ဆရာကြီးမင်းသိင်္ခ ပြောပြခဲ့တဲ့ မွေးဂဏန်း ၁ မှ ၉ ထိ ဂဏန်းဗေဒင် အကြောင်း အပြည့်စုံ

Astrology
ဆရာကြီးမင်းသိင်္ခ ပြောပြခဲ့တဲ့ မွေးဂဏန်း ၁ မှ ၉ ထိ ဂဏန်းဗေဒင် အကြောင်း အပြည့်စုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆရာကြီးမင်းသိင်္ခ ပြောပြခဲ့တဲ့ မွေးဂဏန်း ၁ မှ ၉ ထိ ဂဏန်းဗေဒင် အကြောင်း အပြည့်စုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆရာကြီးမင်းသိင်္ခ ပြောပြခဲ့တဲ့ မွေးဂဏန်း ၁ မှ ၉ ထိဂဏန်းဗေဒင်အကြောင်းအပြည့်စုံ


မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။
၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။

မူလ(၁)ဂဏန်းသမားအကြောင်း

မူလဂဏန်း (၁) ရတဲ့ လူဟာ အသားအရည်က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။
ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက်က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင်တို့ ဘာတို့ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့
မနေဘဲ တစ်ကိုယ်ရေတစ်ကာယ နေတတ်တယ်ကွ။

နောက်တစ်ခုကတော့ (၁)ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁)ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဥဉ်လဲရှိတယ်။

အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘောအရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁- ဂဏန်းသမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေး ၀မ်းကြောင်းအလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်းသမားဟာ တဖြည်းဖြည်းနဲ့ အမြင့်ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမားအတွက် အဆောင်ဟာ ရွှေပဲကွ။

ရွှေကို ဆောင်ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။
အရောင်ဆိုရင်တော့ အဝါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်းသမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက်မျက် ရတနာထဲက ဆိုရင်တော့ ပယင်းတို့ ဥဿဖယားတို့ စိန်တို့ဟာ ၁-ဂဏန်းသမား ဆောင်သင့်တဲ့ ကျောက်မျက်ရတနာပဲ။

ပြီးတော့ အရေးကြီးတဲ့ ၁-ဂဏန်းသမားအနေနဲ့ အရေးကြီးတဲ့အလုပ်တွေ လုပ်ရင် ဘယ်လမှာပဲ ဖြစ်ဖြစ် (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက်တွေဟာ သင့်မြတ်တဲ့ ရက်တွေပဲကွ။

ပြီးတော့ ၁-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေဟာ နှလုံးသွေးလွှတ်ကြော နှင့် ပါတ်သက်သောရောဂါ ၊ သွေးလေ မမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်ကွ။
၁-ဂဏန်းသမားအတွက် အကောင်းဆုံး ဆေးကတော့ ပျားရည်ပဲဟေ့။ ပျားရည်ကို စားပွဲ ဇွန်းကြီးနဲ့ ညအိပ်ယာ၀င် တစ်ဇွန်း တစ်ဇွန်း သောက်သင့်တယ်ကွ….
ဒါကတော့ အဘမင်းသိင်္ခ ပြောပြတဲ့ (၁)ဂဏန်းသမား အကြောင်းပါ။

မူလ(၂)ဂဏန်းသမားအကြောင်း

ဒီလိုရှိတယ်ကွ…။ အင်္ဂလိပ်လရဲ့ ဘယ်လမှာပဲ ဖြစ်ဖြစ် ၂-ရက်၊ ၁၁-ရက်၊ ၂၀-ရက် ၊ ၂၉-ရက်တွေမှာ မွေးတဲ့ လူတွေကို ဂဏန်းဗေဒင် ပညာအရ ၂- ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ ဒီလူတွေဟာ အနုပညာဘက်မှာ ချွန်တတ်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တတ်တယ်။ အတွေးအခေါ် စိတ်ကူး ကောင်းတတ်တယ်။

ဒါပေမယ့် သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့တော့ နှောင့်နှေးတတ်တယ်။ ခရီးသွား ရတဲ့ အလုပ်တွေမှာလည်း အောင်မြင် တတ်တယ်။ ခရီးတောင်မှ ရေလမ်းခရီးနဲ့ ကုန်းလမ်းခရီး မတူဘူး။ ရေလမ်းခရီးကို ပိုပြီး နှစ်သက်တတ်တယ်။ သူတို့ ရုပ်ရည်နဲ့ ပတ်သက်လို့ သိသာတာက မျက်နှာဝိုင်းပြီး မျက်ခုံး မျက်လုံး ကောင်းတတ်တယ်။ ခြေဆံ လက်ဆံ ရှည်တတ်တယ်။

စကားပြောတဲ့အခါမှာ ပါးစပ်တစ်ခုတည်းက ပြောတတ်တာ မဟုတ်ဘူး။ လက်ရော မျက်လုံးရော မျက်ခုံးရောပါအောင် ပြောတတ်တယ်။
၂-ဂဏန်းသမားတွေအတွက် အရေးကြီးတဲ့ အလုပ်တွေကို လုပ်တဲ့အခါမှာ အင်္ဂလိပ်လ ဘယ်လမဆို ၂-ရက် (၇)ရက် ၊ (၁၁)ရက် (၂၀)ရက် (၂၅)ရက် (၂၉)ရက် စတာတွေ ပေါင်းလိုက်ရင် ၂-ဂဏန်းဖြစ်နေတဲ့ ရက်တွေ ၇-ဂဏန်းဖြစ်နေတဲ့ ရက်တွေမှာလုပ်သင့်တယ်။

ဒါပေမယ့် ၁၆-ရက်ကို ပေါင်းလိုက်ရင် ၇-ကျနေပေမယ့်အသုံး မပြုသင့်ဘူး။ ရှောင်သင့်တယ်။
နောက်တစ်ခုက ၂-ဂဏန်းသမားတွေဟာ အလုပ်တွေကို အရမ်းလုပ်ပြီး ခြေကုန်လက်ပန်း ကျသွားတဲ့ ရောဂါမျိုး အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါမျိုးတွေ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင်စာအုပ်တွေမှာတော့ ဓာတ်စာတွေ အများကြီး ညွန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ အသုံး၀င်တာကတော့ ရှောက်သီးပဲ။ ညအိပ်ယာ ၀င်ခါနီးတိုင်း စားပွဲဇွန်းနဲ့ တစ်ဇွန်းတစ်ဇွန်း သောက်သင့်တယ်။

၂-ဂဏန်းသမားအတွက် ကံကောင်းတဲ့ အရောင်ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်တွေပါပဲ။၂-ဂဏန်းသမား ၀တ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလဲရယ် ၊ မွန်းစတုံးခေါ်တဲ့ လကျောက်ရယ် ဖြစ်တယ်။

၂-ဂဏန်းသမားတွေဟာ ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေကို လုပ်ရလုပ်ရ သူတို့ရဲ့ လုပ်ငန်းကို အနုပညာဆန်အောင် လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့ ၂-ဂဏန်းသမားဟာ ဘ၀မှာ အလုပ်နှစ်ခါ ပြောင်းရတတ်တယ်။ အိမ်ထောင်လည်း နှစ်ဆက် ဖြစ်တတ်တယ်။

မူလ(၃)ဂဏန်းသမားအကြောင်း

ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့ အဲဒီလူကို ၃-ဂဏန်း သမားလို့ ခေါ်ရမှာပဲ။ သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာကို ကြည့်ရင် အစဉ်သဖြင့် အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။
ဘယ်လိုနေရာကို ရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်ကြတယ်။ သဘာ၀ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တလေးတစား လိုက်နာကြတယ်။ အလုပ် ၀တ္တရား ကိုလည်း အလွန် ရိုသေ တတ်ကြတယ်။

သူတို့နဲ့ သင့်တော်တဲ့ အရောင် တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင်တွေ ဖြစ်တယ်။ကျောက်မျက် ရတနာ ထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမားနဲ့ သင့်တော်တဲ့ ကျောက်ပဲ။

၃-ဂဏန်း သမားတွေ အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့ အင်္ဂလိပ်လရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။ ၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။

၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယတန်းစား ကံကောင်းတဲ့နေ့တွေပါပဲ။
၃-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဦးခေါင်းပိုင်းမှာ အများဆုံး ဖြစ်တတ်တယ်။ ပြီးတော့ အကြောရောင် ရော၈ါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။

သူတို့အတွက် အကောင်းဆုံး ဓာတ်စာကတော့ နာနတ်သီး ဖြစ်တယ်။ ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။

မူလ(၄)ဂဏန်းသမားအကြောင်း

အင်္ဂလိပ်လရဲ့ ဘယ်လမဆို ၄-ရက်၊ ၁၃-ရက်၊ ၂၂-ရက်၊ ၃၁-ရက်နေ့တွေမှာ မွေးရင် ၄-ဂဏန်းသမားလို့ ခေါ်ရမယ်။ သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမိ်ျုး ရှိတယ်။ ၄-ဂဏန်းသမားတွေဟာ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။

တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။

(၄)-ဂဏန်းသမားတွေ အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် ၄-ရက် ။ ၁၃-ရက်။ ၂၂-ရက် ၃၁-ရက်တွေဟာ အကောင်းဆုံးပဲ။သူတို့အတွက်ကံကောင်းစေတဲ့ အရောင်ကတော့ စပ်ထားတဲ့အရောင် ။ မီးခိုရောင် ၊ ညိုမှိုင်းတဲ့အရောင်တွေ ဖြစ်တယ်။
၀တ်ဆင်သင့်တဲ့ ရတနာကတော့ နီလာပေါ့ကွာ။

ပြီးတော့ (၄)-ဂဏန်းသမားတွေဟာ ရောဂါဆန်းတွေ ဖြစ်တတ်တယ်။ မမြင်ရတဲ့ နေရာတွေမှာ အနာဖြစ် တတ်တယ်ကွ။
ရောဂါ ဖြစ်လာရင် လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ကုသတဲ့ ကုသနည်းဟာ အထူးကောင်းတယ်။ နောက်တစ်ခုက (၄)ဂဏန်းသမားတွေဟာ ဆေးစားခြင်း ဆေးသောက်ခြင်းထက် အချိန် လုံလုံလောက်လောက် အနားယူလိုက်ခြင်းဟာ ကောင်းတယ်။ ၄-ဂဏန်းသမား နေထိုင်မကောင်း ဖြစ်တဲ့အခါ သတ်သတ်လွတ် စားလိုက်တာနဲ့ ပျောက်ကင်း သွားတတ်ပါတယ်။

မူလ(၅)ဂဏန်းသမားအကြောင်း

အင်္ဂလိပ်လ ဘယ်လမဆို (၅)ရက် ၊(၁၄)ရက် ၊ (၂၃)ရက် ၊ တစ်ရက်ရက်မှာ မွေး ရင် ဂဏန်းဗေဒင် ပညာအရ (၅)ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ (၅)ဂဏန်း သမားရဲ့ မျက်နှာ သွင်ပြင်ကတော့ အစဉ်သဖြင့် ပြုံးရွှင် နေတတ်ပါတယ်။ စိတ်နေ စိတ်ထားကိုပြောရရင် အလွန် လှုပ်ရှားလွယ်တယ်။ ဘ၀ကို လျှောက်လှမ်းတဲ့ အခါ လောင်းကစားဆန်ဆန် လျှေက်လှမ်းတတ်ပါတယ်။

လောင်းကစားသမား လို့ ပြောတာ မဟုတ်ဘူးနော်။ စွန့်စားတာကို ပြောတာ။ အဆုံးအဖြတ် မြန်တယ်။ ဆင်းဆင်းရဲရဲ မနေရတတ်ဘူး။ လက်ဖျားမှာ ငွေသီးနေတဲ့ လူတွေဟာ များ သောအားဖြင့် (၅)ဂဏန်းသမားတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငွေလည်း မမြဲဘူး။

(၅)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရော၈ါကတော့ အကြောတက်တဲ့ ရောဂါနဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ပဲ ဖြစ်တတ်တယ်။
ဂဏန်းဗေဒင် စာအုပ်မှာတော့ ဓာတ်စာတွေ အများကြီး ပြထားပါတယ်။ (၅)ဂဏန်းသမား အတွက် တကယ်စွမ်းတဲ့ ဓာတ်စာကတော့ မုန်လာဥပဲ။ မုန်လာဥကို များများ စားပေးပါ။ (၅)ဂဏန်းသမားနဲ့ အလွန်တည့်ပါတယ်။

သင့်မြတ်တဲ့ အရောင်ကတော့ အဖြူရောင်နဲ့ ထုံးကျောက်ရောင် လိုဟာမျိုးတွေ ဖြစ်ပါတယ်။
သင့်မြတ်တဲ့ ရတနာကတော့ စိန်နဲ့ ပလက်တီနမ် ဖြစ်တယ်။
(၅)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိရင် ဘယ်လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက်တွေမှာ လုပ်သင့်ပါတယ်။ အကျိုးပေးပါတယ်။

မူလ(၆)ဂဏန်းသမားအကြောင်း

အင်္ဂလိပ်လ ဘယ်လမဆို ၆-ရက် ၁၅-ရက် ၂၄-ရက် တစ်ရက်ရက်မှာ မွေးရင်(၆)ဂဏန်းသမားလို့ ခေါ်နိုင်တယ်။ ၆- ဂဏန်း သမားရဲ့ မျက်နှာသွင်ပြင်ဟာ စွဲဆောင်နိုင်တဲ့ မျက်နှာမျိုး ဖြစ်တတ်တယ်။ ဘ၀မှာ အချစ်ရေးကြောင့် အိမ်ထောင်ရေးကြောင့် လွမ်းဆွေးရတာတွေ တွေ့ရတတ်တယ်။ အလှအပ ကို နှစ်သက်တတ်တယ်။
တေးဂီတ ပန်းချီ ပန်းပု စတာတွေကို နှစ်သက် တတ်တယ်။ လေးစားတတ်တယ်။ အထူးသဖြင့် အနုပညာကို ခံစားတတ်တဲ့ သဘောရှိတယ်။ သင့်တင့်တဲ့ အရောင်တွေကတော့ အပြာရောင် အမျိုးမျိုးဟာ အသင့်တော်ဆုံးပဲ။ သင့်မြတ်တဲ့ ကျောက်မျက်ရတနာကတော့ မြဟာ အသင့်မြတ်ဆုံးပါပဲ။

၆-ဂဏန်း သမားတွေ အဖြစ်အများဆုံး ရောဂါကတော့ ခေါင်းမူးရောဂါ ၊ နှခေါင်းသွေးလျှံတဲ့ ရောဂါ ၊ အဆုတ်နဲ့ ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ွ၆-ဏန်းသမားအတွက် အကောင်းဆုံး ဓာတ်စာကတော့ ပဲသီးတောင့်ပဲ။

၆-ဂဏန်း သမားအတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိရင် (၆၊ ၁၅၊ ၂၄)ရက်တွေဟာ ပထမတန်းစား ကောင်းတယ်။ (၉၊၁၈၊၂၇)ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ (၃ ၊ ၁၂ ၊ ၂၁)ရက်တွေဟာ တတိယတန်းစား အကျိုးပေးတယ်။

မူလ(၇)ဂဏန်းသမားအကြောင်း

အင်္ဂလိပ်ရက် ( 7,16,25) ရက်မှာ မွေးထားရင် (၇)ဂဏန်း သမားလို့ ပြောရမှာ ပေါ့။ (၇)ဂဏန်းသမားတွေရဲ့ ပုံပန်းကတော့ ခပ်ကြောင်ကြောင် နေထိုင်လေ့ ရှိတယ်။
မသိရင် စိတ်ဖောက်ပြန်နေတယ်လို့တောင် ထင်ရတယ်။

ကိုယ်စွမ်းကိုယ်စကို ယုံကြည်တယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို စိတ်၀င်စားတတ်တယ်။ခရီးထွက်ခြင်းမှာ မွေ့လျှော်တတ်တယ်။ ဘာသာရေးမှာ အများသူငါနှင့် မတူပဲသူ့ ဘာသာသူ တွေးခေါ်ထားတဲ့ ဘာသာရေးမျိူးတွေ ဖြစ်နေတတ်တယ်။

အော်ကာတစ်ဇင်လို့ ခေါ်တဲ့ လောကီပညာကို လိုက်စား တတ်တယ်။
(၇)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ (၇)ရက်နဲ့ (၂၅)ရက်ဟာ ပထမတန်း ကောင်းတယ်။

(၂)ရက် (၁၁)-ရက် (၂၀)-ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ အဲဒီရက်တွေမှာ လုပ်ပေတော့။သူတို့အတွက် ကံကောင်းစေတဲ့ အရောင်တွေကတော့ အစိမ်းရောင် အဖြူရောင်နဲ့ ညိူမှိုင်းတဲ့ အရောင်တွေပဲ ဖြစ်တယ်။

သူတို့အတွက် ကံကောင်းစေတဲ့ ရတနာကတော့ ပုလဲကို ဆောင်ထားသင့်ပါတယ်။
(၇)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အလုပ်ဒဏ်ပိတဲ့ ရောဂါ ၊ ခါးအောက်ပိုင်း အကြောတွေ ဆွဲတဲ့ရောဂါ ၊ သွေးစုနာလို အနာကလေးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သူတို့အတွက် သင့်မြတ်တဲ့ ဓာတ်စာ ကတော့ အရည်ရွမ်းတဲ့ အသီးအရွက်တွေ ဖြစ်တယ်။ အထူးသဖြင့် သင်္ဘောသီးဟာ အသင့်မြတ်ဆုံးပါပဲ။

မူလ(၈)ဂဏန်းသမားအကြောင်း

ဘယ်လမှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လရဲ့ (8 ,17 26) ရက်တွေမှာ မွေးတဲ့ သူတွေကို (၈)ဂဏန်းသမားလို့ ခေါ်တယ်ကွ။ ၂၆-ဆိုတာလည်း ၂-နဲ ၆-ပေါင်းလိုက်ရင် ၈- မဟုတ်လားကွာ။ ( ဂဏန်းသမားတွေဟာ စကားပြော ပွင့်လင်းတယ်ကွာ။ အလုပ် လုပ်စရာရှိရင်လည်း အလုပ်ကို ဖိလုပ်တယ်။ နားစရာ ရှိရင်လည်း ကျကျ နန နားတယ်ကွာ။ ပြောစရာရှိရင်လည်း ဘယ်သူ့ကိုမှ အားမနာတတ်ဘူး။

ပွင့်ပွင့်လင်းလင်း ပြောတော့တာပဲ။ သူ့အတိုင်းကတော့ ညစ်လေ့ မရှိဘူးကွ။ သူတစ်ပါးက ညစ်ပြီဆိုရင်လည်း ၈-ဂဏန်းသမားဟာ ပြန်ပြီး ညစ်တတ်တယ်။ ၈-ဂဏန်းသမား ညစ်ရင် ဘယ်လို လူမျိုးမှ လိုက်လို့ မမှီဘူးလေ။ အဲဒီမှာ တစ်ခု ထူးခြားတာကတော့ ၈-ဂဏန်းသမားဟာ ကံဇာတာ ညံ့ရင်လည်း အလွန် ညံ့တတ်တယ်ကွ။

ကောင်းရင်လည်း အလွန် ကောင်းတတ် တယ်။ လူကလည်း တစ်ဖက်စွန်းပဲကွ။ ပတ်၀န်းကျင်ကို ဂရု မစိုက်တတ်ဘဲ အလုပ်တစ်ခုကို စမိပြီဆိုရင် ပြီးအောင် ဇွဲနဲ့ လုပ်တာ ၈-ဂဏန်း သမားတွေပဲ။ တစ်ခါတစ်ရံ အကြောင်းမဲ့ လောကကြီးကို မကျေမနပ် ဖြစ်နေ တာ ၈-ဂဏန်း သမားတွေပဲ။

၈-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အသည်းရောဂါ ၊ သွေးနဲ့ ပါတ်သက်တဲ့ ရောဂါတွေပဲ။ သူရဲ့ ဓာတ်စာတွေကတော့ အသီးအရွက်တွေ မုန်လာဥတွေ ငှက်ပျောသီးတွေဟာ သူရဲ့ ဓာတ်စာတွေပဲကွ။
ဆောင်ရမယ့် ကျောက်ကတော့ ပုလဲနက် စိန်နက် မဟူရာ စတဲ့ အနက်ရောင်ကျောက်တွေပဲ။

ကံကောင်းစေတဲ့ အရောင်အရောင်ကလည်း ခရမ်းရင့်ရောင် အပြာရင့်ရောင် အထူးသဖြင့် အနက်ရောင် ပေါ့ကွာ။ကံကောင်းစေတဲ့ နေ့ကတော့ စနေနေ့ပဲဟေ့။ လောကီပညာ လိုက်စားရင် ၈-ဂဏန်းသမားတွေဟာ ထွန်းပေါက် တတ်တယ်။
မှတ်ချက်-ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုကမူ ၁၇-ကို ၈-ဂဏန်းဟု မယူဆပဲ ၈-ထက် ၆ရဲ့ အာနိသင်က ပိုတယ်ဟု ယူဆပါကြောင်း

မူလ(၉)ဂဏန်းသမားအကြောင်း

အင်္ဂလိပ်လရဲ့ (9 , 18 , 27) ရက်တွေမှာ မွေးတဲ့ လူတွေကို ၉-ဂဏန်းသမားလို့ ခေါ်တယ်။ ၉-ဂဏန်း သမားတွေဟာ သူများပေးတဲ့ ငွေတစ်ဆယ်ကို မမက်ဘူး ကွ။ ကိုယ်တိုင်ရှာတဲ့ ငွေတစ်ဆယ်ကို မြတ်နိုးတယ်။ ဘယ်ကိစ္စကို မဆို ကွယ်ရာ မှာ တစ်မျိုး ရှေ့တင်မှာ တစ်မျိုး မလုပ်တတ်ဘူးကွ။

အဲဒါကြောင့် ၉-ဂဏန်း သ မားတွေဟာ ရန်သူများတတ်တယ်။ တွဲလို့ ရရင်တွဲ။ တွဲလို့ မရရင် ကွဲ။ ပြတ်ပြတ် သားသားရှိတာ ၉-ဂဏန်းသမားတွေကွ။ ၉-ဂဏန်း သမားတွေဟာ မကြာခဏ လောကကြီးကို စိတ်ကုန်တတ်တယ်။ အဲဒီလို စိတ်ကုန်ပေမယ့် ၉-ဂဏန်း သမားတွေဟာ မယ်သီလရှင် ၊ ဘုန်းကြီး ၀တ်တာ နည်းတယ်ကွ။ ၉-ဂဏန်း သမားတွေဟာ အတိုက်အခိုက် ဘယ်လောက်များများ နောက်ဆုံးမှာ အောင်မြင် သွားတယ်။ ၉-ဂဏန်း သမားတွေဟာ သူတို့က မသိလို့ကွ။

ကြီးပွားချမ်းသာစေတဲ့ ဓာတ်တစ်မျိုး မွေးရာပါ ပါတယ်ကွ။
၉-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ ကြောက်စရာကြီးကွ။ မဖြစ်ရင်လည်း နေရော ဖြစ်ရင်လည်း ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တတ်တယ်ကွ။ ဘာမှ မဖြစ်ရင်တောင် အပူလောင်တာမကြာခန ဖြစ်တတ်တယ်။

ဘယ်ရောဂါပဲ ဖြစ်ဖြစ် ကြက်သွန်ဖြူ ကြက်သွန်နီတို့ဟာ သဘာ၀ဓာတ်စာပဲဟေ့။
သူတို့အတွက် သဘာ၀အဆောင်ကတော့ သံမဏိပဲကွ။ သံမဏိ လက်စွတ်တို့ သံမဏိလက်ကောက်တို့ ၀တ်ရင် အကောင်းဆုံးပဲ။ အဲဒါတွေ မ၀တ်ချင်ရင်တော့ အဆောင်က ကျောက်နီပဲကွ။

သူတို့အတွက် အကောင်းဆုံး ကံကောင်းစေတဲ့ နေ့ဟာ အင်္ဂါနေ့ကွ။
ကံကောင်းစေတဲ့ အရောင်ကတော့ ကြက်သွေးရောင် ၊ အနီရောင် ရဲရဲတွေပေါ့ကွာ။
မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။

၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။ အခု ကျွန်တော်ပြောပြခဲ့တာကမူလ(၉)ဂဏန်းသမား အကြောင်းပါ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။