Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း

Knowledge Tech
Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း

၁၉၉၆ ခုနှစ်မှာ နည်းပညာလောကရဲ့ ဦးဆောင်သူတွေဖြစ်တဲ့ Intel ၊ Ericsson နဲ့ Nokia တို့က အီလက်ထရောနစ်ပစ္စည်းတွေကြား ချိတ်ဆက်နိုင်မယ့် တာတို ရေဒီယိုနည်းပညာကို စံနှုန်းသတ်မှတ်ဖို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ စံနှုန်းမသတ်မှတ်ခင် သူတို့လုပ်ဆောင်နေတဲ့ တာတို ရေဒီယိုနည်းပညာကို နာမည်တစ်ခု သတ်မှတ်ဖို့ စဉ်းစားခဲ့ကြပါတယ်။

Does Using Bluetooth Cost Money? (Explained And Solved!)

အဲဒီအချိန်မှာ Intel ရဲ့ ကိုယ်စားလှယ် ဂျင်ကာဒက်ချ်က Bluetooth လို့ ယာယီနာမည်ပေးဖို့ အဆိုပြုခဲ့တာပါ။ Bluetooth ဆိုတာ ဗိုက်ကင်းဘုရင် ဟာရယ်ဂရွမ်ဆန်ကို ရည်ညွှန်းပြီး ရွေးချယ်ခဲ့တာပါ။ ပိုးစားနေတဲ့ သူ့သွားတွေက အလွန်မည်းနက်တာ (သို့) အလွန်ပြာနှမ်းနေတာကြောင့် သူ့ကို Bluetooth လို့ ချစ်စနိုးခေါ်ကြပါတယ်။ ဗိုက်ကင်းဘုရင် ဟာရယ်ဂရွမ်ဆန်ဟာ သက္ကရာဇ် ၉၅၈ ခုနှစ်မှာ နန်းတက်ခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံကို ပေါင်းစည်းနိုင်ခဲ့သူပါ။

တာတို ရေဒီယိုနည်းပညာကလည်း နည်းပညာလောကရဲ့ ဦးဆောင်သူတွေကို ပေါင်းစည်းစေခဲ့တဲ့ နည်းပညာဖြစ်လို့ Bluetooth လို့ ယာယီအမည်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြားနာမည်တစ်ခုနဲ့ ပြန်ပြောင်းဖို့ စီစဉ်ခဲ့ကြပေမဲ့ Bluetooth အမည်က ပျံ့နှံ့သွားခဲ့ပြီး တခြားအမည်တစ်ခုကို အချိန်မီ ရှာဖွေနိုင်ခဲ့ခြင်း မရှိလို့ Bluetooth အမည်ကိုပဲ ဆက်သုံးခဲ့ကြတာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။