ခါးနာ၊ ခါးကိုက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ သက်ရင်းကြီးရွက်

Health
ခါးနာ၊ ခါးကိုက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ သက်ရင်းကြီးရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခါးနာ၊ ခါးကိုက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ သက်ရင်းကြီးရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခါးနာ၊ ခါးကိုက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ သက်ရင်းကြီးရွက်

ခါးနာ တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အထိုင်များခြင်း အိပ်ဆက်ပုံ မမှန်ခြင်း နဲ့ တစ်ခြားဆိုးရွားတဲ့ ရောဂါတစ်ခုကြောင့်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခါးနာ ရောဂါက တကယ်ကို ဆိုးရွားသလို ခါးကိုက်ပြီးဆိုရင် ဘယ်လောက်ခံရခက်တယ်ဆိုတာ ဝေဒနာခံစားရတဲ့ သူတွေ အသိဆုံးဖြစ်ပါတယ်။

ခါးနာရောဂါခံစားရပြီ ဆိုတာနဲ့ သေချာ ကုသသင့်သလို နာတာရှည်ရောဂါဖြစ်နိုင်တာကြောင့် အရမ်းကို ဆိုးရွားတဲ့ သေချာ ကုသဖို့ အတွက်ဆေးနည်းကောင်း လိုအပ်ပါတယ်။ဒါကြောင့် အနောက်တိုင်းဆေးပညာတွေထက် ပိုပြီးတော့ အစွမ်းထက်ပြီး ရှေးယခင်ကတည်းက အသုံးဝင်ခဲ့တဲ့ ခါးနာ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းလေးကို ပြန်လည် ဝေမျှပေးချင်ပါတယ်။ တိုင်းရင်းဆေးဖြစ်တာကြောင့် လူတော်တော်များများ သိကြတဲ့ အရွက် တစ်မျိုး ဖြစ်တဲ့ သက်ရင်းကြီးရွက်နဲ့ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

သက်ရင်းကြီးရွက် က အသည်းရောဂါတွေအတွက်

အရမ်းကောင်းတဲ့ အရွက်တစ်မျိုး ဖြစ်သလို အခြားရောဂါတွေများစွာ ကိုလည်း ပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းထက်တဲ့ နတ်ပင်တစ်မျိုးဖြစ်ပါတယ်။

သက်ရင်းကြီးရွက်နဲ့ ခါးနာပျောက်အောင်ကုသနည်းကတော့ သက်ရင်းကြီးရွက် (၉)ရွက်ခန့်ကို ရေစင်အောင် သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်။ ပြီးရင်တော့ ဆေးထားတဲ့ ထဲက (၃)ရွက်ကို ယူပြီး မနူးမရင့်အခြေအနေထိရောက်အောင် မီးကင်လိုက်ပါ။ ကျန်တဲ့ အရွက်တွေကိုတော့ ကြေညှက်အောင် ထောင်းလိုက်ပါ။ ရလာတဲ့ သက်ရင်းကြီးရွက် အဖတ်တွေကို မီးကင်ထားတဲ့ အရွက်ပေါ်တင်ပြီး ခါးမှာ ကပ်လိုက်ပါ။ ပြီးရင်တော့ အဝတ်စပဲ ဖြစ်ဖြစ် ပတ်တီးပဲ ဖြစ်စြဖ် စည်းပေးထားပါ။

ဒီနည်းလေးကို ညဘက်အိပ်တဲ့အခါမှာ ကပ်ပြီး ပလက်အနေအထား အိပ်စက်ပေးရပါမယ်။ ဆက်တိုက်ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ခါးနာ ဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းရှိတာကြောင့် မေတ္တာဖြင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။