ရှား မီး ကိန်းအရ အသက် အပိုင်းအခြားများနှင့် ယတြာ

Astrology
ရှား မီး ကိန်းအရ အသက် အပိုင်းအခြားများနှင့် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှား မီး ကိန်းအရ အသက် အပိုင်းအခြားများနှင့် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှား မီး ကိန်းအရ အသက် အပိုင်းအခြားများနှင့် ယတြာ

တနင်္ဂနွေ သားသမီးများ

၃, ၁၁, ၁၉, ၂၇, ၃၅, ၄၃, ၅၁, ၅၉, ၆၇, ၇၅, ၈၃။

တနင်္လာ သားသမီးများ

၂, ၁၀, ၁၈, ၂၆, ၃၄, ၄၂, ၅၀, ၅၈, ၆၆, ၇၄, ၈၂။

အင်္ဂါ သားသမီးများ

၄, ၁၂, ၂၀, ၂၈, ၃၆, ၄၄, ၅၂, ၆၀, ၆၈, ၇၆, ၈၄။

ဗုဒ္ဓဟူး / ရာဟု သားသမီးများ

၆, ၁၄, ၂၂, ၃၀, ၃၈, ၄၆, ၅၄, ၆၂, ၇၀, ၇၈, ၈၆။

ကြာသပတေး သားသမီးများ

၅, ၁၃, ၂၁, ၂၉, ၃၇, ၄၅, ၅၃, ၆၁, ၆၉, ၇၇, ၈၅။

သောကြာ သားသမီးများ

၇, ၁၅, ၂၃, ၃၁, ၃၉, ၄၇, ၅၅, ၆၃, ၇၁, ၇၉, ၈၇။

စနေ သားသမီးများ

၈, ၁၆, ၂၄, ၃၂, ၄၀, ၄၈, ၅၆, ၆၄, ၇၂, ၈၀, ၈၈။

ဤ အသက် အပိုင်းအခြားများ အတွင်း ကာလ၌ ရှား မီး ကိန်း ဟူ၍ သင်ယူ မှတ်သားခဲ့ဖူးသည်။ ဗေဒင် ဆိုတာ၊ ယတြာ ဆိုတာ၊ နားမလည်သော မိတ်ဆွေများ အတွက်သာ ဖြစ်ပါသည်။

ယတြာ

ရှား မီးကိန်း ဖြစ်ပါသောကြောင့် ဗုဒ္ဓဟူးနေ့ ညနေ ၄:၃၀ နာရီ အချိန်၌ ရာဟုဒေါင့်တွင် ပန်း, ရေ, ဆီမီး သဒ္ဒါသမျှ ရာဟုဂြိုဟ်မင်းအား၊ ၎င်း ဂြိုဟ်ကြီး ၉လုံး၊ နက္ခတ်ကြီး ၂၇လုံးကို ခြံရံ စောင့်ကြပ်သော ပုဂ္ဂိုလ်ထူးများ အစထားပြီး ၇ရက် သားသမီးများနှင့် ဝေနေယျ သုခိတ ဒုက္ခတ အပေါင်းတို့အား အမျှပေးဝေပါ။ မေတ္တာပို့ ဆုတောင်းပါ။

မြေ ရေအိုးဖုံး အပေါ်မှာ မီးသွေးခဲ မီးရဲရဲဖြင့် တင်ပြီး ရှားချောင်း သက်စေ့ကို တစ်ယောက်စီ မီးမလောင်စေပဲ တစ်ငွေ့ငွေ့ ပြာကျသည်ထျ ဆောင်ရွက်ပါ။ မေတ္တာသုတ် ရွတ်ပါ

(ဤ ရှားမီး တစ်ငွေ့ငွေ့ လောင်သကဲ့သို့ ကျွန်တော် / ကျွန်မ ဘဝတွင် ကြုံဆုံရမည့် ဒုက္ခများ ဤ မီးလောင်ခြင်းဖြင့် ပြာကျ ပြီးမြှောက်ပါစေသား) ဟု ယုံကြည်စွာ စိတ်မှညွှတ်၍ သေချာစွာ ပြုလုပ်ပါက ကြုံဆုံလာမညွ အပူသောကများ၊ ဒုက္ခများကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါသည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။