နတ်မင်းကြီးရှစ်ပါးသက်ရောက်ဗေဒင်ဟောကိန်း

Local News
နတ်မင်းကြီးရှစ်ပါးသက်ရောက်ဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်မင်းကြီးရှစ်ပါးသက်ရောက်ဗေဒင်ဟောကိန်း
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နတ်မင်းကြီးရှစ်ပါးသက်ရောက်ဗေဒင်ဟောကိန်း

ကိုယ်စောင့်နတ်တွေ ဘယ်မှာနေ – ဗေဒင်သုတ

လူတိုင်းလူတိုင်းကို နတ်မင်းကြီးရှစ်ပါးက အလှည့်ကျစောင့်ကြပ်ကြသည်ဟု ရှေးဟောင်း ကျမ်းထဲတွင် ရေးသားထားသည်။ လူတိုင်းလူတိုင်း လက်ရှိရောက်သက်နှင့်မွေးနံကိုသိလျှင် အလှည့်ကျ စောင့်ကြပ်သောနတ်မင်းကို သိနိုင်သည်။
ပထမ ကိုယ့်မွေးနံကို စောင့်ကြပ်သော နတ်သားများကို ဦးစွာမှတ်သားထားရပါမည်။

၁။ တနင်္ဂနွေသားသမီး စိတ္တနတ်သား၊
၂။ တနင်္လာသားသမီး ကာယနတ်သား၊
၃။ အင်္ဂါသားသမီး ဝီရိယနတ်သား၊
၄။ ဗုဒ္ဓဟူးသားသမီး သဒ္ဒနတ်သား၊
၅။ ကြာသပတေးသားသမီး ပုညနတ်သား၊
၆။ သောကြာသားသမီး ဆန္ဒနတ်သား၊
၇။ စနေသားသမီး သောကနတ်သား၊
၈။ ရာဟုသားသမီး မာနနတ်သား၊

 

ဤနတ်သားရှစ်ပါး ကောင်းကင်တွင် ဗိမာန် အသီးသီးနှင့်စံ၍ စောင့်ရှောက်ကြပုံကို ဖော်ပြအပ် ပါသည်။
သင်၏ အသက်အရွယ်အလျောက် ဤ နတ်သားရှစ်ပါးက တစ်နှစ်ကိုတစ်ပါးကျ သင့်ကို ထိန်းသိမ်းစောင့်ရှောက်လေ့ရှိသည်။ သူ၏ ထိန်း သိမ်းစောင့်ရှောက်မှုကြောင့် ငွေကြေးပြေလည်မှု၊ မပြေလည်မှုနှင့်အခြားကိစ္စရပ်များတွင် သက်ရောက် မှုများဖြစ်ပေါ်စေခြင်းတို့ရှိမည်။

ဤနှစ်ထဲတွင် သင်သည်မည်သည့်နတ်သား ၏ချုပ်ကိုင်မှုအောက်တွင်ရှိသည်ကိုတွက်၍ ဟော ကိန်းများထုတ်ကာ ဟောဆိုနိုင်သည်။

တွက်ပုံတွက်နည်း

သင်၏ရောက်သက်ကိုတည်၍(၈)နှင့်စားလိုက် ပါ။ အကြွင်းကိုမှတ်သားပြီး သင့်မွေးနံကို ကိုယ်စား ပြုသည့်နတ်သားမှစ၍ လက်ယာရစ်အတိုင်း ရေ တွက်ပါ။ အကြွင်းဆုံးတဲ့ ဘုံဗိမာန်က နတ်သား သည် သင့်ကို ဒီနှစ်အတွင်း အကျိုးပေးသော နတ်သားပင်ဖြစ်ပါသည်။

နမူနာတွက်နည်း ။

၁။ အသက်(၆၅)နှစ်ရှိ အင်္ဂါသမီးတစ်ယောက် ကို ဤနှစ်၌စောင့်ကြပ်သည့် နတ်သားကိုတွက်ချက် လိုပါက….
အသက် ၆၅ ÷ ၈= အကြွင်း ၁ ရမည်။ မွေးနံအင်္ဂါ(ဝီရိယ)နတ်သားမှစ၍ အကြွင်းအတိုင်း ရေတွက်ပါက ဝီရိယနတ်သားပင် စောင့်ကြပ်မည်။

၂။ အသက်(၂၃)နှစ်ရှိ ဗုဒ္ဓဟူးသားတစ် ယောက်ကို ဤနှစ်၌စောင့်ကြပ်သည့်နတ်သားကို တွက်ချက်လိုပါက…
အသက် ၂၃ ÷ ၈= အကြွင်း ၇ ရမည်။ မွေးနံ ဗုဒ္ဓဟူး(သဒ္ဒ)နတ်သားမှစ၍ အကြွင်းအတိုင်း ရေတွက်ပါက ကာယနတ်သားစောင့်ကြပ်မည်။

၃။ အသက်(၅၅)နှစ်ရှိ စနေသမီးတစ်ယောက် ကို ဤနှစ်၌စောင့်ကြပ်သည့်နတ်သားကို တွက်ချက် လိုပါက,,,,
အသက် ၅၅ ÷ ၈= အကြွင်း ၇ ရမည်။ မွေးနံစနေ(သောက)နတ်သားမှစ၍ အကြွင်းအတိုင်း ရေတွက်ပါက ဝီရိယနတ်သား စောင့်ကြပ်မည်။

ဇယားကြည့်နည်းမှာ ပထမရောက်သက်ကို ရှာပါ။ ရောက်သက်တွေ့လျှင် ရောက်သက်အကွက် အောက်တည့်တည့်နှင့် နေ့သားသမီးဇယားမှ သက် ဆိုင်ရာနေ့နှင့်ဆုံရာအကွက်ကိုကြည့်ပါ။ စောင့်ကြပ် သည့်နတ်သားကို တွေ့ရမည်။

{စိတ္တနတ်သား ဟောကိန်း}

စိတ်ပိုင်းဆိုင်ရာ သက်ဆိုင်သောနတ်သားပင် ဖြစ်၏။ ဤသက်ရောက်နှစ်တွင် ငွေရေးကြေးရေး ကိစ္စများ မပြေမလည်ဖြစ်မည်။ ငွေကြေးကြောင့် စကားများရမည်။ အထူးသဖြင့် ငွေရေးကြေးရေးနှင့် ဆက်နွှယ်နေသော မြေကိစ္စ၊ အမွေကိစ္စများကြောင့် စိတ်ညစ်ရမည်။ မိမိနှင့်စကားများရမည့်သူများမှာ မိန်းမ၊ သို့မဟုတ် မိန်းမနှင့်ပတ်သက်နေသော ကြာ သပတေးသားသမီးတစ်ဦးဦးဖြစ်နိုင်သည်။

မိတ်ဆွေ အပေါင်းအသင်းများလည်း မိမိနှင့်ငွေရေးကြေးရေး ကိစ္စကြောင့် စကားများရမည်။ ငွေကြေးအခက်အခဲ ကြောင့် ကြွေးယူ၊ကြွေးသိမ်းအရှုပ်အရှင်းများရှိမည်။ အငြင်းအခုံဖြစ်ပြီး အရှက်ကွဲရတတ်သည်။ မိမိက သူတစ်ပါးအား ငွေချေးငှားခြင်း၊ မိမိကချေးယူခြင်း တို့အကျိုးမပေးပါ။ အတိုးထောင်းတတ်သည်။

အထူးသဖြင့် ကြာသပတေးသားသမီး၊ စနေ သားသမီးတို့ဆီမှ မိမိကလည်း မချေးပါနှင့်၊ သူတို့က ချေးလျှင်လည်း မိမိကမပေးပါနှင့်။ အခန့်မသင့်လျှင် တရားတပေါင်များပင် ဖြစ်ရတတ်သည်။ မိမိ၌ငွေပို ငွေလျှံရှိ၍ ရောင်းဝယ်ဖောက်ကားလိုလျှင် သံ၊ သွပ်၊ သစ်၊ သော့၊ သေတ္တာစသော ကုန်ပစ္စည်းများရောင်း ဝယ်ဖောက်ကားပါ။ နာရီ၊ ဓား၊ ထီး၊ ထီ၊ ဖိနပ် အရောင်းအဝယ်မလုပ်ပါနှင့်။ မိမိ၏စိတ္တခွန်အားကို မြှင့်တင်ရန် ကြိုးစားသင့်သောကာလဖြစ်၏။

{ကာယနတ်သား ဟောကိန်း}

ဤနှစ်အတွက် ငွေရေးကြေးရေးနှင့်ပတ်သက် ၍ ပြဿနာမဖြစ်နိုင်သည့်နှစ်ပင်ဖြစ်သည်။ မိမိ၌ငွေ လိုလျှင် ကူညီပေးကမ်းမည့်သူများရှိနေမည်။

အထူးသဖြင့် ထီပေါက်ပြီး ငွေကြေးများရတတ်သည်။ သို့သော် မိမိ၌ရွှေထည်ရှိလျှင် ထွက်တတ်သည်။ အမွေအဖြစ်နှင့် ငွေမရနိုင်သေးပါ။ အကယ်၍များ ရအောင်ကြိုးစားပါက အမှုအခင်း၊ အငြင်းအခုံပြု ရတတ်မည်။ အရှက်တကွဲဖြစ်မည်။ ဤကိစ္စနှင့်ပတ် သက်၍ အပေါင်းအသင်းမိတ်ဆွေနှင့်ဖြစ်စေ၊ မိန်းမ နှင့်ဖြစ်စေ စိတ်သဘော ကွဲလွဲရတတ်ပါသည်။

မိမိ ရရှိထားသောငွေ၊ စုဆောင်းထားသောငွေနှင့်အ ရောင်းအဝယ်ပြုလုပ်လိုပါက ထီ၊ ထီး၊ နာရီ၊ ဖိနပ် စသည်တို့ကို ရောင်းဝယ်ပါ။ ဤနှစ်တွင် ထီထိုးရန် လည်းမမေ့ပါနှင့်။
အထူးသဖြင့် အမျိုးသမီးသုံးပစ္စည်း များ၊ အလှကုန်များ မရောင်းဝယ်ပါနှင့်။

ဤနှစ်၌ ကာယနတ်သား စောင့်ကြပ်သော ကြောင့် ကိုယ်ခန္ဓာသန်စွမ်းပြီး ကျန်းမာရေးကောင်း မည်။ ခရီးထွက်ရမည့်ကိစ္စရှိလျှင်ထွက်ပါ။ ကောင်းပါ သည်။ ခရီးသွားရင်း လာဘ်လာဘ ရတတ်သည်။

{ဝီရိယနတ်သား ဟောကိန်း}

ဝီရိယနတ်သား စောင့်ကြပ်သောကြောင့် ဤ နှစ်တွင် ဝီရိယစိုက်ထုတ်လျှင် စိုက်ထုတ်နိုင်သ လောက် အကျိုးကျေးဇူးဖြစ်ထွန်းမည်။ ဤနှစ်ထဲ တွင် ငွေရေးကြေးရေးနှင့်ပတ်သက်၍ အခက်အခဲ များရှိနေမည်။ အထူးသဖြင့် ခရီးထွက်ရခြင်း၊ အိမ် ငှားရခြင်းတို့ကြောင့် ငွေကြေးအကုန်အကျများတတ် ပါသည်။ ဤကာလထဲတွင် မိမိအား ငွေလိမ်မည့်သူ တွေကလည်း အဆင်သင့်ဖြစ်နေကြပါသည်။

အထူး သဖြင့် သောကြာသားသမီး၊ တနင်္လာသားသမီး များကိုမယုံပါနှင့်၊ ယုံမိလျှင် ပါသွားနိုင်သည်။ ငွေ အကုန်အကျများ၍ အမွေရရန် မမျှော်လင့်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် အမွေတော့ရနိုင်ပါသည်။ သို့သော် ငွေကြေးအနေနှင့်မရနိုင်ပါ။ အထည် အလိပ်၊ နာရီ၊ ထီး၊ နွားစသည်တို့ရတတ်ပါသည်။ ငွေရေးကြေးရေးအဆင်မပြေသော်လည်း ဤနှစ်ထဲ တွင် လူပျို၊ အပျိုစန်းပွင့်၍စွံနိုင်သည်။ အိမ်ထောင် ရှင်များလည်း မမျှော်လင့်ဘဲ အိမ်ထောင်ရေးကိစ္စ များ ထပ်မံဖြစ်ပေါ်လာတတ်သည်။

{သဒ္ဒနတ်သား ဟောကိန်း}

သဒ္ဒနတ်သား စကားသံကို လေ့လာစောင့် ကြပ်သောနတ်သားဖြစ်သည်။ ဤနှစ်တွင်အပြော အဆိုကို ဆင်ခြင်သင့်သည်။ မိမိပြောသောစကား သည် အတိတ်ကောင်း၊ နိမိတ်ကောင်းဖြစ်စေ၍ အနာဂတ်အတွက် မျှော်လင့်ချက်ကို လမ်းခင်းပေး ပါ။ ပြည့်စုံလာလိမ့်မည်။

ဤနှစ်ထဲတွင် ငွေရေးကြေးရေးရှာသလောက် မလောက်ဘဲဖြစ်နေမည်။ သို့သော် ငွေရေးကြေးရေး ကြောင့် ထူးထူးခြားခြား စိတ်ပူပန်ရမည်တော့ မဟုတ်ပါ။ ရလိုက် ကုန်လိုက်၊ ကုန်လိုက် ရလိုက် လုံးချာလိုက်နေမည်။ သောကြာသားသမီး၊တနင်္လာ သားသမီး အကျိုးမပေးလှပါ။ မိမိသည် အကြွားပိုမိ လျှင် မိမိငွေများ အလဟဿ ဆုံးရှုံးသွားနိုင်သည်။ နှုတ်ဖြင့်မြှောက်၍ မိမိထံမှငွေကြေးကို လိမ်လည် ရယူလိုသူ ပေါ်လာတတ်သည်။

ဤနှစ်တွင် မိဘဘိုးဘွားထံမှ လက်ဆောင် ကောင်းများ။ ပစ္စည်းထောက်ပံ့မှုများရတတ်သည်။ ဤနှစ်တွင် ခရီးထွက်ရခြင်းလည်းရှိနိုင်သလို၊ ပေါင်း သင်းဆက်ဆံရေးကောင်းမည်။အထူးသဖြင့် ဆန့်ကျင် ဘက်လိင်များနှင့်ဆက်ဆံရေးရင်းနှီးမှုများရှိနိုင်သည်။

{သောကနတ်သား ဟောကိန်း}

သောကနတ်သား ကျရောက်သောနှစ်တွင် သင့်ကို သောကများစွာ ကျရောက်စေတတ်သည်။ငွေကြေး အကုန်အကျများမည်။ စီးပွားရေးတွင် လိုငွေများ ပြနေမည်။ ငွေကြေးကြောင့်စိတ်သောက ဖြစ်ရမည်။ လူလိမ်ခံရခြင်း၊ သူခိုးခိုးခံရခြင်း၊ ခါးပိုက် နှိုက်ခံရခြင်းတို့ရှိနိုင်သဖြင့် သတိကြီးစွာထားသင့် သည်။ အကြောင်းကြောင်းကြောင့်လည်း ဆီလို ရေလိုအပေါက်ရှာ၍ ငွေများထွက်လိမ့်မည်။ငွေကြေး မလုံလောက်သောကြောင့် မိမိထိန်းသိမ်းထားသည့် အတွင်းပစ္စည်း၊ စိန်၊ ရွှေ စသော ရတနာများရောင်းရ တတ်ပါသည်။

သို့သော် မိမိ၏ကြွေးမြီများက ဤ သက်ရောက်နှစ်တစ်နှစ်လုံး မိမိအား ဖိစီးထားမည်။ ဘာပဲဖြစ်ဖြစ် အတိုးကြီးဖြင့် ငွေချေးငှားလျှင် အတိုးပိတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ စနေ သားသမီး၊ အင်္ဂါသားသမီးတို့ကိုရှောင်ပါ။ ငွေကုန် ကြေးကျများရသည့်အထဲ အိမ်ဝယ်ခြင်း၊ အိမ်ပြင် ခြင်း၊ အိမ်ဆောက်ခြင်း၊ အိမ်ငှားခြင်း၊ အိမ်ပေါင်ခြင်း တို့ရှိနိုင်သည်။

အထူးသဖြင့် သံ၊ သစ် ၊ သွပ်ဝယ်လျှင် ငွေ ကုန်ကြေးကျများမည်။ ချင့်ချိန်တွက်ချက်ပြီး မကုန် သင့်တာ မကုန်ရအောင် သတိထားပါ။ ဤနှစ်တွင် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ စသည့်ကုန်များအရောင်း အဝယ်မလုပ်ပါနှင့်။ အကျိုးအမြတ် မရနိုင်ပါ။

{ပုညနတ်သား ဟောကိန်း}

ပုညနတ်သားသည် ကောင်းမှုကုသိုလ်ပြုလို ခြင်း၊ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်အကျိုး ဆက်ကို ဖော်ထုတ်ခြင်းပြုသော နတ်သားဖြစ်၏။
ဤနှစ်ထဲတွင် ခဏခဏ ငွေလိမ်ခံရမည်။ ငွေလိမ်သူသည် တနင်္လာသားသမီး၊ ကြာသပတေး သားသမီးဖြစ်ဖို့များမည်။ အတွင်းလူဖြစ်နိုင်သည်။ သတိထားလျှင် အကျိုးမယုတ်နိုင်ပါ။

ဤနှစ်ထဲတွင် အိမ်ပြင်ရမည်။ အထူးသဖြင့် အိမ်ခေါင်မိုးပြင်ရမည်။ ထို့ကြောင့် လိုအပ်သော သစ်၊ သံ၊ သွပ်တို့ကို ဝယ်ယူရာတွင် လူယုံမှားပြီး ငွေလိမ်ခံရမည်။ တဖန် ထိုသို့လိုအပ်သော သစ်၊ သံ၊ သွပ်တို့ကိုရရှိပြီးလျှင်လည်း ၎င်းတို့ကို ခိုးယူ ရောင်းစားခြင်း ခံရတတ်သည်။ သို့တည်းမဟုတ် အစိုးရပိုင် ကုန်များဖြစ်နေသောကြောင့် သင်သည် သူခိုးလက်ခံဖြစ်ပြီး အမှုဖြစ်ရတတ်ပါသည်။ အမှု ဖြစ်လျှင် ငွေကုန်ကြေးကျများမည်။

တတ်နိုင်လျှင် ဤနှစ်တွင် အိမ်မဆောက်ပါနှင့်။ အိမ်မပြင်ပါနှင့်။ သောကြာနံကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းမပြု ပါနှင့်။ စိန်၊ ဆန်၊ ပုဆိုး၊ စောင်၊ ဆီ၊ ဆား၊ စက် စသော အင်္ဂါနံပစ္စည်းများမှာ ရောင်းဝယ်ဖောက် ကားလျှင် အကျိုးများမည်။ဤနှစ်တွင်မမျှော်လင့်ဘဲ မိမိ၏ရှေးကုသိုလ်ကြောင့် လာဘ်ကြီးများလည်းရ တတ်ပါသည်။ ထိုအခါ လှူနိုင်တန်းနိုင်မည်

{မာနနတ်သား ဟောကိန်း}

ရွှေ၊ လူ၊ လှည်း၊ ဥယျာဉ်၊ စီးစရာယာဉ်တို့ နှင့်ပတ်သက်ပြီး ငွေဝင်များမည်။ အလိုအလျောက် မိမိရနိုင်ပါသည်။ မိမိတွင် လိုအပ်လျှင်ကူညီမည့် ထောက်ပံ့မည့်သူရှိမည်။ မိမိသည် ငွေကြေးများ တောင့်တင်းလာသောကြောင့် အလှူအတန်းများ ပေးနိုင်မည်။

သို့သော် မြောက်အရပ်ခရီးကိုရှောင်ပါ။ အဖိုးမတန်သော သံ၊ သစ်၊ သွပ်၊ သော့ပျက် စသည့် သောကြာနံအတိုအစ အဝင်မခံပါနှင့်။ သော ကြာနံ ရောင်းဝယ်ခြင်းရှောင်ကြဉ်ပါ။ မိမိလက် အောက်ငယ်သားများ သစ္စာမရှိဘဲ တော်လှန်တတ် သောကြောင့် သတိထားပါ။ ငွေရှိတိုင်း မာနမထား ပါနှင့်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။ ငွေရှိသောကြောင့် မာနတက်ကာ ထင်ရာလုပ်မိ သောကြောင့် အိမ်နီးနားချင်းများနှင့်ဖြစ်စေ၊ မိတ်ဆွေ များနှင့်ဖြစ်စေ စကားများရတတ်ပါသည်။

{ဆန္ဒနတ်သား ဟောကိန်း}

ငွေကြေးအကုန်အကျများမည့်နှစ်ဖြစ်သည်။ သို့သော် မိမိအတွက် မဆိုးလှပါ။ ငွေကုန်သော် လည်း ဤနှစ်ထဲတွင် ဝန်ထမ်းဆိုလျှင် ရာထူးတိုး မည်။ စီးပွားရေးသမားဆိုလျှင် စီးပွားရေးကောင်း မည်။ အမွေအနှစ်များ ရနိုင်သည်။ အကြီးအကဲနှင့် ပတ်သက်၍ လာဘ်ရွှင်မည်။ အင်္ဂါသားသမီး၊ ကြာ သပတေးသားသမီးများ အကျိုးပေးမည်။ အမှုအခင်း ရှိလျှင် နိုင်မည်။ အိမ်နီးနားချင်းကို ငွေမချေးပါနှင့်။ စကားများရတတ်သည်။ စိန်၊ ဆေး၊ ဆေးလုပ်ငန်း၊ ပညာ၊ မြေစသည်တို့ကို အမွေအနှစ်အဖြစ် ရနိုင် သည်။ သို့သော် ဤကိစ္စများနှင့်ပတ်သက်၍ ငွေ ကုန်ရဦးမည်။

ဤနှစ်သည် ဆန္ဒနတ်သား စောင့်ကြပ်သော ကြောင့် သင်ယခင်က မျှော်လင့်ခဲ့သောဆန္ဒများ ဤနှစ်တွင် ပြည့်၀လာမည်။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။