အပိုင်းပိုင်းခုတ်ထစ်thetဖြတ်ချက်ပြုတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပျောက်နေဆဲ

Celebrity International News Local News

အပိုင်းပိုင်းခုတ်ထစ်thetဖြတ်ချက်ပြုတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပျောက်နေဆဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အပိုင်းပိုင်းခုတ်ထစ်thetဖြတ်ချက်ပြုတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပျောက်နေဆဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပိုင်းပိုင်းခုတ်ထစ်thetဖြတ်ချက်ပြုတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပျောက်နေဆဲ

အက်ဘ်ဘီ ချွိုက် ဆိုသူ ဟောင်ကောင်မော်ဒယ်၊ Fashion Influencer ဟာ Tai Po ခရိုင်၊ Lung Mei ရွာက နေအိမ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရက်ရက်စက်စက်အပိုင်းပိုင်းခုတ်ထစ်thetဖြတ်ခံခဲ့ရပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အက်ဘ်ဘီရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့ဦးခေါင်းကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရှာတွေ့ခဲ့ပြီး နောက်ထပ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရဲတပ်ဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲပါပဲ။

အက်ဘ်ဘီရဲ့ဦးခေါင်းကို သူ အthetခံခဲ့ရတဲ့နေအိမ်မှာ ရှာတွေ့ခဲ့တဲ့ စွပ်ပြုတ်အိုး (၂) အိုးထဲက တစ်အိုးမှာ တွေ့ရှိခဲ့ရတာပါ။ နုတ်နုတ်စဉ်းထားတဲ့အသားတွေနဲ့ ပြည့်လျှံနေတဲ့ စွပ်ပြုတ်အိုးတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရှိခဲ့ချိန်တုန်းကတော့ အိုးတွေထဲမှာ လူသားတစ်သျူးရှိတယ်လို့ပဲ အတည်ပြုနိုင်ခဲ့တာပါ။ အိုးတွေကို စစ်ဆေးဖို့ ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ အိုးတစ်ခုထဲမှာ နံရိုးတချို့နဲ့ ဦးခေါင်းကို မှုခင်းဆေးအဖွဲ့က တွေ့ရှိခဲ့တာပါ။

ဦးခေါင်းခွံဟာ တစ်ကြိမ်ထုခြေထားခံရတယ်လို့ ယူဆရပါတယ်။ ချက်ပြုတ်ခံထားရပြီးနောက်မှာ ဦးခေါင်းခွံမှာ ဆံပင်တွေတော့ မရှိတော့ပါဘူး။ မုန်လာဥနီ၊ မုန်လာဥစိမ်းတို့နဲ့အတူ ပါးပါးလှီးထားတဲ့အသားအနည်းငယ်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အက်ဘ်ဘီရဲ့လက်တွေနဲ့ ရင်ပိုင်းတွေကိုတော့ ရှာမတွေ့သေးပါဘူး။

လက်ရှိမှာတော့ အက်ဘ်ဘီ ချွိုက်ကို thetဖြတ်ခဲ့တယ်လို့ သံသယရှိထားတဲ့ ခင်ပွန်းဟောင်း အသက် ၂၈ နှစ်အရွယ် အဲလက်ဇ် ကွမ်နဲ့ သူ့မိသားစုဝင် ၃ ဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် အစ်ကိုဖြစ်သူ၊ အသက် ၆၅ နှစ်အရွယ်ဖခင်ဖြစ်သူ၊ အသက် ၆၃ နှစ်အရွယ် မိခင်ဖြစ်သူတို့ကို ဖမ်းဆီးထားပါတယ်။ အဲလက်ဇ်ကွမ်၊ သူ့ရဲ့ဖခင်နဲ့အစ်ကိုတွေကို လူthetမှုနဲ့ တရားစွဲဆိုထားပါတယ်။

မိခင်ဖြစ်သူကိုတော့ တရားမျှတမှုလမ်းစဉ်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီအမူကို တရားရုံးမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ကြားနာမှာဖြစ်ပါတယ်။ ထွက်ပြေးဖို့ Tung Chung ကမ်းနားပိုင်းမှာ စပိဘုတ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေတဲ့ အဲလက်ဇ်ကွမ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းမှာ ဖမ်းမိပြီးနောက် နေထိုင်မကောင်းလို့ ဆေးရုံတက်နေတယ်လို့ သိရပါတယ်။

အက်ဘ်ဘီ ချွိုက်က အခုလိုအဖြစ်ဆိုးကြီး ဘယ်ကစဖြစ်တာလဲဆိုတာ ပြောရရင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အက်ဘ်ဘီက ခင်ပွန်းဟောင်းအဲလက်ဇ်နဲ့ရထားတဲ့ သမီးဖြစ်သူကို Tai Po မှာ သွားခေါ်ဖို့ အဲလက်ဇ်ရဲ့အစ်ကိုဖြစ်သူရဲ့ကားထဲဝင်စီးပြီးခဲ့တဲ့နောက်မှာ အဲလက်ဇ်ရဲ့အစ်ကိုရဲ့ရိုက်နှက်ခံရပြီး သတိလစ်သွားခဲ့တယ်လို့ HKo1 သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီနောက် Lung Mei ရွာက နေအိမ်ကို ခေါ်သွားခံခဲ့ရပြီး အthetခံလိုက်ရတာပါ။

အက်ဘ်ဘီချွိုက်ရဲ့ဆွေမျိုးတွေက သူ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေပိုင်းကနေစပြီး ဆက်သွယ်လို့မရတော့တာကြောင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မနက်ပိုင်းမှာ လူပျောက်တိုင်ကြားခဲ့တာပါ။ အက်ဘ်ဘီရဲ့ကားမောင်းသမားက အဲလက်ဇ်ရဲ့အစ်ကိုဆိုတာ သိထားတဲ့အတွက် ရဲတွေက သူနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အက်ဘ်ဘီက လမ်းတစ်ဝက်မှာ ဆင်းသွားခဲ့တယ်လို့ အဲလက်ဇ်ရဲ့အစ်ကိုဖြစ်သူက ဖြေကြားခဲ့တာကြောင့် ရဲတွေက သံသယရှိလာခဲ့ပြီး ကားကို စစ်ဆေးကြည့်တော့ ကားရဲ့ကင်မရာကို ဖျက်စီးထားတာတွေ့ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ခင်းမှာ ရဲတပ်ဖွဲ့က အဲလက်ဇ်ရဲ့အစ်ကိုနဲ့မိဘတွေကို လူthetမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ ရဲတပ်ဖွဲ့က Lung Mei ရွာက နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီမှာ အခြားပစ္စည်းတွေကြားထဲ အသားကြိတ်စက်၊ သံကြိုး၊ မိုးကာအင်္ကျီရှည်၊ လက်အိတ်တွေနဲ့ Mask တွေကို တွေ့ရှိခဲ့ရပါတယ်။ ပါးပါးလှီးထားတဲ့အသားတွေနဲ့ စွပ်ပြုတ်အိုး (၂) လုံးကိုလည်း တွေ့ရှိခဲ့ပါတယ်။ ရေခဲသေတ္တာထဲမှာ အက်ဘ်ဘီရဲ့ခြေထောက်တွေကို ရှာတွေ့ခဲ့ပါတယ်။

အခင်းဖြစ်ပွားရရာနေအိမ်မှာ ဆိုဖာတစ်လုံးသာရှိပြီး အခြားပရိဘောကတွေမရှိ၊ နံရံတွေမှာ ပတ္တူအထည်စတွေကိုလည်း ချိတ်ထားပြီး ပြတင်းပေါက်တွေကိုလည်း ဖုံးကွယ်ထားတဲ့အတွက် ဒီနေအိမ်ကို လူthetတဲ့နေရာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ငှားရမ်းခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

လူthetမှုက Kowloon ဒေသမှာ တည်ရှိတဲ့ Kadoorie Hill ရပ်ကွက်က အိမ်နဲ့ပတ်သက်ပြီး အက်ဘ်ဘီချွိုက်နဲ့ ယောက္ခထီးဟောင်းကြား အငြင်းပွားမှုနဲ့ ဆက်စပ်နေတယ်လို့ ရဲတွေက ယုံကြည်ထားပါတယ်။ ယောက္ခထီးဟောင်းနာမည်နဲ့ ဝယ်ယူထားတဲ့ အိမ်ကို အက်ဘ်ဘီက ရောင်းချင်တယ်လို့ ပြောပြီးတဲ့နောက်မှာ အငြင်းပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။