မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း

International News
မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း

“ထူးထူးခြားခြား စပါးအုံးမြွေနဲ့ အနှိပ်ခံစမ်းသပ်ကြည့်ကြမလား” ဘယ်လိုမှ မျှော်လင့်မထားတဲ့ “မြန်မာ့စပါးအုံးမြွေများနဲ့ အနှိပ်စပါး“ ဝန်ဆောင်မှုသည် ဖိလစ်ပိုင်တွင် ရေပန်းစားလာပြီး စိတ်ဖိစီးမှုများကိုဖယ်ရှားပေးနိုင်ပါသည် ဟုနာမည်ကြီးနေပါသည်။

မြွေများသည် အန္တရာယ်ရှိသော တိရစ္ဆာန်များဖြစ်ကြောင်း ဆရာဝန်များက လည်း သတိပေးတားမြစ်ထားသော်လည်း Aklan ပြည်နယ်ရှိ Kalibo Ostrich တိရစ္ဆာန်မွေးမြူရေးခြံ (Kalibo Ostrich) အကြောင်းကို နိုင်ငံခြားဝက်ဘ်ဆိုက်များက ဝေဝေဆာဆာနဲ့ ဖော်ပြခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ခံစားမှုတစ်ခုကို ဖန်တီးခဲ့ပြီး လာရောက်လည်ပတ်ကြသော ခရီးသွားများအတွက် ထူးထူးခြားခြားအတွေ့အကြုံသစ်များကို တွေ့ကြုံခံစားနိုင်ရန် မြန်မာ့စပါးအုံးမြွေများဖြင့် အနှိပ်ခန်းများကို စီစဉ်ပေးထားပါသည်။

မွေးမြူရေးခြံ၏ မှတ်တမ်းအချက်အလက်များ အရ ဝန်ဆောင်မှုသည် နှစ်အတော်ကြာအောင် လည်ပတ်ခဲ့ပြီး စပါးအုံးမြွေများသည် လူတို့ကို နှိပ်နယ်နိုင်ကြောင်း နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒါကြောင့် ခရီးသွားတွေဆီက ဝန်ဆောင်မှုရဲ့ အကြောင်းအရာ တုံ့ပြန်မှုများက အရမ်းကောင်းပါတယ်။ ထို့ကြောင့် ဝန်ဆောင်မှုကို ဆက်လက်ဖွင့်လှစ်ထားသဖြင့် အချို့လူများက ထိုမွေမြူရေးခြံသို့ လာလည်ကြသည်။

ဤအထူးအနှိပ်ခန်းအတွက် ဖိလစ်ပိုင်ပီဆို ငွေ ၃၀၀ သို့မဟုတ် မိနစ် ၃၀ ဝန်ဆောင်မှုတစ်ခုလျှင် (ကျပ် ၁၇၀၀၀ ခန့်) ကျသင့်မည်ဖြစ်သည်။ ဝန်ထမ်းများသည် ကြီးမားရှည်လျားသော မြန်မာ့စပါးအုံးမြွေများနှင့် စပါးအုံးမြွေများကို ဖမ်းကာ ခရီးသွားများ ၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားပေးလေ့ရှိပြီး သင့်ခန္ဓာကိုယ်တစ်လျှောက် တစ်ရွေ့ရွေ့ရစ်ပတ်ကာ တညီတညွတ်တည်း ဖျစ်ညှစ်ဆုပ်နယ်နှိပ်နယ်ပေးနေသည့်အလားပြုမူဆောင်ရွက်ပေးကြပါသည်။

ဤအနှိပ်သည် သင့်အား သက်တောင့်သက်သာ ခံစားရစေရုံသာမက အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနေသည့် ခရီးသွားများ ကလည်း “ မြွေကြောက်ခြင်းကိုပျောက်ကင်းစေနိုင်ပါတယ် ၊ သူတို့ ခန္ဓာကတွန့်လိမ်ပြီး ငါတို့အရေပြားပေါ်မှာ တွန့်လိမ်နေလိုက်တာ တကယ်ကို သက်သာစေတယ်။ ငါ့ကိုယ်ပေါ်မှာ အအေးဒဏ်ကို ခံစားရတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတာကို ခံစားရတယ်။ အဲဒါက စိတ်ဖိစီးမှုကို တကယ်သက်သာရာရစေပုံပါပဲ” လို့ ခရီးသွားဧည့်သည်တစ်ချို့က ပြောပြပါတယ်။ သူတို့က ဒီဝန်ဆောင်မှုကို ထပ်ခါထပ်ခါ အားပေးနေမယ်လို့လည်း ဆိုကြပါတယ်။

သို့သော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြားကတော့ သဘောမတူကြဘူးလို့ သတိပေးထားပါတယ်။ မြွေများဖြင့် နှိပ်နယ်ခြင်းသည် အန္တရာယ်ရှိနိုင်ပါသည် အဘယ်ကြောင့်ဆိုသော် မြန်မာ့စပါးအုံးမြွေသည် လူ့အရိုးများကို ချိုးဖျက်နိုင်စွမ်းရှိပြီး အသက်ရှုရပ်နိုင်သည်။

လူတချို့ရဲ့ ယုံကြည်မှုက ငယ်စဉ်ကတည်းက မွေးပြီး ကြီးပြင်းလာခဲ့တဲ့ မြွေတွေဟာ ဘာအန္တရာယ်မှ မပြုနိုင်ပါဘူးလို့ သတ်မှတ်ထားပေမယ့် သိထားဘို့က “သူတို့သည် တောရိုင်းတိရစ္ဆာန်များသာဖြစ်ကြောင်း သတိပြုသင့်ပါသည်

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။