“နှုတ်ခမ်းကပြောသော သင့်အကြောင်း”

Astrology
“နှုတ်ခမ်းကပြောသော သင့်အကြောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “နှုတ်ခမ်းကပြောသော သင့်အကြောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“နှုတ်ခမ်းကပြောသော သင့်အကြောင်း”

Lips Vector Art, Icons, and Graphics for Free Download

အင်္ဂါရုပ်ဖတ်တဲ့ ပညာရပ်တွေထဲမှာ နှုတ်ခမ်းကိုကြည့်ပြီး ထိုသူ၏စရိုက်သဘာဝ ၊ ကံကြမ္မာကို ခန့်မှန်းရသော ပညာရပ်တွေရှိသည် ။ နှုတ်ခမ်းက ထွက်လာတဲ့စကားလုံးတွေရဲ့ အတိမ်အနက် ၊တည်ကြည်မှုကို သိရှိဖို့ နှုတ်ခမ်းအဟောတွေကိုသိထားသင့်သည်။

မိမိနှုတ်ခမ်းကိုကြည့်ပြီး ဆင်ခြင်နိုင်သလို၊ မိမိနဲ့ နီးစပ်သူတွေရဲ့နှုတ်ခမ်းကိုလေ့လာပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ ချင့်ချိန်နိုင်ရန်တင်ပြလိုက်ပါသည်။

နှုတ်ခမ်းထူ၍ ညီနေက-

စကားပြောနည်းတတ်သည်။ ရိုးသားဖြောင့် မတ်၍သြဇာအာဏာ ကြီးမားတတ်သည်။ ကျော် ဇောထင်ရှားသူ၊ စီးပွားဥစ္စာ ငွေကြေးကြွယ်ဝသူ ဖြစ် တတ်ပါသည်။

နှုတ်ခမ်းထူ၍ အထက်သို့လန်က-

အပျော်အပါးဝါသနာပါပြီး စကားပြောမတည်သူ ဖြစ်တတ်သည်။ ဒေါသ၊ မောဟ ကြီးသူဖြစ်တတ် ပြီး သြဇာအာဏာမရှိသူ ဖြစ်တတ်သည်။

နှုတ်ခမ်းထူ၍ အောက်သို့တွဲကျနေက-

အစားအသောက်ကို လွန်စွာမက်မောတတ် သည်။ ရက်စက်ကြမ်းတမ်းစွာ ဆောင်ရွက်လုပ်ကိုင် ပြောဆိုတတ်ပြီး သြဇာအာဏာ မရှိသူဖြစ်တတ်သည်။ ခန္ဓာ ကိုယ် အပင်ပန်းခံနိုင်ပြီး တစ်ဇွတ်ထိုးလုပ်ကိုင်ဆောင် ရွက်တတ်သူ ဖြစ်တတ်သည်။

နှုတ်ခမ်းပါး၍ ညီနေက –

ဉာဏ်ရည် ဉာဏ်သွေးကောင်းပြီး ထူးချွန် ထက်မြက်သူ ဖြစ်တတ်သည်။ လူချစ်လူခင်ပေါများ ပြီး ပညာတတ်လူတန်းစား ဖြစ်တတ်သည်။ ဘုန်း တန်ခိုးကြီး၍ သြဇာအာဏာကြီးမားသူ၊ ကျော်ဇော ထင်ရှားသူ ဖြစ်တတ်ပါသည်။ချစ်ဖွယ်သောစကားကိုဆိုတတ်သည်။

နှုတ်ခမ်းပါး၍ အထက်သို့လန်နေက-

စကားအလွန်များတတ်ပြီး ကြွားဝါပြောဆို တတ်သူ ဖြစ်တတ်သည်။ ရန်လိုတတ်သည်။ ဝီရိယ နည်းပါးတတ်ပြီး ထိတ်လန့်ကြောက်ရွံ့နေတတ်သူ ဖြစ်တတ်သည်။

နှုတ်ခမ်းပါး၍ အောက်သို့တွဲကျနေပါက –

စကားအမှန်မပြောတတ်ဘဲ ကုန်းချောစကား ပြောတတ်သည်။ အစားအသောက် လွန်စွာမက်မော တတ်သည်။ ရန်လို၊ ရန်ပြုတတ်ပြီး၊ ငွေကြေးဥစ္စာ မမြဲတတ်ပါ။

အပေါ်နှုတ်ခမ်းထူပြီး အောက်နှုတ်ခမ်းပါးနေပါက-

လောကီစိတ်ကုန်နေတတ်သည်။ နောင်တရစရာတွေလုပ်မိတတ်သည်။ ပရဟိတဝါသနာပါသည်။ အလှူ အတန်းရက်ရောသည်။ တစ်ပါးသူအပေါ် ကူညီချင်စိတ်အပြည့်ရှိသည်။လိုအပ်မှစကားပြောသည်။

အပေါ်နှုတ်ခမ်းပါးပြီး အောက်နှုတ်ခမ်းထူနေပါက-

မနာလိုစိတ်များသည်။ သူများကိုယ့်ထက်သာသွားမည်ကိုမလိုလားသူဖြစ်မည်။တစ်ခုခုစွဲလမ်းပါက ဖြတ်ရခက်သည်။ စိတ်မြန်လက်မြန်လုပ်တတ်သည်။ အရှုံးကိုရင်ဆိုင်နိုင်သည်။ စကားပြောရာတွင် မိမိအတွက်တစ်ကွက်ချန်ပြီးပြောတတ်သည်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။