SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို

Celebrity International News
SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို

Michelle Yeoh is the First Asian Woman to Win Best Actress SAG Award – The  Hollywood Reporter

အက်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ထိပ်တန်းမင်းသမီးမီချဲယိုက နိုင်ငံတကာဆုပေးပွဲတွေမှာ အဓိကဆုတွေ တစ်ခုပြီးတစ်ခုဆွတ်ခူးနေပါတယ်။ တနင်္ဂနွေညက ပြုလုပ်တဲ့ Screen Actors Guild Awards မှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ သူဟာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာခဲ့ပါတယ်။

Everything Everywhere All At Once wins (nearly) all at 2023 SAG Awards |  Life

မီချဲယိုက ၂၀၂၂ ခုနှစ်ရဲ့ “Everything Everywhere All at Once” ဇာတ်ကားထဲက Evelyn Wang ဇာတ်ကောင်နဲ့ ဒီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပါ။

ဒီဆုကို လက်ခံရင်း “ကျွန်မ ပြောရရင် ကျွန်မ့နှလုံးသားပေါက်ကွဲထွက်တော့မယ်ထင်တယ်။ SAG… ဒီဆုကို ရဖို့အတွက် လူတိုင်းလည်း ဘဝခရီးက ရိုလာကိုစတာ၊ အတက်အကျဆိုတာသိမှာပါ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်မတို့ ဘယ်တော့မှ အရှုံးမပေးဘူး။ ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒီဆုက ကျွန်မအတွက်တင်မဟုတ်ပါဘူး။ ကျွန်မလိုမျိုး မိန်းကလေးတိုင်းအတွက်ပါ”လို့ မီချဲယိုက ပြောပါတယ်။ သူက ဒီဆုအတွက် သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

““Everything Everywhere All at Once” ဇာတ်ကားက ဆုပေးပွဲရဲ့ထိပ်ဆုံးဆုအမျိုးအစားတွေကို ဆွတ်ခူးသွားခဲ့တာပါ။ မီချဲယိုအပြင် တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ဂျမီ လီကာတစ်နဲ့ ကီဟွေကွမ်တို့ကလည်း သက်ဆိုင်ရာအမျိုးအစားအလိုက် ဆုတွေဆွတ်ခူးရရှိခဲ့ပါတယ်။ မင်းသားကီဟွေကွမ်က မီချဲယိုလိုပဲ ဒီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသားဖြစ်ပါတယ်။

Ke Huy Quan makes history with SAG award win for 'Everything Everywhere All  at Once' | CNN

ဒီဇာတ်ကားက အော်စကာဆုပေးပွဲမှာလည်း ဆန်ကာတင်ဆုစာရင်း ၁၁ ခုဝင်ထားပါတယ်။ မင်းသမီးမီချဲယိုက ပြီးခဲ့တဲ့လကမှ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။