မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ

Health
မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ

ရောဂါဖြစ်နိုင်တဲ့ ပိုးမွှားတွေက ကျွန်တော်တို့ရဲ့နေအိမ်မှာ တစ်နည်းနည်းနဲ့ ခိုအောင်းနေတယ်ဆိုတာ သိကြပါသလား။ ကြည့်ရင်တော့ ဘယ်မှမဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အိမ်သုံးပစ္စည်းတော်တော်များများက အဆိပ်သင့်စေတဲ့ဓာတုပစ္စည်းတွေ သိုလှောင်ထားနိုင်ပါတယ်။ နေအိမ်မှာ ရှိနေတဲ့ ဘယ်လိုပစ္စည်းတွေက အဆိပ်သင့်စေလဲ ဆိုတာ စာဖတ်ပရိသတ်တွေ သိချင်မိကြမှာပါ။ အဲဒါတွေကတော့

ပလတ်စတစ်ဗူး

ပလတ်စတစ်ဗူးတွေမှာ PC ဆိုတဲ့ စကားလုံးကို ရိုက်နှိပ်ထားရင် ဒါဟာ သေချာပေါက်ကို အန္တရာယ်မကင်းပါဘူး။ PC ဆိုတာ ပိုလီကာဗွန်နိတ်ဖြစ်ပြီး အဆိပ်သင့်ဓာတုပစ္စည်းဖြစ်တဲ့ အော်ဂဲနစ်ကွန်ပေါင်း ဘစ်ဖီနော် (BPA) ပါဝင်ပါတယ်။ BPA က အသက်ရှုကျပ်တာ၊ နှလုံးပြဿနာနဲ့ သွေးဖိအားနည်းတာတွေ ဖြစ်ပွားနိုင်စေပါတယ်။ ဒါကြောင့် အစားအစာသိမ်းဆည်းတဲ့အခါ ပလတ်စတစ်ဗူးတွေကို အသုံးပြုမဲ့အစား ဖန်ဗူးကို အစားထိုးအသုံးပြုလိုက်ပါ။

သွားတိုက်တံအဟောင်း

သင်ဟာ သွားတိုက်တံအဟောင်းတွေကို လွှတ်မပစ်ဘဲ တစ်နေရာရာမှာ အသုံးပြုဖို့ စုဆောင်းထားရင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သွားတိုက်တံဟောင်းတွေက မသန့်ရှင်းတာကြောင့် ဘတ်တီးရီးယားပိုးမွှားတွေ ကပ်ညှိနေတဲ့အတွက် သင် ဖျားနာတဲ့အခါမှာ သင့်ဆီ အဲဒီဘတ်တီးရီးယားတွေ ဝင်ရောက်လာနိုင်ပါတယ်။

အဝတ်အထည်အဟောင်း

သင် မဝတ်ဖြစ်တော့တဲ့ အဝတ်တွေက ဝတ်စရာအဝတ်အစားအများကြီးရှိတယ်ဆိုတဲ့ အထင်မှားမှုကို ပေးစွမ်းရုံသာမက သင်နဲ့ မတော်တော့တဲ့ အဝတ်အစားတွေက စိတ်ဖိစီးမှုကိုလည်း လျော့ချမပေးနိုင်ပါဘူး။ အဝတ်အစားအဟောင်းတွေက သင့်အတွက် ကောင်းကျိုးပေးနေမှာမဟုတ်ပါဘူး။ ဒါကြောင့် မဝတ်ဖြစ်တော့တဲ့ အဝတ်အထည်တွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။

ဟင်းသီးဟင်းရွက်လှီးတဲ့ ပလတ်စတစ်ပြား

ပလတ်စတစ်ပြားတွေက ဟင်းသီးဟင်းရွက်တွေ လှီးရတာ လွယ်ကူစေတယ်ဆိုတာ မှန်ပေမယ့် သေးငယ်တဲ့ဓားခြစ်ရာတွေက ဘတ်တီးရီးယားပိုးမွှားတွေကို သိုလောင်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သားတွေက သဘာဝအလျောက် ရောဂါပိုးမွှားတွေကို တိုက်ဖျက်တဲ့အတွက် သစ်သားနဲ့ပြုလုပ်ထားတဲ့ စဉ့်နှီးတုံးကို အသုံးပြုပေးသင့်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။