ထုံကျဉ်ကိုက်ခဲသူတွေအတွက် အိမ်တွင်းဖြစ် လိမ်းဆေး

Health
ထုံကျဉ်ကိုက်ခဲသူတွေအတွက် အိမ်တွင်းဖြစ် လိမ်းဆေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထုံကျဉ်ကိုက်ခဲသူတွေအတွက် အိမ်တွင်းဖြစ် လိမ်းဆေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထုံကျဉ်ကိုက်ခဲသူတွေအတွက် အိမ်တွင်းဖြစ် လိမ်းဆေး

အထူးသဖြင့် အထိုင်သမားများ၊ ရုံးသမား၊ စက်ချုပ်စသည်ဖြင့် စားဝတ်နေရေးအတွက် နံနက်မှသည်ညနေဆီတိုင် အလုပ်ခွင်တွင် ထိုင်ကြရပါသည်။ ကြာလာတော့ ခြေထောက်၊ ဒူးနှင့်ပေါင်က ထုံကျဉ်လာတတ်တော့သည်။

တစ်နေရာတွင် ကြာကြာမထိုင်နိုင်ပါ။ကြာလာလျှင် လေဖြတ်မည်လည်းစိုး၍ လိမ်းဆေးများလည်းလိမ်းပါသည်။ သို့သော် အဆင်မပြေ။ ယခုဆောင်းကာလပို၍ပင် ဆိုးပါသည်။ အမှတ်မထင် လိမ်းဆေးနည်းလေးရသည်။ အတော်လည်း အဆင်ပြေပါသည်။လက်တွေ့လည်း ပျောက်သည်။

(၁) ဂျင်းတက် ၁တက်။(၂) စပါးလင် … ၅ပင် အမြစ်ပါယူက ပိုကောင်းပါသည်။ (ရေစင်အောင်ဆေးပါ)။

ထိုနှစ်မျိုးကို ဆုံကိုသန့်အောင် ပြုလုပ်ပြီး မညက်တညက်လေး ထောင်းပါ။ ထိုဂျင်းတက်နှင့်စပါးလင် ထောင်းထားသည့်ထဲသို့ သံပုရာသီး(၂)လုံးလောက် အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးပါ။

ပေါင်းစပ်ထားသော ညှစ်ရည်များ ထွက်လာပါမည်။ ထိုညှစ်ရည်ဆေးကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှ ခြေဖျားအထိ အထက်မှ အောက်သို့ပူလာတိုင်းလိမ်း လူးပေးပြီးမှ အိပ်ရာဝင်ပါ။ (၃)ရက် (၄)ရက်ဆက်တိုက် နေ့တိုင်းလိမ်းပေးပါ။ ထုံကျဉ်မှုများ ပျောက်ကင်းသွားပါလိမ့်မည်။လက်တွေ့အကျိုးကြီးသော နည်းလေးဖြစ်ပြီး၊ စပါးလင်၊ ဂျင်းနှင့်သံပုရာရည်တို့မှာ ရှာဖွေရလွယ်ကူသော အိမ်မီးဖိုချောင်းသုံး ပစ္စည်းများဖြစ်ပါသည်။ ကျမ်းမာ ပျော်ရွှင်ကြပါစေ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။