ကြောက်မက်ဖွယ် မိကျောင်းကြီးနှင့်အတူ ရေအောက်ဆင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသော ဇနီးမောင်နှံ

International News
ကြောက်မက်ဖွယ် မိကျောင်းကြီးနှင့်အတူ ရေအောက်ဆင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသော ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြောက်မက်ဖွယ် မိကျောင်းကြီးနှင့်အတူ ရေအောက်ဆင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသော ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြောက်မက်ဖွယ် မိကျောင်းကြီးနှင့်အတူ ရေအောက်ဆင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသော ဇနီးမောင်နှံ

မိကျောင်းဆိုတာက အသားစား သတ္တဝါတွေဖြစ်ကာ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့အတွက် အများစုမှာ မြင်တာနဲ့ လန့်နေကြပြီး အနားပင်မကပ်ရဲကြပေ။
သို့သော်လည်း မက္ကဆီကိုမှ အသက်၄၉နှစ်အရွယ် ဓာတ်ပုံဆရာတစ်ဦးသည် ဇနီးဖြစ်သူမှ မော်ဒယ်တစ်ယောက်ဖြစ်သည့်အတွက် ဓာတ်ပုံဆန်းဆန်းလေး ရိုက်ကူးပေးဖို့ရာ လုံခြုံရေးအဖွဲ့နဲ့အတူ ပင်လယ်ထဲ ထွက်ခဲ့ကြပါတယ်။

ဓာတ်ပုံဆရာက ကြောက်မက်ဖွယ်ကောင်းသည့် မိကျောင်းများကူးခတ်နေသော ပင်လယ်ရေအောက်တွင် ဆင်းကာ မိကျောင်းကြီးတွေနဲ့အတူ ဖက်ရှင်ကျကျ ဝတ်စားထားပြီးတော့ တည်ငြိမ်သောအမူအရာနှင့် အလန်းဇယားများ ရိုက်ကူပေးခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့အနားမှာ မိကျောင်းရန်မှ ကာကွယ်ရန် လုံခြုံရေးအဖွဲ့ကို စောင့်ကြည့်ခိုင်းထားပြီးမှ မိကျောင်းနှင့်အတူ အေးဆေးတည်ငြိမ်သော ဓာတ်ပုံများစွာကို ရိုက်ကူးနိုင်ခဲ့ရာ အများမှ အန္တရာယ်များလှသော လုပ်ရပ်ဖြစ်၍ ချီးမွမ်းကြပြီး အချို့ကျတော့လည်း ကဲ့ရဲ့ပြစ်တင်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။