ဆီးချိုသမားများ လုံးဝသိထားသင့်တဲ့ သရက်ရွက် ကုထုံး

Health
ဆီးချိုသမားများ လုံးဝသိထားသင့်တဲ့ သရက်ရွက် ကုထုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးချိုသမားများ လုံးဝသိထားသင့်တဲ့ သရက်ရွက် ကုထုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးချိုသမားများ လုံးဝသိထားသင့်တဲ့ သရက်ရွက် ကုထုံး

အသံတိတ် လူthetသမား လို့ ခေါ်လေ့ရှိကြတဲ့ ဆီးချို ရောဂါ ဟာ လူအတော်များများကို ဒုက္ခပေးလျက် ရှိပါတယ် ။ စားချင်တာမစားရတဲ့ ဒုက္ခကို သွေးတိုး ၊ဆီးချို ရှိတဲ့သူတွေသာ နားလည်ပါလိမ့်မယ် ။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပန်ကရိယမှာ အင်ဆူလင် တွေ မထုတ်လွှတ်နိုင်တော့တဲ့အခါ (သို့) အင်ဆူလင် တွေကို ခန္ဓာကိုယ် တွင်း ကောင်းစွာ အသုံးမချနိုင်တော့တဲ့အခါမှာ ဆီးချို ရောဂါ ဖြစ်လာရပါတယ် ။

ဆီးချိုရောဂါရဲ့ လက္ခဏာတွေ

ဆီး ခဏခဏသွားခြင်း။အမြဲတမ်း ရေဆာနေသလို ခံစားရခြင်း။ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားခြင်း။အမျိုးသား အင်္ဂါ ၊ အမျိုးသမီး အင်္ဂါ တဝိုက် ယားယံခြင်း။အနာကျက်နှေးလာခြင်း။အမြင်ဝေဝါးလာခြင်း။မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်ပါတယ် ။

ဆီးချို ရောဂါ ကို ဆေးဝါးတွေမလိုပဲ ကုသနိုင်တဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးကို ဖော်ပြပေးပါမယ် ။

သရက်သီး ဟာ ဆီးချိုသမား တွေ မစားသင့်သော်လည်းသရက်ရွက် ကတော့ ဆီးချိုအ တွက် အမှန်တကယ်ကိုအသုံးဝင်လှပါတယ် ။

ပြုလုပ်နည်း

ခပ်နုနု သရက်ရွက် အချိုကို ယူပြီး ရေတစ်ဖန်ခွက ်ထည့်ကာ ဆူပွက ်အောင် ပြုတ်ပြီး ညသိပ်ထားလိုက်ပါ ။

မနက် အိပ်ရာ နိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိခင်အချိန်မှာပြုတ်ထားသောရေကို သောက်လိုက်ပါ ။ နှစ်လ ၊ သုံးလခန့် ပုံမှန်သောက်သုံးပေးမယ်ဆို ဆီးချို ရောဂါ အတွက် ရလဒ်ပိုကောင်းမွန်တာကို တွေ့ရှိရမှာပါ ။

ဒါ့အပြင် ကျန်နေသော အရွက်တွေကို မှောင်သောနေရာမှာ အခြောက်ခံထားပြီး အမှုန့် လုပ်ကာ တစ်နေ့လျှင် နှစ်ကြိမ် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် ထည့်ကာ စားသုံးမယ်ဆိုရင်လည်း ကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။

သရက်ရွက် မှာ ဗီတာမင် ၊ အင်ဇိုင်း ၊ ဓါတ်တိုးဆန့်ကျင် နှင့် အခြားသော အာဟာရဓါတ်တွေ များစွာကြွယ်ဝတာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ ကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုစေပါတယ် ။ဖျားနာခြင်း ၊ ဝမ်းသွားခြင်း ၊ အိပ်မပျော်ခြင်း ၊သွေးကြောထုံးခြင်း ၊ဖောင်းခြင်း ၊ ပန်းနာရင်ကျပ် ၊အဆုတ်လေပြွန်ရောင်ခြင်း နှင့် အအေးမိဖျားနာခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။

ဒါ့အပြင် သွေးပေါင်ချိန် ကျစေပြီး သွေးကြော များကို ကျန်းမာသန်စွမ်းစေပါတယ် ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။