အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်း

Astrology Religion
အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်း
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်း

ဂေါတမ မြတ်စွာဘုရားရှင်က ကပိလဝတ်ပြည်နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရအရဟတ္တဖိုလ်စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာအရိမေတ္တေယျ ဘုရား ဖြစ်တော်မူမည့်အကြောင်းကိုဟောကြားတော်မူပါတယ် ။

အရိမေတ္တေယျဘုရားလောင်းက တစ်ဆယ့််ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီးတုသိတာနတ်ပြည်မှာ ရှိနေမယ်။အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီးပဋိသန္ဓေနေဖို့ရာအတွက်ဘုရားလောင်းတို့ရဲ့ထုံးတမ်း အစဉ်အလာ ဓမ္မတာအရပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းကြီးငါးပါးနဲ့အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြပါတယ်။

ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်တော်မူခြင်းက…

၁။ဘုရားဖြစ်မည့်ခေတ်အခါကာလကား…
အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ
(တစ်သိန်းနှင့် တစ်သိန်းအောက်- ၁ဝဝအထက်)
၂။ဘုရားဖြစ်ရာကျွန်းကား…ဇမ္ဗူဒိပ်ကျွန်း။
၃။ဘုရားပွင့်ရာဒေသကား…မဇ္စျိမဒေသ။
၄။ဘုရားလောင်းဖြစ်ရာ အမျိုးကား…မင်းမျိုး ပုဏ္ဏားမျိုး။
၅။မယ်တော်၏ အသက်အပိုင်းအခြားကား…
ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာ နေရခြင်း။

ပဋိသန္ဓေယူခြင်း

ကေတုမတီပြည် သင်္ခစင်္ကြဝတေးမင်းနှင့်
တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်နိုင်ပြီး ပစ္စုပ္ပန်သံသရာအစီးအပွားကို ဆုံးမတတ်သောသုဗြဟ္မပုဏ္ဏားကြီး၏ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ဆယ်လပြည့်တဲ့အခါမှာ ဣသိပတနမိဂဒါဝုန်တောမှာမယ်တော် ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ်။အိပ်လျက်လည်း မဟုတ်ပဲ ရပ်လျက်သာလျှင်သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ ဖွားဘက်တော်( ၁၈ )ကုဋေအားလုံး အမတ်တွေချည်း ဖြစ်မယ်။အဇိတဟူသော အမည်ကိုသာ ပေးလိမ့်မယ်။

ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်းခုနစ်ဖဝါးလှမ်းပြီးခြေတော် ချတိုင်း ချတိုင်း ကြာပွင့်တွေ ပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး…
ယခုဘဝကား…ငါ့အဖို့ နောက်ဆုံးဘဝတည်း။
နောက်ထပ်ဘဝ မရှိတော့ပြီ။အာသဝေါကင်းသည် ဖြစ်သောကြောင့် ငြိမ်းအေးလတံ္တ့ ဟူသော စကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီး ပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင် ပေါ်လာခြင်း

အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်
လာလ်ိမ့်မည်။

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းကခုနစ်ထောင်စီ။တစ်ဖက် တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ။ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော ထီးဖြူ ခုနစ်ထောင်စီ။ခုတင်ညောင်စောင်း ခုနစ်ထောင်စီ။

ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း(၂၈ဝဝဝ )ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာ ကျယ်မယ်။ရွှေအိုး၏အမောက်ကား…မြေကြီးနဲ့အမျှ အောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။

ဒါတင်မကသေးဘူး။
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီပေါက်လိမ့်မယ်။ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင်။လောဟသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနစ်ရာ။

မောင်းမပေါင်းတစ်သောင်းခြောက်ထောင်ကဆိုတီးမှုတ်ဖြေဖျော်ဖို့ရာကချေသည် အမျိုးသမီးခုနစ်ထောင်တို့ဖြင့် ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသား အိမ်ထောင်ပြုခြင်း

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။စန္ဒမုခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီးသူ့ရဲ့ ခန္ဓာကိုယ် အနံ့ကား…စန္ဒကူးသရက္ခန်အနံ့လို မွှေးကြိုင်နေမယ်။ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ခန္ဓာကိုယ်အရောင်ကဆယ့်နှစ်တောင်အတွင်းမီးမထွန်းပဲ အရောင်တဝင်းဝင်း ထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီးလိုက်သလဲဆိုရင်ရှင်ဘုရင်မဟုတ်ပဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှ သင်္ခစင်္ကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်ကရှင်ဘုရင်တွေ နတ်သားတွေကဝေယျာဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့ လာပြီး တောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော်( ၁၈ )ကုဋေ အမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော် ဖွားမြင်ခြင်း

အဇိတမင်းသားဟာ ပြာသာဒ်လေးဆောင်မှာလောကီစည်းစိမ်ခံစားနေစဉ်မှာအနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသဆိုတဲ့သားယောကျာ်းလေး မွေးဖွားလိမ့်မယ်။

နိမိတ်လေးပါး မြင်ခြင်း

The Bodhisattva Maitreya | Tibet | The Metropolitan Museum of Art

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့ အခါဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူthay ရဟန်း
နိမိတ်ကြီးလေးပါး တွေ့မြင်ရရင်သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။

အဇိတမင်းသား တောထွက်မယ့် စိတ်အကြံကိုသင်္ခစင်္ကြဝတေးမင်းက သိတဲ့အခါအဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသား မင်းမြေး သူဌေးသူကြွယ်စသော လူအပေါင်းတို့ကပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။

နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန်ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့်ဘုရားလောင်းကို ပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံ ခြံရံခစားနေကြလိမ့်မယ်။လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင် ဖြေဖျော်နေကြတာ။

အဇိတမင်းသား တောထွက်တော်မူခြင်း

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစင်္ကြဝတေးမင်းနှင့်တကွတိုင်းသူပြည်သား လူတွေအားလုံး သိသွားကြတဲ့အခါမှာဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်းတောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံး
သိသွားကြတော့နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေတောရွာဇနပုဒ်က လူတွေမင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွစန္ဒမုခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေး
ကချေသည်တွေရောအဇိတမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင် လိုက်ဖို့ရာအတွက် ပြည့်လျှံပြီးတော့ နေမယ်။

တောထွက်မည့်အချိန်လည်း ရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာဘုရားလောင်း တန်ခိုးတော်ကြောင့်လည်းကောင်း
စင်္ကြဝတေးမင်း အာဏာကြောင့်လည်းကောင်း
နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း
ဟင်္သာမင်းပျံသကဲ့သို့ကောင်းကင်ယံသို့ ပျံတက်ပြီး ကံ့ကော်ပင် ရှိရာအရပ်သို့ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း

The Future Buddha to Come – Buddha Maitreya | Tsem Rinpoche

ကောင်းကင်ယံ ဟင်္သာပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာရှိသော ထီးကို ကိုင်ပြီး လိုက်မယ်။သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသောလက်ယာရစ် ခရုသင်းကို ကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီး လိုက်မယ်။သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်ပြီး လိုက်မယ်။တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်။
ပဉ္စသိင်္ခနတ်သားက စောင်းကို ကိုင်မယ်။လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။

နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူး စစ်သည်တွေကlat natကိုယ်စီ ကိုင်မယ်။နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏တံခွန်ကို ကိုင်မယ်။

နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကို ကိုင်မယ်။
ဂဠုန်တို့က စောင်းတီး လိုက်မယ်။ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီး လိုက်မယ်။

ဟင်္သာပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။

ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားကကံ့ကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူပါမယ်။အဇိတမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။

စန္ဒမုခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်း လှူလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့် အချိန်

The 10 most important Buddhas & Deities: Buddhist iconography – Tours to  Ladakh, India, Bhutan & Central Asia

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့မနီးမဝေး ရတနာခုနစ်ပါးနဲ့ ပြည့်စုံတဲ့ အမြင့်( ၆၄ )တောင်ရှိတဲ့ ရွှေပလ္လင် ပေါ်ပေါက်လာလိမ့်မယ်။

ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက်အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့လူပရိသတ်တွေ ခြံရံလျက်မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်။ညဉ့်ဦးယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရမယ်။သန်းခေါင်ယာမ်အချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကို ရမယ်။မိုးသောက်ယာမ်အချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျရင် သစ္စာလေးပါးကို သိပြီး သဗ္ဗညုတဉာဏ်ကို ရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့လုံးပတ်က အဲဒီခေတ်အခါမှာလူတွေရဲ့အတောင်နဲ့ အတောင်ခုနစ်ဆယ် ရှိမယ်။အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ ခေါ်တယ်။
ကံ့ကော်ပင်ရဲ့အနံ့တွေက လေအောက်ကိုဆယ်ယူဇနာလေအထက်ကို ဆယ်ယူဇနာ မွှေးမယ်။ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက် ကြီးမယ်။ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ဖြတ်ကျော် မပျံဝံ့ကြဘူး။ကံ့ကော်ပင်နားရောက်တဲ့ ငှက်တိုင်း သတ္တဝါတိုင်းကံ့ကော်ပင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီးမှသွားကြလိမ့်မယ်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း

အဲဒီကံ့ကော်ပင်ရဲ့အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်း
အစဉ်အလာအရဗြဟ္မာမင်းကြီးရဲ့ လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ဓမ္မတာဖြစ်လို့ဟောရတာ။

ဘုရားမပွင့်မီ ဗာဟိရကာလမှာ လူဝတ်ကြောင်များရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။

တစ်လောကလုံးက အလေးအမြတ်ပြုသောဗြဟ္မာကြီးကမြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင်တစ်လောကလုံးပင်မြတ်စွာဘုရားကို အလေးပြု ညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။

အဲဒါကို လောကဂရု ယူလိုက်တာလို့ ခေါ်ပါတယ်။

ဓမ္မစင်္ကြာတရားဟော ကြွခြင်း

ဗြဟ္မာမင်းထံမှ တရားဟောရန် ဝန်ခံပြီးပြီဆိုလျှင်ပဲဣသိပတနဥယျာဉ်တောသို့ ဓမ္မစင်္ကြာတရားဟောဖို့ရန် ကြွလိမ့်မယ်။ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီးအတောင်( ၃ဝ )ရှိတဲ့ ကြာပွင့်ကြီး။(၂၄ )တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။
လူပရိသတ် ရှစ်ယူဇနာ။

နတ်ပရိသတ် စင်္ကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်
အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို
ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစင်္ကြာတရားဟောတဲ့အခါမှာလူပုဂ္ဂိုလ် ကုဋေတစ်သိန်းနတ်ဗြဟ္မာတွေကကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏ တန်ခိုးတော်

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက်ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိတာန်မျက်နှာကျက်သည်ဓမ္မစင်္ကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင်နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ်မိုးကာပြီး နေမယ်။

အရိမေတ္တေယျဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက်မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့် ပြည့်စုံသော( ၁၂ )ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီး ပေါ်ပေါက်လိမ့်မယ်။ဘုရားရှင်တန်ခိုးတော်ကြောင့် ဗိတာန် ပန်းဆိုင်းတုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်းရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာ ဟောမယ်ဆိုရင် အိမ်ပေါက်ဝကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ။မြို့မှာဟောမယ်ဆိုရင် မြို့မှာ။တောမှာဟောမယ် ဆိုရင် တောမှာ စတဲ့ ဟောတဲ့
နေရာတိုင်းမှာကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိလိုက်ပါနေမှာ။

ရုပ်မြင်သံကြား မေတ္တေယျဘုရား

Is There God in Buddhism?

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်အိမ်ကပဲ ဟောဟောစင်္ကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟောအသံကို ကြားနေရမယ်။

ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်း မြင်နေရမယ်။
ရုပ်လည်းမြင်ရမယ်။အသံလည်း ကြားရမယ်။
မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။
မကြားချင်လို့ နားပိတ်ထားလည်း မရဘူး။

ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်( ၃၁ )ဘုံ အကာအရံမရှိ ဖီလာ ထုတ်ချင်းပေါက် မြင်ကြရမှာ။အပေါ်ကြည့်ရင်…နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။အောက်ငုံ့ကြည့်ရင်ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကို မြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့ မရှိတော့ဘူး။

အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့်ယောကျာ်းဆိုရင် နတ်သားလို။မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေလုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသားအမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ။ပြဿနာမရှိ။ကွဲကွာသွားခြင်းလည်း မရှိ။အမြဲ အဆင်ပြေမယ်။

ရာသက်ပန် ပေါင်းသင်းရမယ်။အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်း လက်စွပ်လက်ကောက် ခြေကျင်း စသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ရွှေမဝတ်နိုင်တဲ့သူ မရှိဘူးတဲ့။စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ ရတယ်။ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်းဘာရောဂါမှကို မရှိဘူး။

နေ့ ည ခွဲမရ

အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်ကမ္ဘာလောကကြီးဟာ…နေ့အခါ ညအခါရယ်လို့ မရှိ။နေ့ရော ညပါ အမြဲတမ်း လင်းထိန်ပြီးတော့မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်းကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ ညခွဲယူရလိမ့်မယ်။

ပရိနိဗ္ဗာန်စံမည့် အရွယ်

မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီးကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင်အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန် စံဝင်လိမ့်မယ်။ဒါပေမဲ့ သာသနာတော်ကအနှစ်နှစ်သိန်း ခြောက်သောင်း ပြည့်တဲ့အခါဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး
ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘုရားမပွင့်တော့ဘူးတဲ့။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါမဏ္ဍကမ္ဘာဖြစ်ပြီးတော့ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။ပေဿနဒီကောသလမင်းက ဓမ္မရာဇာဘုရား ဖြစ်လိမ့်မယ်။

အဲဒီ မဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီးအဘိဘူဘုရားတစ်ဆူသာ ပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ပဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သားစန္ဒနီပုဏ္ဏား၊ သုဘလုလင်တောဒေယျပုဏ္ဏား။နာဠာဂီရိဆင်မင်း။ပလလေယျဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။

အရိမေတ္တေယျဘုရား ဖူးမြော်ရန် ပြုလုပ်ရမည့် ကုသိုလ်

ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား
သာသနာကာလအတွင်းမှာကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်။

မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကိုရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်။

မိခင်ဖခင်ကျေးဇူးရှင်တွေကိုဝတ်ကျေတမ်းကျေ
မဟုတ်ပဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်။

သရဏဂုံသီလ မပြတ် ဆောက်တည်သောပုဂ္ဂိုလ်။

ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်။

အသစ်ဆောက်လုပ်လှူဒါန်းတဲ့ပုဂ္ဂိုလ်။
ဗောဓိညောင်ပင် စိုက်ပျိုးသောပုဂ္ဂိုလ်။

ညောင်ရေ သွန်းလောင်းသောပုဂ္ဂိုလ်။

ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ်တံတားပြုပြင်သောပုဂ္ဂိုလ်။

အာရုဏ်ဆွမ်း နေ့ဆွမ်း မပြတ် လောင်းလှူသောပုဂ္ဂိုလ်။

ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့
လှူဒါန်းသောပုဂ္ဂိုလ်။

ကမ္မဋ္ဌာန်းဘာဝနာ ပွားများ အားထုတ်သောပုဂ္ဂိုလ်။
အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲအရိမေတ္တေယမြတ်စွာဘုရားကို ဖူးမြော်ရပြီးနိဗ္ဗာန်ကို ရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ပြောပြခဲ့တဲ့ကုသိုလ်တွေ ဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်း ပြောပြခဲ့တဲ့ကုသိုလ်တွေကတော့ မဟာဝေဿန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်းစိတ်နှင့်ကိုယ်ကိုအစိုးရ၍ လူကောင်း နတ်ကောင်းစည်းစိမ်ကောင်းကို ခံစားရပြီးကျွန်ုပ် ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွရဟန္တာအဖြစ်ကိုမချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားအလောင်းက ပြောပြတော် မူခဲ့ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားကိုဖူးမြော်ပြီး နိဗ္ဗာန်ကိုရချင်တဲ့သူများဟာ…

၁။ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီးသာသနာပြုတဲ့ပုဂ္ဂိုလ်။

၂။မိမိရင်မှဖြစ်တဲ့သား၊သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ရှင်ပြုပေးခြင်းပြုတဲပုဂ္ဂိုလ်။

၃။မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ပဲ
စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။

၄။သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။

၅။ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ပုထိုး၊စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။

၆။ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ်
ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။

၇။ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ်တံတား ပြုပြင်သောပုဂ္ဂိုလ်။အာရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဂိုလ်။

၈။ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။

၉။ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊
အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကို
ရမယ်ဟု ဆိုပါသည်။

ရေးသားသူ – “မေတ္တာဖြင့် သစ်ဆန်းဆရာတော်” သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။