ဝိတ်ချချင်သူများအတွက် တစ်ပတ်အတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်လောက် လျော့ကျစေမယ့် စနစ်တကျ ဝိတ်ချနည်း

Health
ဝိတ်ချချင်သူများအတွက် တစ်ပတ်အတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်လောက် လျော့ကျစေမယ့် စနစ်တကျ ဝိတ်ချနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝိတ်ချချင်သူများအတွက် တစ်ပတ်အတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်လောက် လျော့ကျစေမယ့် စနစ်တကျ ဝိတ်ချနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝိတ်ချချင်သူများအတွက် တစ်ပတ်အတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်လောက် လျော့ကျစေမယ့် စနစ်တကျ ဝိတ်ချနည်း

How To Become Slim With 17 Natural and Simple Daily Routines

လူ တော်တော် များများ က အဆီမရှိတဲ့ ကိုယ်ခန္ဓာကို လိုချင်ကျပါတယ် ။ အစာ အသောက် နေထိုင်ပုံ အနည်းငယ် ပြောင်းလဲ လိုက် တာနဲ့ တစ်ပတ် အတွင်း ကိုယ် အလေးချိန် ၁၀ ပေါင် ကျစေမယ့် နည်းလမ်းကောင်းကို ဖော်ပြလိုက် ပါတယ် ။ အောက်ပါ အတိုင်း တစ်နေ့တာ စားသောက်ပေးပါက သေချာပါတယ် ။တစ်ပတ် ပြည့်တဲ့ အချိန် ကိုယ်အ လေးချိန် သိသိ သာသာကျဆင်းသွားမှာပါ ။

မနက်စာ

အသီး အနှံကို အဓိက ထား စားပေးပါ ။ မနက်ခင်းဆို တာ အသီးအနှံ စားသုံးပေးဖို့ အသင့်လျော်ဆုံးပါ ။ အသီးမှာ ပါဝင်တဲ့ သကြားဓါတ်က ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်ရောက်သွားနိုင်စွမ်း ရှိတဲ့ အတွက်ပါ ။

လိမ္မော် သီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ ဌက်ပျော်သီး နဲ့ တခြား မိမိ နှစ်သက်ရာ အသီးများကို ၂ လုံးခန့် စားပေးနိုင်ပါတယ် ။

သင်္ဘောသီးတို့ ဖရဲသီးတို့ ဆိုရင်တော့ ချင့်ချိန်စားပေးပါ ။
တကယ်လို့ ဗိုက် သိပ်မဝဘူးဆိုရင် အစေ့ အဆံတွေကို စား ပေးနိုင်ပါတယ် ။

နေ့လည်စာ

အသား တစ်မျိုး မျိုး ကို ချက်ပြုတ်ထားတာ စားပေးပါ ။ ဒိန်ချဉ်လိုမျိုး နို့ကို အချဉ်ဖောက်ထားတာကို ၂ ခွက် လောက် သောက်ပေးပါ ။ ကိုယ့်ကန့်သတ်ချက်နဲ့ ကိုယ်စားပေးပါ ။ မနက်စာ မဝဘူး ဆိုပြီး အလွန်မစားပါ နဲ့ ။ ခရင်မီပါတဲ့ အစာတွေ ကို ရှောင်ပါ ။ ဟင်းသီး ဟင်းရွက် ကို လည်း စားပေး ပါ ။

ညစာ

ညစာ ကတော့ တစ်နေ့တာလုံး အတွက် နောက်ဆုံး စားပေးတဲ့ အစာပါ ။ သတိထားပါ ။ အစာကို ညနေ ၆ နာရီ နောက်ဆုံးထားစားပေးပါ ။ အဲ့ဒီထက် လုံးဝ ပိုပြီး နောက် မကျ ပါစေနဲ့ ။ ညစာ အဖြစ် ကြက်ဥပြုတ် ၂လုံး ၊ သ ခွါးသီး အသုတ် တို့လို မျိုး ၊ အစိမ်းသုတ် ၊ အရွက်သုတ် တို့ကို စားပေးပါ ။

ည ၆ နာရီ က စပြီး မအိပ်ခင် အချိန် ထိ က အခက်ခဲဆုံး အချိန် တွေပါပဲ ။ ခါတိုင်းလို အစာ စားချင်တိုင်း လည်း စားလို့ မဖြစ်ပါဘူး ။ ကိုယ် အလေးချိန် လျှော့ချနေ တဲ့ ကာလ ဖြစ်လို့ ဗိုက်ဆာ နေပေမယ့် တောင့်ခံ ရမှာပါ ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ။ လူတစ်ယောက် တစ်နေ့တာ လို အပ်တဲ့ အာဟာရတွေ လုံလောက်အောင် စားထားပေးတဲ့ အတွက် အားပြတ်တာတော့ ဖြစ်မှာ မဟုတ်ပါဘူး ။ ဗိုက် ဆာရုံလေးပဲ ဖြစ်မှာပါ ။

ညလယ်စာ

ညစာ စားပြီးချိန် မှာ ရေနွေး တစ်လီတာ ကို လက်ဖက်စိမ်း ၄ ထုတ်နဲ့ စိမ်ပြီး မအိပ်ခင် သောက်ပေးပါ ။ တစ်ညကို လက်ဖက်စိမ်း ရေနွေးကြမ်း တစ်လီတာ ကုန်အောင် သောက်ပေးပါ ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။