ဒန့်သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Health
ဒန့်သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒန့်သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒန့်သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန့်သလွန်ရွက်ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

ဒန့်သလွန်ရွက်ကို ဟင်းချိုအဖြစ်၎င်း၊ တို့စရာအဖြစ်၎င်း၊ သုပ်စားခြင်းဖြင့်၎င်း ဟင်းအဖြစ် စားသုံးနိုင်ပြီး အရည်ကိုညစ်၍ ဆေးအဖြစ် သောက်သုံးနိုင်ပါတယ်။ဒန့်သလွန်ရွက်မှ အောက်ပါ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

၁။ သွေးတိုး၊ သွေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၂။ နှာစေးခြင်း၊ နှာမွန်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၃။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၄။ ဒန့်သလွန်ရွက်ကို ထန်းလျက်နှင့်အတူ ပြုတ်သောက်ပါက အမျိုးသမီးများအတွက် သွေးသားကို မှန်စေပါတယ်။

၅။ သွေးထဲ ကိုလက်စထရောများခြင်း၊ သွေးခဲခြင်းများကို ကာကွယ်ပေးပါတယ်။

၆။ ဝမ်းမီးအားကို ကောင်းစေပါတယ်။

၇။ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ လေငန်းရောဂါတို့မှလည်း ကာကွယ်ပေးပါတယ်။ ထို့အပြင် ဒန့်သလွန်သီးကို စားပေးပါက အာဟာရပြည့်ဝစေသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

ဒန့်သလွန်ပင်၏ အခေါက်၊ အမြှစ်၊ အပွင့်တို့သည်လည်း ဆေးအတွက် အလွန်အသုံးဝင်ပါတယ်။ဒန့်သလွန်ပင်ဟာ တစ်ပင်လုံး ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။

သတိပြုရန် – သွေးအားနည်းနေသူများ အလွန်အကျွံ စားရန်မသင့်ပါ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။