မြောက်ကျွန်းနေသူများ အကြောင်း

Astrology
မြောက်ကျွန်းနေသူများ အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြောက်ကျွန်းနေသူများ အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြောက်ကျွန်းနေသူများ အကြောင်း

ဥတ္တရကုရု ခေါ်သော မြောက်ကျွန်း၌ နေထိုင်ကြသည့်လူတို့သည် အမြဲနိစ္စ ငါးပါးသီလကို လုံခြုံ ကြသည် ။ ငါးပါးသီလ လုံခြုံ သူတို့၏ ဓမ္မတာ သိဒ္ဓိကြောင့် အောက်ပါ ဝိသေသနအကျိုးထူးများကို ခံစားကြရ၏ ။

၁။ အိုးအိမ်တိုက်တာ(နေစရာအတွက် အထူးဆောက်နေဖွယ်မလို၊ သစ်ပင်များက နေထိုင်မှုအတွက် ကိစ္စပြီးစေသည် ။

၂။ မြောက်ကျွန်းနေလူတို့မှာ ရှည်ခြင်း ပုခြင်းစသော အပြစ်မျိုး ကင်းသည် ၊ လုံးရပ်သဏ္ဍာန်နှင့် ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်း တူညီကြသည်။

၃။ ဇရာ ရောဂါအနှိပ်အစက်မခံရ၍ ဆံပင်ဖြူ ခြင်း သွားကျိုးခြင်း အရေတွန့်ခြင်း အင်အား ကုန်ခမ်းခြင်း မရှိပေ ။

၄။ အသက်မွေးဝမ်းကျောင်းတွက် အာဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ ခြင်၊ ယင်၊ ကြမ်းပိုး စသော သတ္တဝါတို့၏ ကိုက်ခဲမှု မခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ ၊ သွားရ ၊ ချက်ရသော ဒုက္ခမျိုး ကင်းသည် ။ အခွံမပါ ဖွဲကင်းသော သလေးဆန်ကို အာဟာရအဖြစ် သုံးဆောင်ရသည် ။
ပကတိ ထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော ရတနာကျောက်တုံးပေါ်တင်လိုက် လျှင် ချက်ပြီး ဖြစ်၏။ဟင်းနှင့်ဟင်းလျှာအတွက် သီးခြား စီမံနေစရာ မလို၊ စားလိုသူက အချဉ်တမ်းတလျှင် အချဉ် ၊ အချို တမ်းတလျှင် အချို အရသာ ပေါ်လာ၏ ။

၇။ အထက်ဖော်ပြပါ အာဟာရကို မှီဝဲသောကြောင့် နူနာ ၊ ပွေး ၊ ညှင်း ၊ တင်းတိပ်နာ ၊ ချောင်းဆိုးပန်းနာ ၊ မြစ်ချောက်နာ ၊ အရှုးရောဂါနှင့် အိုနာများ ကင်းဝေး သည် ။

၈။ မြောက်ကျွန်းနေလူအချင်းချင်း မနာလို ဝန်တိုစိတ် ကင်းရှင်းကြသည် ။

၉။ ရာသီဥတု မျှ တသည် ။ အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ် မခံရ။

၁၀။ မြောက်ကျွန်း၌ တန်ခိုးကြီးသော ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ ထူးခြားသည်။

၁၁။ မြောက်ကျွန်း၌ ကုန်းသူ ၊ ကွသူ ၊ ကောက်သူ၊ ကွေးသူ၊ ခွင်သူ ၊ လေငန်းဆွဲသူ ၊ အင်္ဂါချို့ တဲ့သူ ၊ ဣနြေ္ဒချို့တဲ့သူ မရှိချေ ။

၁၂။ အမျိုးသမီးများ ၆ ပြစ်ကင်း၍ အရုပ်ဆိုးသူ မရှိ ၊ ၁၆နှစ်အရွယ် ထင်မှတ်ရသည် ။
အမျိုးသားများ ၂၅ နှစ် အရွယ်မှာ တည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကို နားပူနားဆာ မလုပ်ကြ ၊ တွယ်ကပ်၍ မနေကြ ။

၁၄။ မြောက်ကျွန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာ ခံစားကြ၏ ။

၁၅။ ကိုယ်ဝန်တည်ရခြင်း ဒုက္ခ ၊ လွယ်ရခြင်း ဒုက္ခ၊ ဖွားရခြင်း ဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့က ရင်သွေးငယ်အတွက် ကြောင့်ကြစိုက်စရာမလို။ ကလေးများဆော့ကစားရာ အိပ်ပျော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျေး နို့တိုက်သည် ။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည် ။

၁၇။ အဝတ်အတွက် ပူစရာမလို ၊ ပဒေသာပင်မှရ၏။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည် ။ အဝတ်ကို စုပုံထားသည် ။ ပထမရေချိုးပြီးသူက အပေါ်ဆုံးမှ အဝတ်ကို ယူဝတ်သည်။ ငါ့ဟာသူ့ဟာ ငြင်းခုံမှုမရှိ ။

၁၉။ thayသူအတွက် ကျန်ရစ်သူများပူဆွေးသောကမဖြစ် ၊ မငိုကြွေးပေ ။

၂၀။ အပုပ်နံ့ မရှိ ၊ သုသာန်သင်္ချိုင်းထားစရာ မလို၊ thayသူ၏ ရုပ်ကလာပ်ကို အဝတ်ဖြင့် ထုတ်ပတ်၍ ချထားရသည် ။ ကုသိုလ်ကံအဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွန်းသို့ ယူဆောင်သွားကြ သည်။

၂၁။ thayပြီးနောက် နတ်ပြည်ရောက်၏်။ ငရဲ တိရစ္ဆာန် ပြိတ္တာ မဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။