုံတိုင်း နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရရှိသောဤ

ဆေးလေးဖြင့် ကိုယ်တိုင်ရော ၊ပတ် သက် ဆက်နွယ်သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ဝမ်းလျောခြင်းအတွက် အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။(ဆရာဝန်၊ဆေးရုံ၊ဆေးခန်းပြသကုသရန်ခက်သူတို့အတွက်သာ) လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ..။

ရေးသားသူ –Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။