ငှက်ကျားကို ချက်စားပြီး အချိုရည်ဖလားကို သိမ်းပိုက်လိုက်တဲ့ ယူနိုက်တက်

International News Sports
ငှက်ကျားကို ချက်စားပြီး အချိုရည်ဖလားကို သိမ်းပိုက်လိုက်တဲ့ ယူနိုက်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငှက်ကျားကို ချက်စားပြီး အချိုရည်ဖလားကို သိမ်းပိုက်လိုက်တဲ့ ယူနိုက်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငှက်ကျားကို ချက်စားပြီး အချိုရည်ဖလားကို သိမ်းပိုက်လိုက်တဲ့ ယူနိုက်တက်
FULL TIME : Man United 2-0 Newcastle

လန်ထွက် ပျံတက်နေတဲ့ တန်ဟက်ရဲ့ မန်ချက်ကတော့ မာလှပါချည်ရဲ့ ဆိုတဲ့ နယူးကာဆယ် ခံစစ်ကိုမှ နှစ်ဂိုးသိပ်ပြီး ဖလားလေးလုံးရဲ့ ကနဦးအစ အဖြစ် ကာရာဘောင်း အချိုရည်ဖလားကို သိမ်းပိုက်ပြီး ငါးနှစ်ကျော် ခွက်ပျောက်နေခဲ့ရမှုကို ပြည်ဖုံးကားချပြီး မန်ယူပြန်လာပြီ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

“နိုင်ရင်နိုင် မနိုင်ရင်ကိုင်” ဆိုတဲ့ မူကို ဆွဲကိုင်ထားတဲ့ ဘိလပ်လူမိုက်အသင်းဖြစ်တဲ့ နယူးကာဆယ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပေမယ့် ယူနိုက်တက်အသင်းသားတွေဟာ သရဲနီ DNA၊ နိုင်လိုစိတ်ပြင်းတဲ့ Passion တို့နဲ့အတူ ငှက်ကျားကို ဝင်ဘလေကွင်းမှာ ချက်စားပြီး ဖလားသိမ်းနိုင်ခဲ့တာပါ။

ပထမပိုင်း ကနဦးမိနစ်တွေမှာ ကာဆယ်က ကစားပုံ ထိထိမိမိနဲ့ ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကမ္ဘာ့ဖလားချန်ပီယံ ခံစစ်ကို တိုးပေါက်ခဲ့ခြင်း မရှိပဲ သရဲနီတပ်သားတွေဟာ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အပြင်းအထန် ခုခံခဲ့ကြပါတယ်။

အဲ့နောက်မှာတော့ လုရှောရဲ့ သေပ်တဲ့ ဖြတ်တင်ပေးမှုကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ဖြစ်တဲ့ Tank ကြီးက ခေါင်းတိုက်ပြီး သွင်းခဲ့တာကြောင့် သရဲနီတ်ို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဘလွန်းဒီအောဆုရှင်လောင်း ဒေါက်တာရဲ့ ကန်သွင်းမှူဟာ ဘော့မန်းကို ထိပြီး ဂိုးပေါက်နဲ့ မိတ်ဆက်သွားခဲ့တာကြောင့် ပထမပိုင်းမပြီးခင်မှာပဲ သရဲနီတို့ ဖလားမြှောက်ရဖို့ ကြိမ်းသေသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ငှက်ကျားတို့ဟာ ပြန်လာနိုင်ဖို့ တိုက်စစ်အစွမ်းကုန်မြှင့်ပြီးကစားခဲ့ပေမယ့် ဂရိတ်ဝေါလို ခိုင်မာလှတဲ့ ယူနိုက်တက်ခံစစ်ကို ဖြိုချဖို့ ဘယ်လိုမှ မစွမ်းနိုင်ဖြစ်ခဲ့ရပြီး အဆုံးသတ်မှာတော့ ဆရာဟက်ရဲ့ ယူနိုက်တက်ဟာ နယူးကာဆယ်ကို သပ်ရပ်စွာနဲ့ပဲ အနိုင်ယူရင်း အချိုရည်ဖလားကို ကိုင်မြှောက်ကာ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့ရတဲ့ ယူနိုက်တက်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ည ဝင်ဘလေကွင်းကြီးမှာတော့ ” Glory Glory Man United ” ဆိုတဲ့ သီဆိုသံတွေဟာ တလောကလုံးမှာ အကျယ်လောင်ဆုံး ဖြစ်နေတော့မှာ အသေအချာပါပဲ။

ရေးသားသူ – Myanmar Premier League Fans

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။