Gym လည်းမသွားချင် ဘီယာသောက်တာကိုလည်း မစွန့်လွှတ်ချင်လို့ ဝမ်းဗိုက်မှာ Six Pack တက်တူးထိုးခဲ့သူ

International News
Gym လည်းမသွားချင် ဘီယာသောက်တာကိုလည်း မစွန့်လွှတ်ချင်လို့ ဝမ်းဗိုက်မှာ Six Pack တက်တူးထိုးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Gym လည်းမသွားချင် ဘီယာသောက်တာကိုလည်း မစွန့်လွှတ်ချင်လို့ ဝမ်းဗိုက်မှာ Six Pack တက်တူးထိုးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Gym လည်းမသွားချင် ဘီယာသောက်တာကိုလည်း မစွန့်လွှတ်ချင်လို့ ဝမ်းဗိုက်မှာ Six Pack တက်တူးထိုးခဲ့သူ

မန်ချက်စတာမြို့က ဒိန်း ဂန်သာဆိုတဲ့ တက်တူးပညာရှင်က သူ့ရဲ့ဖောက်သည်အမျိုးသားတစ်ဦးကို Six Pack တက်တူးထိုးပေးခဲ့ရပါတယ်။ အဲ့ဒီအမျိုးသားက Gym မသွားရဘဲ ဘီယာလေးသောက်ပြီး နွေရာသီကို ဖြတ်သန်းချင်ခဲ့တာပါ။ ဒီ Six Pack တက်တူးပြီးစီးဖို့အတွက် အချိန် ၂ ရက်ယူခဲ့ရပါတယ်။

တက်တူးပညာရှင်ဒိန်းက ဖောက်သည်ရဲ့ဝမ်းဗိုက်မှာ ကြွက်သားတက်တူးတွေမထိုးခင် သူ့ရဲ့ခန္ဓာကိုယ်ကို အနိုစိတ်တဲ့ကြွက်သားလိုင်းတွေနဲ့ အမှတ်အသားလုပ်ခဲ့ပါတယ်။ သူ့ဖောက်သည်က Six Pack လိုချင်ပေမဲ့ Gym လည်းမသွားချင်၊ အစာလည်းမရှောင်ချင်ဘူး။ ဒါကြောင့် သူက Six Pack တက်တူးထိုးပြီးတော့ ဘီယာသောက်ပြီး အစားကောင်းတွေစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတက်တူးမျိုး တစ်စုံတစ်ယောက်ထိုးတာကို မြင်ခဲ့ဖူးပေမဲ့ လက်တွေ့မဆန်တဲ့အတွက် ဒီတက်တူးကို ထိုးရတာ စိတ်လှုပ်ရှားမိခဲ့တယ်၊ ဒါကြောင့် ဒီစိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါက ဖောက်သည်တွေတောင်းဆိုတဲ့ အထူးခြားဆုံးတောင်းဆိုမှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ဒိန်းကပြောပါတယ်။ Six Pack တက်တူးထိုးပြီးသွားတော့ ဖောက်သည်အမျိုးသားကလည်း သူ့ရဲ့ဗိုက်က တက်တူးကို ပြဖို့ ဝတ်ထားတဲ့တီရှပ်ကို ဂုဏ်ယူစွာနဲ့ အပေါ်ကိုဆွဲတင်ပြခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။