အသက်လမ်းအဆုံးကငါးရုပ် .အခွဲလမ်းအကြောင်း

Astrology
အသက်လမ်းအဆုံးကငါးရုပ် .အခွဲလမ်းအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်လမ်းအဆုံးကငါးရုပ် .အခွဲလမ်းအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်လမ်းအဆုံးကငါးရုပ် .အခွဲလမ်းအကြောင်း

ပုံပါအတိုင်း အမှတ်အသားပါသူတွေဟာဘဝမှာ ရပ်ဝေးမှငွေကြေးဝင်တာနဲ့ရပ်ဝေးလုပ်ငန်းများအားသာစေမယ်လို့ပြပါတယ်….ရပ်ဝေးမှာအောင်မြင်မှုရမယ်..အဆင်ပြေစွာနဲ့နေရမယ်လို့ပြပါတယ်…တစ်ယောက်ထဲအထီးကျန်တတ်သော်လဲ..ဒါကသူ့အတွက်အားသာချက်ဖြစ်စေတယ်…

ဘဝကံအနေအထားအရ ရပ်ဝေးလုပ်ငန်း၊အများနဲ့အလုပ်အကိုင်တွေမှာအဆင်ပြေပြီး..ငွေခဏခဏဝင်နေတတ်ပါတယ်…ငွေကြေးမြဲဖို့လက်ဝါးပြင်အားလုံးစစ်မှသိနိူင်ပါလိမ့်မယ်…ဒါကြောင့် ဒီအမှတ်အသားတွဲရက်ပါလာရင် မိမိတို့အတွက်အရမ်းအကျိုးကောင်းပါတယ်..ငွေကြေးပိုင်းအဆင်ပြေမှုနဲ့ချမ်းသာမှုအထိပြပါတယ်…ကောင်းမှုတွေပိုလုပ်ပေးပြီး အမှတ်အသားအားသာဖို့ကိုလုပ်ဆောင်ပေးဖို့အကြံပြုပေးလိုက်ပါတယ်….

အသက်လမ်းအဆုံးကငါးရုပ်…

အသက်လမ်းအောက်ဆုံးမှာငါးရုပ်ပါရင် အင်မတန်မှကောင်းပါတယ်..ဒီအမှတ်အသားဟာဘဝမှာ ချမ်းသာမှုကိုအဓိကထားပြီးပြပေးပါတယ်..ဘဝမှာ ငွေကြေးကံအဆင်ပြေနိုင်တယ်..ငွေကြေးခဏခဏကိုရရှိတတ်တယ်..အကြောင်းအမျိုးမျိုးကြောင့်ဝင်ရောက်နေတတ်ပါတယ်..အင်မတန်မှကောင်းပါတယ်…ငွေမြဲမလားဆိုတာကတော့ လက်ဝါးပြင် ကိုအပြည့်အစုံကြည့်ပြီးမှသိနိုင်မှာပါ..

ဒီလိုအမှတ်အသားပါနေရင် အသက်အလယ်ပိုင်းနဲ့အသက်ကြီးပိုင်းမှာအထူးအားသာတယ်.. ချမ်းသာမှုကိုရရှိနိုင်မယ်..

ဘဝတစ်လျှောက်လုံး ချမ်းချမ်းသာသာနေရတတ်ပါတယ်..အဆင်ပြေပြေနေရမယ်လို့ပြပေးပါတယ်..အမှတ်အသားကောင်းမွန်ဖို့လိုအပ်တယ်..ကံလမ်းအားသာနေမယ်..ငါးရုပ်ဟာလဲအားကောင်းမယ်ဆိုရင် အကျိုးထူးတွေရရှိနိုင်ပါတယ်..နောက်ဆုံးထီပေါက်သလိုငွေများစွာရရှိတတ်ပါတယ်…ဒီအမှတ်အသားဟာအရမ်းအကျိုးကောင်းတယ်..

တစ်ခုရှိတာက အမှတ်အသားအားနည်းပြီး ငါးရုပ်ဟာအပြတ်အဟပါနေရင်တော့ အကျိုးနည်းမယ်..ရသင့်သလောက်မရနိုင်ဘူးလို့တွေ့ရပါတယ်..
ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြဿနာပေါ်ပေါက်တက်ပါတယ်..ဘဝမှာရေဥပါဒ်အန္တာရယ်ကြုံရနိုင်ပါတယ်…အမှတ်အသားအားကောင်းဖို့လိုပါတယ်..

အသက်လမ်းအဆုံးကအခွဲလမ်း

ဝါသနာပါသူတို့အနေနဲ့ ဒီလိုပုံပါအတိုင်းအသက်လမ်းအဆုံးမှာငါးအမြှီးသို့မဟုတ်အခွဲလေးပါနေမယ်ဆိုပါက အောက်ကအကျိုးများရရှိနိုင်ပါလိမ့်မယ်…အကောင်းဘက်ပြပေးပါတယ်…

နိုင်ငံရပ်ဝေးကံကောင်းကြတယ်…ရပ်ဝေးမှာအခြေချပြီးနေထိုင်ရတတ်ပါတယ်…နိုင်ငံခြားကံပါသူလို့ပြောရမယ်…ဒီလိုအမှတ်အသားဟာ ရပ်ဝေးအပိုင်းအကျိုးပြုပါတယ်…ရပ်ဝေးမှာပိုပြီးအဆင်ပြေအောင်မြင်နိုင်ကြပါတယ်….
လူမျိုးခြားအကျိုးပြုတတ်ကြပါတယ်..အထူးသဖြင့် လူမျိုးခြားတွေနဲ့အတူတူပူးပေါင်းလုပ်ဆောင်တဲ့အလုပ်များပိုပြီးအားသာပါတယ်…
နောက်တစ်ခုက ခရီးသွားရတာ…အပန်းဖြေခရီးမျိုးတွေကို ဝါသနာပါတတ်ကြပါတယ်….

မကောင်းတဲ့ဘက်ကတော့ ကျန်းမာရေးအပိုင်းဖြစ်ပါတယ်…နောက်ပြီး ဒီလိုလူတွေဟာ ဘဝမှာတစ်ယောက်ထဲလဲအထီးကျန်ရတတ်ပါတယ်….
အဓိက နိုင်ငံရပ်ဝေးကံပြပါတယ်…အားသာမှုပေးတက်ပါတယ်..
( မှတ်ချက်) ပုံပါအတိုင်းပါသူတွေအတွက်ဘယ်၊ညာမျှဝေတာဖြစ်ပါတယ်….ဘယ်၊ညာကြည့်ပြီးစစ်ဆေးပါ..သဘောပေါက်အောင်နားလည်အောင်လို့သေချာလေးမျှဝေပေးတာဖြစ်ပါတယ်..

တစ်ဖက်မှာပါနေရင်ကိုအကျိုးကောင်းကောင်းရပါတယ်..
လက္ခဏာလေ့လာသူတွေနဲ့ဝါသနာပါသူများအတွက်..ဗဟုသုတရရှိအောင်လို့ အနည်းငယ်မျှဝေပေးလိုက်ပါတယ်…

ကျေးဇူးရှင်များနဲ့ ခုနှစ်ရက်သားသမီးများကျန်းမာချမ်းသာ ဘေးရန်အပေါင်းကင်းဝေးကြပါစေ

ရေးသားသူ – Htet Paing

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။