စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်

International News
စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်

စားသောက်ဆိုင် လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံထားရတဲ့ သနားစရာ အညိုရောင် ဝက်ဝံကြီး မက်ခ်ကို သားရဲတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Four Paws က ကယ်တင်နိုင်ခဲ့ပါပြီ။ မက်ခ်နဲ့ သူ့အစ်မ လီဆာတို့ ဝက်ဝံသားပေါက်အရွယ်မှာ သူ့အမေ ဝက်ဝံမကြီး ပစ်thetခံခဲ့ရပြီး စားသောက်ဆိုင်ပိုင်ရှင်က သူတို့မောင်နှမကို ဖမ်းခေါ်လာခဲ့တာပါ။

အယ်လ်ဘေးနီးယားနိုင်ငံ Sofra e Ariut စားသောက်ဆိုင်မှာ စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုးနဲ့ နှစ် ၂၀ ကြာ ပိတ်လှောင်ခံခဲ့ရတဲ့ မက်ခ်ဟာ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် ခန္ဓာကိုယ်အလေးချိန် ပေါင် ၅၅၀ အထိ အဝလွန်ခဲ့ပြီး သံလှောင်အိတ်ကို ကိုက်တာကြောင့် သွားတွေလည်း ကျိုးခဲ့ပါတယ်။

မက်ခ်ကို လွှတ်ပေးဖို့ Four Paws အဖွဲ့က အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ သူ့သခင်က မက်ခ်ကို Four Paws အဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာပါ။ အခုအခါမှာတော့ မက်ခ်ဟာ သြစတြီးယားနိုင်ငံက ဘေးမဲ့တောမှာ ပျော်မွေ့နေပါပြီ။

စားသောက်ဆိုင်၊ ဘားဆိုင်၊ ဟိုတယ်နဲ့ အခြားအပန်းဖြေရာနေရာတွေမှာ လာရောက်သူတွေကို ဆွဲဆောင်စေဖို့ သားရဲတိရစ္ဆာန်တွေကို ပိတ်လှောင်ပြသတာကို ရက်စက်ရာ ရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြင့်တက်ခဲ့ပြီး အယ်လ်ဘေးနီးယားနိုင်ငံမှာ အဲဒီအလေ့အထ ပပျောက်လုနီးပါးအထိ နည်းပါးလာပြီလို့ ဆိုပါတယ်။

ရေးသားသူ – yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။