အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ

International News Tech
အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ

သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မthetဘဲ ကြက်သား စားလို့ရလာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ ၁ ခုက ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေပါတယ်။ ကြက် ၁ ကောင်မှ မမွေးဘဲ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေတာပါ။

မွေးမြူထားတဲ့ အသားဆိုတာက တိရိစ္ဆာန်တွေရဲ့ ဆဲလ်တွေနဲ့ ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာန (FDA) က Upside Foods က ထုတ်လုပ်တဲ့ ဒီအသားတွေကို လူတွေ စားဖို့ ဘေးကင်းတယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

ဒီအသားတွေကို ဒီနှစ်ထဲမှာပဲ စားသောက်ဆိုင်တွေမှာ ရလာနိုင်ပြီး ၂၀၂၈ ခုနှစ် အရောက်မှာ ဆိုင်တွေမှာ ဝယ်လို့ ရလာနိုင်ပါတယ်။ ဓါတ်ခွဲခန်းက ထုတ်တဲ့ အသားတွေကို FDA က ခွင့်ပြုလိုက်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သား အရသာဟာ တကယ့် ကြက်သား အရသာနဲ့ တူညီပါတယ်။ Upside Foods ဟာ ဒီနယ်ပယ်မှာ စွန့်ဦးတီထွင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ဓါတ်ခွဲခန်းထုတ် ကြက်သားတွေကို လူတွေ အစားများလာဖို့ ဒီထက်ပိုပြီး များများထုတ်လုပ်ဖို့ လိုအပ်သလို ဈေးကလည်း ချိုသာဖို့ လိုမှာပါ။

ရေးသားသူ – Digital Times

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။