ဝေလမင်းသမီးကိတ်ရဲ့မင်္ဂလာဝတ်စုံက ရှာဖွေမှုအများဆုံးအဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေ

Celebrity International News
ဝေလမင်းသမီးကိတ်ရဲ့မင်္ဂလာဝတ်စုံက ရှာဖွေမှုအများဆုံးအဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝေလမင်းသမီးကိတ်ရဲ့မင်္ဂလာဝတ်စုံက ရှာဖွေမှုအများဆုံးအဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝေလမင်းသမီးကိတ်ရဲ့မင်္ဂလာဝတ်စုံက ရှာဖွေမှုအများဆုံးအဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေ

လူမှုကွန်ယက်အသုံး​ပြုသူတွေဟာ ဝေလမင်းသားဝီလျံနဲ့ လက်ထပ်စဥ်က ဝေလမင်းသမီးကိတ်ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံကို အွန်လိုင်းမှာ အများဆုံးရှာဖွေနေကြပါတယ်။ တစ်လကို လူ ၉၀၀၀ ကျော်က ကိတ်ရဲ့မင်္ဂလာဝတ်စုံကို ရှာဖွေကြတာပါ။ ဒီဝတ်စုံကို ဖက်ရှင် ဒီဇိုင်နာ ဘရစ်တန် ဆာရက်ချ် ဘာတန်က ဖန်တီးခဲ့တာပါ။ ကိတ်ရဲ့မင်္ဂလာဝတ်စုံက ရှာဖွေမှုအများဆုံးအဖြစ် ထိပ်ဆုံးရောက်နေပါတယ်။

နံပါတ်၂ နေရာမှာတော့ ၂၀၁၈ ခုနှစ်က မင်းသားဟယ်ရီနဲ့ လက်ထပ်ခဲ့စဉ်ကမီဂန် ဝတ်ဆင်ခဲ့တဲ့ Givenchy တံဆိပ်မင်္ဂလာဝတ်စုံပါ။

ကိတ်နဲ့မီဂန်တို့ရဲ့ ယောက္ခမ ဒိုင်ယာနာမင်းသမီးရဲ့မင်္ဂလာဝတ်စုံကလည်း အွန်လိုင်းရှာဖွေမှုအများဆုံးစာရင်းရဲ့နံပါတ် ၃နေရာမှာပါ။

ဒီစာရင်းမှာ ဆယ်လီတွေရဲ့မင်္ဂလာဝတ်စုံတွေလည်း ပါဝင်ပါသေးတယ်။ ဒေးဗစ်ဘတ်ခမ်းရဲ့ချွေးမဖြစ်သူ နီကိုလာ ပတ်ဇ်ရဲ့မင်္ဂလာဝတ်စုံက နံပါတ် ၄ နေရာပါ။ နီကိုလာက ရိုးရှင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ Valentino ဒီဇိုင်းကို ဝတ်ဆင်ခဲ့တာပါ။

နံပါတ် ၅ နေရာမှာတော့ မီဒီယာကြယ်ပွင့် ကော့တ်နေ ကာဒက်ရှီယန်ရဲ့မင်္ဂလာဝတ်စုံပါပဲ။ ဒရမ်သမား ထရဗစ် ဘိတ်ကာနဲ့ လက်ထပ်ခဲ့စဥ်က Dolce and Gabbana တံဆိပ်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။

ဝေလမင်းသမီးကိတ်ရဲ့ညီမဖြစ်သူ ပီပ်ပါ မစ်ဒယ်တန်ရဲ့ဝတ်စုံက နံပါတ် ၆ နေရာမှာပါ။ ပီပ်ပါက ဖက်ရှင်ဒီဇိုင်နာဂီလက်စ် ဒီယာကွန် ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။

မင်းသမီးပဲရစ်ဟစ်လ်တန်ရဲ့မင်္ဂလာဝတ်စုံ​တွေကလည်း နံပါတ် ၇ နေရာမှာပါ။ သူက မင်္ဂလာဝတ်စုံ ၇ စုံ ဝတ်ဆင်ခဲ့တာပါ။ သူ့အကြိုက်ဆုံးဝတ်စုံကတော့ Oscar de la Renta တံဆိပ်မင်္ဂလာဝတ်စုံပါပဲ။

နံပါတ် ၈ နေရာမှာက အဆိုတော်အာရီယာနာ ဂရန်ဒီရဲ့ဝတ်စုံပါ။ ဒီဇိုင်နာ ဗီရာ ဝမ်ရဲ့ အဖြူရောင်ပိုးသားမင်္ဂလာဝတ်စုံလေးပါ။

မင်းသမီး လီလီကောလင်းက သူ့ရဲ့ Ralph Lauren တံဆိပ်မင်္ဂလာဝတ်စုံနဲ့ နံပါတ် ၉ နေရာမှာပါ။

နံပါတ် ၁၀ နေရာမှာတော့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ မင်္ဂလာဝတ်စုံပါ။ ၁၉၉၉ ခုနှစ်က ဒေးဗစ်ဘက်ခမ်းနဲ့ လက်ထပ်စဉ်က ဝတ်ဆင်ခဲ့တဲ့အဲဒီဝတ်စုံကို Vogue မဂ္ဂဇင်းရဲ့ ဓာတ်ပုံရိုက်ကူးမှုမှာ ပြန်ဝတ်ဆင်ခဲ့ပါသေးတယ်။

အွန်လိုင်းဖက်ရှင်ဆိုင် Boohoo က ဒီစာရင်းဒေတာတွေကို စုစည်းခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။